စစ်ကိုင်းတိုင်း ချောင်းဦးမြို့ပေါ်က မဲရုံနေရာနဲ့ အကြမ်းဖက် စစ်သားတွေ တပ်စွဲထားတဲ့နေရာ တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ Thanlarwaddy Column – BLDF မှ သတင်းထုတ်ပြန် ထားပါတယ်။

ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းမှာ ချောင်းမြို့ပေါ်က မဲရုံတည်နေရာနဲ့ အကြမ်းဖက် စစ်သားတွေရှိတဲ့ နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းမှာလည်ူ အကြမ်းဖက်စစ်သား တွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်က ပါရာမော်တော်၊ ပွိုင့် ၅ စက်လက်အပြင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး – BLDF ( စစ်ဒေသ – ၃) က ဦးဆောင်ပြီးမဟာမိတ် အဖွဲ့တွေဖြစ်တဲ့ မုံရွာခရိုင်တပ်ရင်း ၄ – ခွဲ (၂)၊ မုံရွာခရိုင် ပကဖ (ရေနဂါး)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – Thanlarwaddy Column – BLDF

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်သား ၅ ယောက် သေ၊ ၄ ယောက် အရှင်မိခဲ့တဲ့ ထားဝယ် ရွှေဂူဂိတ်စခန်းနှင့် စခန်းကုန်း တိုက်ခိုက်သိမ်းပိုက်မှု (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ရှင်မုတ္ထီး‌ကျေးရွာက စစ်ကောင်စီရဲ့ ရွှေဂူဂိတ်စခန်းနဲ့ စခန်းကုန်းကို ဇန်နဝါရီ ၂၉ ရက် နေ့လည်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒူရက စစ်ကြောင်းထံက သိရပါတယ်။
Read More

ချောင်းဦး-မြင်းမူ လမ်းပိုင်းမှာ စစ်တပ်ယာဉ် ၄ စီးကို မိုင်းဆွဲတိုက်ခိုက်မှု ၇ ယောက် သေ (ရုပ်/သံ)

စစ်ကိုင်းမြို့ကနေ မုံရွာမြို့ နမခကို ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၄ စီးကို ဒီဇင်ဘာ ၁၁ ရက် ဒီနေ့ မနက်ပိုင်းက မိုင်း ၁၅ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။
Read More

တောင်ကိုရီးယား စစ်ကော်မရှင်သံရုံးအနီး ဆန္ဒပြ ပြည်သူများကို ဒေါ်ဇင်မာအောင် သွားရောက် ဂုဏ်ပြုနှုတ်ဆက် (ရုပ်/သံ)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်ကော်မရှင်သံရုံးအနီး ပြုလုပ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သွားရောက်ကာ ဂုဏ်ပြု နှုတ်ဆက်ခဲ့ပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောနှင့် တွဲတွန်းသင်္ဘောအုပ်စုကို မိုင်းဖောက်ခွဲပြီး လက်နက်ငယ်များ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောနဲ့ တွဲတွန်းသင်္ဘောအုပ်စုကို ရှေ့ထွက်မိုင်းတွေ ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group (CFG) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီလက်အောက်က လွတ်မြောက်ပြီဖြစ်တဲ့ မင်းတပ်မှာ အကနဲ့ အောင်ပွဲခံ (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၇၄ ခြေမြန်တပ်ရင်း၊ ဗဟိုကင်း မင်းတပ်ရဲစခန်းနဲ့ ခရိုင်ပြည်သူ့ဆေးရုံကြီး စတဲ့နေရာတွေရှေ့မှာ တော်လှန်ရေးရဲဘော်တွေနဲ့အတူ အောင်ပွဲခံကခုန်နေတဲ့ ရုပ်သံဖိုင်တစ်ခုက ဒေါက်တာအငြိမ်းက ဒီဇင်ဘာ ၂၃ ရက် မနေ့ညပိုင်းက Facebook လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။ 
Read More

ရွှေဘို-မန္တလေးကားလမ်းမှာ ကင်းထွက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲပြီး လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ရွှေဘို-မန္တလေးကားလမ်းမှာ ကင်းထွက်တဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Fight For Freedom က သတင်းထုတ်ပြန်ထားပါတယ်။