ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ စစ်တောင်းမြစ်တံတားပေါ် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်သား ၃ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ သေဆုံးစစ်သားအလောင်းတွေကို ချက်ချင်း သယ်ထုတ်သွားကြတယ်လို့ ARMS တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မနေ့ ဇန်နဝါရီလ ၁၇ရက် မနက်ပိုင်းမှာ ဖြူးမြို့နယ် မုန်း-အုတ်ဖြတ် လမ်းပိုင်း၊ စစ်တောင်းမြစ်တံတားပေါ် တပ်စွဲထားတဲ့  အကြမ်းဖက်စစ်သားတွေကို ARMS တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲနဲ့ KNLA တပ်ရင်း(၈) တို့ သွားရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“အဲ့ဂိတ်က တပ်စွဲ​နေတာတော့ကြာပါပြီ။ အင်အားတော့ မသိရဘူး။  ကျွန်တော်တို့စနိုက်ပါနဲ့ ပစ်တော့ ၃ ယောက်ထိတယ်။  သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ သေတဲ့သူတွေကို ချက်ချင်းဆွဲထုတ်ပြီး ဖြူးဘက်ကိုသယ်သွားကြတယ်” လို့  ARMS တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ARMS တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲမှ စနိုက်ပါ တပ်သားတစ်ဦးကို တွေ့ရစဥ်

တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တဲ့ အဲ့ဒီ မုန်း – အုတ်ဖြတ်လမ်းပိုင်း၊ စစ်တောင်းမြစ် တံတားဂိတ်ကို အကြမ်းဖက်စစ်တပ်က အချိန်အတော်ကြာ ပိတ်ဆို့ထားတာလည်း ဖြစ်ပါတယ်။

“ဒီဂိတ်က အရပ်သားတွေဖြတ်မရဘူး။ သူတို့နဲ့ပတ်သက်သူတွေပဲ ဖြတ်လို့ရတာ၊ အဲ့တော့ အခြားလမ်းသုံးကြရပါတယ်။ နောက်ပြီး အဲ့ဂိတ်က ဖြူးနဲ့​ဆို ကီလို ၂၀ လောက်ဝေးပါတယ်” လို့  ARMS တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲတာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ရက်နေ့ မနက်ပိုင်းကစပြီး ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးမီးရထားလမ်းဟောင်းပေါ်က စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်နေခဲ့တာဖြစ်ပြီး စစ်အုပ်စုဘက်မှ ထိခိုက်မှုတွေရှိနေသလို လက်ရှိအချိန်အထိ နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့လည်း သိရပါတယ်။

ARMS တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲမှ စနိုက်ပါ တပ်သားတစ်ဦးကို တွေ့ရစဥ်
0 Shares:
You May Also Like
Read More

ဗန်းမောက်တွင် ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားပြည်သူများစွာ ပိတ်မိနေ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စုက အရပ်သားတွေကို မြို့အတွင်းဓားစာခံအဖြစ် ပိတ်ထာကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

ရနောင်းမှတဆင့် ကော့သောင်းဘက် ပြန်လည်ပို့ဆောင်ခံရသူများကို စစ်ကောင်စီတပ်ထံ ပို့ဆောင်ပေးခြင်းမပြုဖို့ မြိတ်ခရိုနီများအား ပကဖ သတိပေး

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရပြီး ကော့သောင်းမြို့ဆီ ပြန်လည်ပို့ဆောင်ခံရတဲ့ ​မြန်မာနိုင်ငံသားတွေကို မြိတ်မြို့ခံ ခရိုနီလုပ်ငန်းရှင်တွေက စစ်ကောင်စီတပ်ထံ ကူညီပို့ဆောင်ပေးနေကြောင်း မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

NUG အစိုးရ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်ပြီး အပြုသဘော ဝေဖန်ထောက်ပြမှုများကို ကျေးဇူးတင်ကြောင်း ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ပြောကြား… ပြုပြင်ပြောင်းလဲရေးများ ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် ကဏ္ဍအလိုက် ပညာရှင်တွေရဲ့ အကြံပြုချက်များ ရယူနေဟု ဆို…

"အမျိုးသားညီညွတ်ရေးအစိုးရကို စွမ်းဆောင်ရည် ပိုမိုတိုးတက်စေဖို့နဲ့ ကိုယ်စားပြုပါဝင်မှု ပိုမိုမြင့်တက်စေဖို့အတွက် ယခုထက်ပိုမိုတဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်လုပ်ဆောင်နိုင်ရေးကိုလည်း လေ့လာဆန်းစစ်သုံးသပ်လျက်ရှိသလို ကဏ္ဍအလိုက် ပညာရှင်တွေရဲ့ အကြံဉာဏ်တွေကိုလည်း ရယူ စုဆောင်းလျက်ရှိနေပါတယ်။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်နေမှုတွေကို ထူးခြားမှုရှိရင် ရှိသလို ပြည်သူလူထုကို အသိပေးတင်ပြသွားမှာ ဖြစ်ပါတယ်။” လို့ ပြောကြားထားပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်ရာ ထိခိုက်မှုတွေ ရှိတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်း စစ်အုပ်စုစစ်ကြောင်း ရွာ ၆ ရွာမှ နေအိမ် ၄၃၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၉ ဦးကို မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်တပ်နဲ့ ပျူစောထီးတွေပေါင်းပြီး စစ်ကြောင်းထိုးနေရာ ကျေးရွာ ၆ ရွာက နေအိမ် ၄၃၀ ကျော် ဖျက်ဆီးခံခဲ့ရပြီး ပြည်သူ ၉ ယောက်ကိုလည်း မီးရှို့သတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပုလောမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၇ ဦး K.N.L.A ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် စစ်မှုထမ်းနေရတဲ့ တပ်သားသစ် (၇) ယောက် အလင်းဝင်ခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။