ကရင်နီပြည်နယ်အတွင်းက အကျဉ်းထောင်တစ်ခုမှာ အကျဉ်းသား ၈၀ နီးပါးလောက်ဟာ ထောင်ဖောက်ပြီး လက်နက်တွေနဲ့အတူ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ဒီလို အကျဉ်းသားတွေ ထောင်ဖောက်ထွက်ပြေးသွားခဲ့မှုနဲ့ ပတ်သက်လို့ ကရင်နီပြည် ကြားဖြတ်အုပ်ချုပ်ရေး ကောင်စီ (IEC) အနေနဲ့ အခြေအနေတွေကို ပြန်လည်ထိန်းချုပ်နိုင်အောင် ဆောင်ရွက် နေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့၊ မနက် ၁ နာရီလောက်မှာ အကျဉ်းသား ၈၀ ဝန်းကျင်လောက် ထွက်ပြေးလွတ်မြောက်သွားခဲ့တာဖြစ်ပြီး လက်နက်ငယ် ၉ လက်ကိုလည်း ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

လူမှုကွန်ရက်ပေါ်မှာ သတင်းတွေ ပျံ့နှံ့နေသလို အကျဉ်းသားတွေဟာ ထောင်ဝန်ထမ်းတွေကို သတ်ဖြတ်၊ ဖမ်းဆီးသွားတာတွေ လုပ်ဆောင်ခဲ့တယ် ဆိုတာဟာ သတင်းအမှားတွေသာ ဖြစ်ပြီး EC အနေနဲ့ သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ အခြေအနေတွေကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကရင်နီပြည် အကျဉ်းထောင်မှ အကျဉ်းသားများကို တွေ့ရစဉ် (ဓာတ်ပုံ Min Tar)

“ပြည်ထဲရေးဌာနက ထုတ်ပြန်ထားတဲ့အတိုင်းပဲ ဆောင်ရွက်နေပါတယ်။ အဓိကကတော့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကျဉ်းသားတွေအားလုံးကို ပြန်ထိန်းသိမ်းနိုင်ဖို့၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အရပ်သားပြည်သူတွေကို အန္တရာယ်ပြုမှုတွေ မလုပ်နိုင်အောင် ကာကွယ်ပေးဖို့ လုပ်ဆောင် နေပါတယ်” လို့ IEC အထွေထွေ အတွင်းရေးမှူး ခူးပလူးရယ်က မောင်းကို ပြောပါတယ်။

ဒါကြောင့် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကြောင့် ပြည်သူတွေ မစိုးရိမ်မထိန့်လန့်ကြဖို့နဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေ၊ ကရင်နီပြည်ရဲဌာနခွဲနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှ အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်ပေးသွားမယ်လို့လည်း အသိပေးလာတာဖြစ်ပါတယ်။

လုံခြုံရေးဆိုင်ရာ အစီအမံတွေကိုလည်း စနစ်တကျ ချမှတ်ဆောင်ရွက်နေပြီဖြစ်တယ်လို့ ကရင်နီပြည် IEC ပြည်ထဲရေးဌာနမှ ထုတ်ပြန် ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

မှော်ဘီမှာ စစ်ကောင်စီတပ်ဂိတ်စခန်းကို မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ၄ ယောက်ထက်မနည်း ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က စစ်ကောင်စီတပ်ဂိတ်စခန်းကို မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၇၀) ခန့် သေဆုံးပြီး (၂၇၅) ယောက် ပျောက်ဆုံးကာ (၂၂၅) ယောက် ထိခိုက်ဒဏ်ရာရ၊ အလင်းဝင်ရောက်လာသူ (၄၈) ယောက် ရှိပြီး စစ်သုံ့ပန်း (၁၀၂) ယောက် ဖမ်းဆီးရမိကာ လက်နက်မျိုးစုံ ၄၀၀ ကျော် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ကို ဩဂုတ်လ (၁၅) ရက်က စတင်တိုက်ခိုက် သိမ်းပိုက်ရာ အောက်တိုဘာလ (၈) ရက်နေ့မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့မှုနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

စလင်းမှာ စစ်ကောင်စီတပ်သား ၂ ယောက် LPDF ဆီ လက်နက်မဲ့ အလင်းဝင်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ဒေါင်းစစ်အောင် ဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF) က ထုတ်ပြန်ထားပါတယ်။
Read More

ရာမညမွန်တပ်တော် ၏ အပတ်စဉ် (၅) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနား….

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဦးဆောင်ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့တဲ့ အပတ်စဉ် (၅) အခြေခံစစ်သင်တန်း ဆင်းပွဲအခမ်းအနားကို ဩဂုတ်လ (၂၀) ရက်က လွတ်မြောက်နေရာတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရာမညမွန်တပ်တော်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင်တွင်း အကြမ်းဖက်စစ်ကြောင်းနှင့် တိုက်ပွဲ ၄ကြိမ် ဖြစ်ပွားပြီး ဖမ်းဆီးခံထားရသည့် အရပ်သား ၂ဦးကို ကယ်ထုတ်နိုင်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းတွေနဲ့ ထိတွေ့တိုက်ပွဲ ၄ကြိမ်ဖြစ်ပွားရာမှာ အကြမ်းဖက်စစ်သားအလောင်းတွေနဲ့ ခဲယမ်းတွေသိမ်းဆည်းရမိခဲ့ပြီး အရပ်သား ၂ယောက်ကိုပါ ကယ်ထုတ်နိုင်ခဲ့ကြောင်း ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်ဘာလ အစပိုင်းကစလို့ ပခုက္ကူခရိုင်အတွင်း ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်တွေမှာ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၄ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်အုပ်စုထိခိုက်မှုတွေ ရှိခဲ့ပါတယ်။
Read More

စစ်အာဏာသိမ်းမှုနောက်ပိုင်း လှုပ်ရှားမှုကို “အရေးတော်ပုံ” လို့ သုံးနှုန်း မဲဆွယ်ခဲ့သည့် ပြည်သူ့ပါတီ အမတ်လောင်း ဥပဒေနှင့်မညီ၊ ကိုယ်စားလှယ်လောင်းအရည်အချင်း ကိုက်ညီမှုမရှိဟု ပြစ်တင်ခံနေရ

ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ဟာ မဲဆွယ်စည်းရုံးတဲ့နေရာမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းဖြစ်စဥ်ကို “အရေးတော်ပုံ” ၊ “တော်လှန်ရေး” ဆိုတဲ့ စကားလုံးတွေ သုံးနှုန်းခဲ့တာကြောင့် ဥပဒေနဲ့မညီဘူး၊ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ကိုက်ညီမှုမရှိဘူးလို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်အချို့မှာ ဝေဖန်ပြစ်တင်နေကြပါတယ်။