ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ကိုင်းတိုင်းစစ်ဌာန၊ ယင်းမာပင် ခရိုင်စစ်ဌာန၊ ပုလဲမြို့နယ်စစ်ကြောင်းရဲ့ (Unity Column) စစ်ရေးပြ အခမ်းအနားကို ဇန်ဝါရီ ၁၅ ရက်က ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ စစ်ကြောင်းဟာ ပုလဲမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေတဲ့ ယင်းမာပင်ခရိုင်အမှတ် ( ၆ ၊ ၁၀ ၊ ၁၂ ၊ ၃၈ ) တို့ ပါဝင်ပြီး တပ်ရင်း ၄ ရင်းကို ကနဦး စုဖွဲ့ထားတာလို့ သိရပါတယ်။
ဒီစစ်ကြောင်းဟာ NUG၊ MOD ရဲ့ လမ်းညွှန်ချက်နဲ့ အညီ စည်းလုံးညီညွှတ်ခြင်း၊ စုဖွဲ့ကျစ်လစ်ခြင်း၊ စည်းကမ်းပြည့်ဝခြင်းနဲ့ တိုက်ပွဲဝင်နိုင်ခြင်း အစရှိတဲ့ ထင်းစည်းပမာ ထုထည်အင်အားကြီးမားတဲ့ စုဖွဲ့မှုတရပ် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အာဏာရှင် အမြစ်ပြတ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် ရရှိရေးအတွက် တော်လှန်ညီနောင် မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ အတူ အဆုံးထိတိုင် တိုက်ပွဲဝင်သွားမယ် လို့လည်း ဆိုပါတယ်။
Video – Unity Column