ချင်းပြည်နယ် ဖလမ်းမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၆၈ တပ်ကုန်းကို တော်လှန်ရေးရဲဘော်တွေ ချည်းကပ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Chin National Defense Force မှ ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်လိုက်ပါတယ်။

ရုပ်သံဖိုင်အတွင်း တော်လှန်ရေးရဲဘော်တွေက ဆက်သွယ်ရေးမြောင်နဲ့ ဗုံးခိုကျင်း အများအပြား တူးကာ အကြမ်းဖက်စစ်တပ်ရဲ့ တပ်ရင်းအနီး ချည်းကပ်နေကြတာကို တွေ့မြင်ရပါတယ်။

ဖလမ်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၂၀၂၅ ဧပြီ ၇ ရက်က အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၃၀၀ ဝန်းကျင်ဖမ်းဆီးမိခဲ့ပြီး လက်နက်မျိုးစုံလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ တပ်ရင်းမှူးလည်း ခလရ ၂၆၈ စခန်းသိမ်းတိုက်ပွဲမှာ သေဆုံးသွားခဲ့ပါတယ်။

Video-Chin National Defense Force

0 Shares:
You May Also Like
Read More

ပါကစ္စတန်ကို အိန္ဒိယ ဒုံးကျည်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က အိန္ဒိယထိန်းချုပ်ထားရာ ကတ်ရှ်မီးယားဒေသမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရကာ အိန္ဒိယနိုင်ငံသား ၂၅ ယောက်နဲ့ နီပေါနိုင်ငံသား ၁ ယောက်တို့ သေဆုံးပြီးနောက် လက်တုံ့ပြန်တဲ့အနေနဲ့ ပါကစ္စတန်နိုင်ငံအတွင်းကို အိန္ဒိယက ဒုံးကျည်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
Read More

အရာတော်မြို့နယ်ရှိ အမတ ၃၆၉ တပ်ရင်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်းရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမတ ၃၆၉ တပ်ရင်းကို ဖေဖော်ဝါရီ ၁၃ ရက် မနေ့က ၆၀ မမ လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force အဖွဲ့ထံက သိရပါတယ်။
Read More

ထားဝယ်မြို့နယ် မဲချောင်းစခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှုမှာ စစ်သား ၅ ယောက်သေ၊ တော်လှန်ရေးရဲဘော် ၃ ယောက်ကျဆုံးခဲ့ရ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မဲချောင်း(ရှစ်မိုင်)စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို ဇန်နဝါရီ ၂ ရက် နေ့လည်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ YePhyu People Defence Force ထံက သိရပါတယ်။
Read More

ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း ရဲဘော်များမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံထားရသူများ အမြန်ဆုံးလွတ်မြောက်စေဖို့ ဆုတောင်းပေး (ရုပ်/သံ)

ဒီနေ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့မှာ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်းရဲဘော်တွေက မတရားဖမ်းဆီးခံထားတဲ့ လူထုခေါင်းဆောင်နဲ့ မြန်မာပြည်သူတွေ အမြန်ဆုံး လွတ်မြောက်စေဖို့ ဆုတောင်းပေးခဲ့ကြပါတယ်။
Read More

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာမှ ဗျူဟာမှူး ကိုနွယ်နီ၏ သတိပေးပြောကြားချက် (ရုပ်/သံ)

''ခင်ဗျားတို့ စစ်ကောင်စီတပ်ကို လုံးဝ ပျက်သုန်းသွားတဲ့အထိ ကျနော်တို့ ​ချေမှုန်းမယ်။ သုတ်သင်မယ်။ ပြီးတော့ ခင်ဗျားတို့ စစ်ကောင်စီတပ်ကို တစ်ယောက်ချင်းစီ စစ်ခုံရုံးကို ဂုတ်စွဲပြီး ခေါ်တဲ့အဆင့်ထိရောက်အောင် ကျနော်တို့ ကြိုးစားသွားမယ်လို့ အသိပေးသတိပေးချင်တယ်"