ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား တွေ သယ်ဆောင်လာတဲ့ ကားတစ်စီးဟာ စစ်ဆေးရေးကနေ လွတ်မြောက်ဖို့ ကြိုးစားရာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။
စစ်ဆေးချက်တွေ အရ တရားမဝင် ဝင်ရောက်လာသူတွေဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ကာ အွန်လိုင်းလိမ်လည်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဘက်က ဝင်ရောက်လာတဲ့ သူတွေဖြစ်တဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင် နေတယ်လို့ သိရပါတယ်။
ဒီနေ့ ဇန်နဝါရီ ၁၉ ရက် နေ့လယ်ပိုင်းက မဲဆောက်မြို့ ရဲစစ်ဆေးရေးဂိတ်ကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့ ကားတစ်စီးဟာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူတချို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တရားမဝင် လူတွေတင်ဆောင်လာတဲ့ ကားဟာ ရဲစစ်ဆေးဂိတ်ကို တွေ့ရှိပြီး နောက်ပြန် မောင်းပြန်ပြေးတဲ့အတွက် တာဝန်ရှိသူတွေက လိုက်လံဖမ်းဆီး ခဲ့တာ ကြောင့် မဲတောင်လမ်းဆုံမှာ အခြားကား တစ်စီးနဲ့ တိုက်မိရာ လူတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလို့ သိရပါတယ်။
တာဝန်ရှိသူတွေက စစ်ဆေးခဲ့ရာ ကားမောင်းသူဟာ အသက် (၃၆)နှစ်ရွယ် ထိုင်းနိုင်ငံသားဖြစ်ပြီး တရားမဝင် အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၄ ယောက်ကို တင်ဆောင် လာတာဖြစ်တယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ ယောက်ဒဏ်ရာရရှိသွားပြီး ပြစ်မှုကျူးလွန်သူတွေကို မဲဆောက်ရဲစခန်း ကနေ စစ်ဆေးမှုတွေပြုလုပ်ကာ အရေးယူသွားမယ်လို့ သိရပါတယ်။
Video – Su Rat Khan
ကိုးကား – Matichon Online