မကွေးတိုင်း ပခုက္ကူမြို့နယ် ပခုက္ကူ-ရေစကြို လမ်းပိုင်းမှာ ပြည်သူတွေကို အနိုင်ကျင့် ဆက်ကြေး ကောက်နေတဲ့ စစ်ကော်မရှင် တပ်သားတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ၂ ယောက် သေဆုံးခဲ့တယ်လို့ Golden Eagle PDF က ဒီနေ့ သတင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက် နေ့လယ်ပိုင်းက ပခုက္ကူမြို့ စက်မှုဇုန် ပခုက္ကူ-ရေစကြိုလမ်းပိုင်းမှာ ပြည် သူအပေါ် အနိုင်ကျင့် ဆက်ကြေးကောက်နေတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီး ပူးပေါင်း အထိုင်ချထားတဲ့ ဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့  သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၂ ယောက်သေဆုံးခဲ့ပြီး ၄ ယောက်ထိခိုက်ဒဏ်ရာရ သွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Golden Eagle PDF နဲ့ အညာဧရာဝတီ တော်လှန်ရေးအင်အားစု(AARF) နဲ့ အတူ ပခုက္ကူခရိုင် အမှတ် (၁၆) တပ်ရင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

Video – Golden Eagle PDF

0 Shares:
You May Also Like
Read More

အရာတော်မြို့နယ်အတွင်း မူကြိုကျောင်းအား အကြမ်းဖက်စစ်တပ်က‌‌ လေကြောင်းကနေ ဗုံးကြဲ၊ ကလေးငယ် ၁ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကန်ရင်ကျေးရွာရှိ မူကြိုကျောင်းအား အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ Northwest Plains Revolutionary Forces-NPRF ထံက သိရပါ တယ်။ ယနေ့ ဇန်နဝါရီ ၁၇ ရက် နေ့လယ်ပိုင်းက အရာတော်မြို့နယ် ကန်ရင်း‌ကျေးရွာရှိ မူကြိုကျောင်းအား တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးငယ် ၁ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ကနဦးသိရပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါနယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်၏ အရာရှိငယ် သင်တန်း အပတ်စဉ် (၁/၂၀၂၅) ဆင်းပွဲ ကျင်းပပြီးစီး (ရုပ်/သံ)

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က အနာဂတ်တော်လှန်ရေးကို ဦးဆောင်မယ့် အရာရှိငယ်  သင်တန်းသားဦးရေ ၁၀၀ ဝန်းကျင် တက်ရောက်ခဲ့တဲ့ အပတ်စဥ် (၁) သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ပြီးစီးကြောင်း ထုတ်ပြန်ပါတယ်။
Read More

PRA-Magway က ကပစ-၁၄ ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်စဉ် ထိခိုက်ပျက်စီးမှုတွေကို စစ်သုံ့ပန်းအဖြစ်ဖမ်းမိထားတဲ့ တပ်ကြပ်ရွှေဥအားမေးမြန်းချက် (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ ဝမ်ဗိုက်လို့တင်စားကြတဲ့ ကပစ-၁၄ ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်စဉ် ထိခိုက်ပျက်စီးမှုတွေကို ကပစ-၁၄ မှ နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ကြပ် ရွှေဥအား မေးမြန်းချက်ကို PRA-Magway မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

မိုးဗြဲမြို့ကို အကြမ်းဖက်စစ်တပ် မီးလောင်ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင် (ရုပ်/သံ)

ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ကို အကြမ်းဖက်စစ်တပ်က မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

၈ လကျော်ကြာ မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီး အိမ်ပြန်လာကြသည့် ပခုက္ကူခရိုင်အမှတ် ၁၀ တပ်ရင်းရဲဘော်များ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲကို ၈ လကျော်ကြာ ပါဝင်တိုက်ခိုက်ခဲ့ပြီး အောင်မြင်မှုနဲ့အတူ ပြန်လာတဲ့ ပခုက္ကူခရိုင်အမှတ် ၁၀ တပ်ရင်းရဲဘော်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဆုတောင်ပေးခဲ့ကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်တယ်လို့ ကိုထိန်လင်းက ဆို (ရုပ်/သံ)

လွတ်လပ်ရေးနေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဝန်းဝန်ဆုတောင်ပေးခဲ့ကြတဲ့ ပြည်သူတွေ အားလုံးကို ကျေးဇူးတင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းက ရုပ်သံကတဆင့်ပြောကြားလိုက်ပါတယ်။