ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးအပါအဝင် လူလေးယောက် ဖမ်းဆီးခံရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့မှာ သတ်ဖြတ်ခံရသူ အမျိုးသမီးငယ်ဟာ သူမရဲ့ ချစ်သူနဲ့ တွေ့ဆုံဖို့ ဘုရားသုံးဆူမြို့နယ်၊ ထားဝယ်စုရပ်ကွက်က လမ်းပိုင်းတစ်နေရာကို သွားရောက်ရာမှ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး မိသားစုဝင်တွေက လိုက်လံရှာဖွေခဲ့ပေမဲ့ မတွေ့ရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီနောက် ဇန်နဝါရီ ၁၁ ရက်နေ့မှာမှ ရေတွင်းပျက်တစ်ခုကနေ အပုပ်နံ့ထွက်လာတာကြောင့် စစ်ဆေးကြည့်ရာမှ ဒေသခံတွေက အဆိုပါအမျိုးသမီးငယ်ရဲ့ ရုပ်အလောင်းကို ရှာဖွေ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ကောင်မလေးက ရည်းစားနဲ့ သွားချိန်းတာ၊ အဲ့မှာ သူ့ကောင်လေးနဲ့ သူငယ်ချင်းတွေက ဝိုင်းပြီးမုဒိန်းကျင့်လိုက်တာ။ အဲ့ကောင်လေးတွေက ဆေးသမားတွေ၊ သူငယ်ချင်းက ၂ယောက် .. ကောင်လေးနဲ့ပါဆို ၃ယောက်။ အုပ်ချုပ်ရေးမှူးကျတော့ မုဒိန်းကျင့်တဲ့ထဲ သူမပါဘူး။ ကောင်မလေး ရည်းစားက သူ့ရဲ့တူ.. အဲ့လို၊ သူက ကောင်မလေးအလောင်းကို ဝိုင်းဖျောက်ပေးတာ” လို့ ဘုရားသုံးဆူမြို့ခံတဦးက မောင်းကို ပြောပါတယ်။

သေဆုံးသူ အမျိုးသမီးငယ်မှာ အသက် ၁၅ နှစ်အရွယ်သာရှိသေးပြီး၊ ပြစ်မှုကျူးလွန်သူတွေကလည်း ၁၅နှစ်- ၁၆နှစ် အရွယ်များဖြစ်ကာ၊ အုပ်ချုပ်ရေးမှူးဖြစ်သူကတော့ အမှတ် (၃) ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်တယ်လို့ သိရပါတယ်။

“အသက်တွေလည်း မပြည့်သေးတော့ ခဏနဲ့လွတ်လာကြမယ်ထင်တာပဲ။ အဖွဲ့စုံတဲ့ သုံးဆူမှာက ဒီလိုပါပဲ အမြဲလူသတ်မှုဖြစ်ပြီး ဖြစ်တိုင်းလည်း တရားခံမမိကြဘူး။ အခုမိတော့လည်း မကြာဘူး လွတ်လာဦးမယ်။ အုပ်ချုပ်ရေးမှူးရဲ့ သမီးကလည်း ရဲပဲ။ သူ့သမီးဖြစ်သူကတော့ အခုဘားအံဘက်ကို ထွက်ပြေးပြီး သွားနေနေတယ်”လို့ ဆိုပါတယ်။

အသတ်ခံရသူ အမျိုးသမီးငယ်ရဲ့ ရုပ်အလောင်းကို ပြန်တွေ့ချိန်မှာ ပုတ်ပွနေပြီဖြစ်ပြီး ဦးခေါင်းကိုလည်း ကြေမွအောင် ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေကို တွေ့ရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

လက်ရှိမှာတော့ အဆိုပါတရားခံလေးဦးကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ကနဦး သိရပါတယ်။
0 Shares:
You May Also Like
Read More

မြိုင်တွင် ဘုန်းကြီးကျောင်းနှင့်နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး လေကြောင်းအဆက်မပြတ်သုံးခဲ့သည့် စစ်ကောင်စီတပ်များ ပခုက္ကူသို့ ပြန်ဆုတ်ခွာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဘုန်းကြီးကျောင်းနဲ့ အရပ်သားနေအိမ် အလုံး ၄၀ နီးပါးကို မီးရှို့ဖျက်ဆီးရင်း ပခုက္ကူတပ်မ ၁၀၁ ပြန်လည်ဝင်ရောက်သွားပြီဖြစ်တယ်လို့ မြိုင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဂန့်ဂေါမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင် ပျက်စီး၊ ညသန်းခေါင်ယံအချိန်မို့ လူထိခိုက်မှု မရှိခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ကျေးရွာအတွင်းရှိ စာသင်ကျောင်းကို ထိမှန်သွားတာကြောင့် စာသင်ကျောင်း လုံးဝပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ ၂၂၂ တပ်ရင်းရဲ့ ၂/၂၀၂၄ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ…

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA၊ ၂၂၂ တပ်ရင်းရဲ့ ၂/၂၀၂၄ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၀ ရက်က လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်မြို့နယ် ပကဖရဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်းအခြေစိုက် ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ရဲ့ လက်နက်တင်ဆင်ခြင်း စက်တင်ဘာ ၂၀ ရက်က တပ်ရင်း စခန်းနယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ ပေါက်မြို့နယ် ပကဖက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးက ကျေးရွာ ၂ ရွာကို အကြမ်းဖင်စစ်ကြောင်းက မီးဝင်ရှို့ရင်း အရပ်သား ၁ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်က ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးကာ အရပ်သား ၁ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
Read More

ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်သားတွေ တိုက်ခိုက်ခံရလို့ ၁၀ ယောက်သေ၊ တိုက်ခိုက်ခံရလို့ မောင်းပြေးရင်း ကား ချောက်ထဲကျပြီး ၁၂ ယောက် ထပ်သေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်လို့ မောင်းနှင်ထွက်ပြေးစဉ်မှာ ကားမှောက်ပြီး စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က မောင်းကို အတည်ပြုပါတယ်။