ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ဒူးသထူခရိုင်၊ သထုံမြို့နယ် အတွင်းက တက်တူကုန်း ကျေးရွာကို အာဏာသိမ်း စစ်တပ်က ဝင်ရောက်တပ်စွဲပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းဖျက်ဆီးကာ ဒေသခံ တယောက် ကိုလည်း ဖမ်းဆီး နှိပ်စက်တာတွေ လုပ်ခဲ့တယ်လို့ KNU ​ဗဟိုက သတင်း ထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ရက်နေ့၊ နေ့လယ် ၁၂ နာရီခွဲအချိန်မှာ အကြမ်းဖက် စစ်တပ်စစ်ကြောင်းဟာ  ကဒီပုကျေးရွာအုပ်စု၊ တက်တူကုန်းကျေးရွာ အတွင်းကို ဝင်ရောက်လာခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

စစ်တပ်စစ်ကြောင်းဟာ တက်တူကုန်း ကျေးရွာအတွင်း တပ်စွဲနေချိန်  ဒေသခံတွေရဲ့ နေအိမ်တွေကို အဓမ္မဝင်ရောက်ရှာဖွေခဲ့ပြီး ပြည်သူပိုင် ပစ္စည်းတွေကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ 

ဒေသခံတွေဖြစ်တဲ့ ဒေါ်မိုးမိုးဝင်း အသက်- ၄၃ နှစ်ရဲ့ နေအိမ်တံခါးကို ဖျက်ဆီးကာ ဆိုင်သုံး ပစ္စည်းတွေနဲ့ ငွေကျပ် (၁) သိန်း၊ ဒေါ်မြရှင် အသက်-၇၇ နှစ်ရဲ့ နေအိမ်က ငွေကျပ် (၂) သိန်းနဲ့ အသုံးအဆောင် ပစ္စည်းတွေ၊  ဦးသာဒွန်း အသက်-၄၇ နှစ်ရဲ့ နေအိမ်ကို ဖောက်ထွင်းကာ ဆိုင်ကယ်တစ်စီးနဲ့ အသုံးအဆောင်ပစ္စည်းတွေ၊  ဦးအောင်သက်ဝင်း အသက်-၅၇ နှစ်ရဲ့ နေအိမ်တံခါးကို ဖျက်ဆီးကာ ပစ္စည်းတွေကို အသီးသီး ယူဆောင်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ KNU)

ဒါ့အပြင် ဒေါ်ခင်နှင်းသက် အသက်-၅၆ နှစ်၊ ဒေါ်ကြည်အေး အသက်-၅၆ နှစ်၊ ဦးဘဂျမ်း အသက်-၄၇ နှစ်နဲ့ ဒေါ်ရင်ဌေးအသက်-၆၇နှစ်တို့ရဲ့ နေအိမ်တွေကိုလည်း စီးနင်းဝင်ရောက်ကာ အိမ်အသုံးအဆောင် ပစ္စည်းတွေနဲ့ တခြား အသုံးအဆောင် ပစ္စည်းတွေကို စစ်တပ်က ယူဆောင် သွားတဲ့ လို့ KNU က ဆိုထားပါတယ်။ 

အာဏာသိမ်းစစ်တပ်ရဲ့ အမတ-၃၁၄ တပ်ရင်း ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် တက်တူကုန်းရွာက ဒေါ်လှသန်း အသက်-၇၇ နှစ်အရွယ်ရဲ့ နေအိမ်ပျက်စီးခဲ့ပြီး ကဒီပုရွာသစ်က အသက် ၃၈နှစ် အရွယ် စောချစ်သူဆိုသူကို စစ်တပ်က ဖမ်းဆီးပြီး  ရိုက်နှက်ညှင်းပန်း နှိပ်စက်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။ 

စစ်တပ်စစ်ကြောင်းဟာ ဇန်နဝါရီလ ၁၀ ရက်က ၁၂ ရက်နေ့အထိ ကျေးရွာအတွင်း သုံးရက်ကြာ တပ်စွဲနေထိုင်ခဲ့ပြီး ဇန်နဝါရီလ ၁၃ ရက်နေ့မှာသာ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ KNU က သတင်း ထုတ်ပြန်ထားပါတယ်။ 

(ဓာတ်ပုံ KNU)
(ဓာတ်ပုံ KNU)
0 Shares:
You May Also Like
Read More

ပေါက်နဲ့ မြိုင်မှာ အင်အား ၂၀၀ ခန့်ပါ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ပေါင်းစု တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက်က ၆ ယောက် သေကာ အများအပြား ထိခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်အု​ပ်စုဘက်က ၆ယောက်သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေပေါက္ကံမြို့သစ် ၂၂ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုဝင် တစ်ယောက်သေ

ရန်ကုန်တိုင်း၊ ရွှေပေါက္ကံမြို့သစ်က (၂၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ယောက်သေဆုံးပြီး ၁ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

Simple Blogမြိုင်မှာ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် တော်လှန်ရေးရဲဘော်ရဲ့ စျာပနအခမ်းအနား

စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ မကွေးတိုင်းအခြေစိုက် Earthquake People's Defence Force ရဲ့ တပ်စိတ်မှုး ရဲဘော် အသေးလေး ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲထဲ အရေးပါတဲ့ Lv3 အဆင့် ကျည်ကာပြားတွေ စမ်းသပ်ထုတ်လုပ်ထားတယ်လို့ PDF Kalay – Mine Team ပြော

တိုက်ပွဲထဲ ဝတ်ဆင်ရလွယ်ကူပေါ့ပါးပြီး အနီးကပ်ပစ်ခတ်မှုတွေနဲ့ လက်နက်ကြီးစတွေကနေ ကာကွယ်ပေး​နိုင်တဲ့ Lv3 အဆင့်ကျည်ကာပြားတွေကို စျေးနှုန်းသက်သက်သာသာနဲ့ ထုတ်လုပ်နိုင်တော့မယ်လို့ PDF Kalay - Mine Team ထံက သိရပါတယ်။
Read More

စစ်ကိုင်း တပ်မ ၃၃က စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၁၂ယောက်သေ၊ အများအပြားဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ တပ်မ ၃၃က ထွက်လာတဲ့ အကြမ်းဖက်စစ်ယာဉ်တန်းအပါအဝင် မိုင်းရှင်းစစ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၁၂ယောက်သေကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

လွိုင်ကော်အကျဉ်းထောင်တွင် ရွေးကောက်ပွဲအတုအတွက် စစ်အုပ်စု ဖိအားပေး ကြိုတင်မဲပေးခိုင်းနေ

ကရင်နီပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အကျဉ်းသူ/သားတွေကို စစ်အုပ်စုက ဖိအားပေးပြီး ကြိုတင်မဲပေးခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ကရင်နီိနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA) က သတင်းထုတ်ပြန်ပါတယ်။