ကရင်နီပြည်၊ မယ်စဲ့မြို့နယ် အကျဉ်းထောင်ကနေ ထောင်ဖောက် ထွက်ပြေးသွားတဲ့ စစ်သုံးပန်းတွေထဲက စစ်တပ်အရာရှိ တယောက်ကို ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းဆီးရမိပြီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွမ်မြို့နယ်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိတာလို့ ထိုင်းသတင်းတချို့မှာ ဖော်ပြ ထားတယ်လို့ ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးရမိထားသူဟာ ထောင်ဖောက် ပြေးသွားတဲ့ အကျဉ်းသား စစ်သုံ့ပန်းတွေထဲ က ဒုဗိုလ်မှူးကြီးအဆင့်ရှိ သူပိုင်စိုးသူ ဖြစ်တယ်လို့လည်း ကနဦး သိရပါတယ်။

“ကျွန်တော်တို့လည်း တွေ့ပါတယ်။  လက်ရှိ သတင်းမီဒီယာတွေမှာ တက်နေတဲ့ ပုံနဲ့လူကတော့ ဟုတ်ပါတယ်။ ထိုင်းထဲကို ရောက်သွားတယ် ဆိုတာကို ဓာတ်ပုံရဲ့ အနေအထားနဲ့ အခြေအနေကို ကြည့်ရင် ကျွန်တော်တို့ Confirm လို့ရပါတယ်” လို့ ကရင်နီပြည် ကြားဖြတ်အုပ်ချုပ်ရေး ကောင်စီ (IEC) အတွင်းရေးမှူး (၂) ဗညားက မောင်းကို အတည်ပြုပါတယ်။

(ဓာတ်ပုံ Konlanna)

IEC အ‌နေနဲ့ကတော့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကြောင့် ပြည်သူတွေ မစိုးရိမ် မထိန့်လန့်ကြဖို့နဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေ၊ ကရင်နီပြည်ရဲဌာနခွဲနဲ့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တွေက အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်ပေးသွားမှာ ဖြစ်ပြီး လုံခြုံရေးဆိုင်ရာ အစီအမံတွေကိုလည်း စနစ်တကျ ချမှတ်ဆောင်ရွက်နေပြီလို့ ထုတ်ပြန် ကြေညာထားပါတယ်။

ထောင်ဖောက်ပြေးမှုဟာ မနေ့က ဇန်နဝါရီလ ၁၈ ရက်နေ့၊ မနက် ၁နာရီခွဲဝန်းကျင်အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်တပ်ရဲ့ စစ်သုံ့ပန်း ၈၀ကျော် ထွက်ပြေးလွတ်မြောက်သွားကာ သေနတ် ၉ လတ်ကိုလည်း ယူဆောင် သွားခဲ့တာ ဖြစ်ပါတယ်။ 

(ဓာတ်ပုံ Konlanna)

 

0 Shares:
You May Also Like
Read More

အင်ဒိုနီးရှားက မြန်မာ့အရေးဆွေးနွေးပွဲမှာ RCSS တက်ရောက်ခဲ့

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးမှာ တက်ရောက်ခဲ့ကြောင်း RCSS က ဒီနေ့ အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကတဆင့် အပစ်ရပ်ပြီး စည်းလုံးညီညွတ်ကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အပါအဝင် ရည်မှန်းချက် ၃ ရပ်ကို အကောင်အထည်ဖော်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
Read More

ပြင်သစ်နိုင်ငံ၊ လီယွန်မြို့မှာ မြန်မာလူမျိုးများ ပြုလုပ်သည့် ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ပြင်သစ်နိုင်ငံ၊ လီယွန်မြို့မှာ ရောက်ရှိနေတဲ့ မြန်မာလူမျိုးတွေဟာ ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှုမှာ ပါဝင်လာတယ်လို့ ရန်ကုန်လူထုသပိတ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နော်ဝေနိုင်ငံ၊ လီလီစထရွန်းမြို့ (Lillestrøm)တွင် ကျင်းပသည့် အာရှပွဲတော်သို့ NUG နော်ဝေနိုင်ငံဆိုင်ရာကိုယ်စားလှယ် တက်ရောက်

နော်ဝေနိုင်ငံ၊ လီလီစထရွန်းမြို့ (Lillestrøm) မှာ ပြုလုပ်ခဲ့တဲ့ အာရှပွဲတော်ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နော်ဝေနိုင်ငံဆိုင်ရယ ကိုယ်စားလှယ် ဦးမောင်မောင်မြင့်တက်ရောက်ခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖူးခက်တွင် မြန်မာအမျိုးသားတဦး ဓားထိုးခံရပြီး သေဆုံး

ထိုင်းနိုင်ငံ၊ ဖူးခက်က ပတောင်မြို့မှာ အောက်တိုဘာလ ၃ ရက်နေ့က ခိုက်ရန်ဖြစ်ပွားမှုတခု ဖြစ်ပွားခဲ့ပြီး မြန်မာအမျိုးသားတယောက် ဓားထိုးခံရလို့ သေဆုံးသွားခဲ့ပါတယ်။
Read More

ငလျင်ကြောင့် မြန်မာ့စီးပွားရေးကျဆင်းမှု ပိုဆိုးလာသည်ဟု ကမ္ဘာ့ဘဏ် ပြော

မတ်လနှောင်းပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အားပြင်းငလျင်ကြောင့် မြန်မာ့စီးပွားရေးကျဆင်းမှုဟာ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ ပိုဆိုးလာဖွယ်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ကြာသပတေးနေ့မှာ ပြောပါတယ်။