မြန်မာရွေ့ပြောင်းအလုပ်သမားအချို့နဲ့ ထိုင်းဒယ်လီဝန်ထမ်းအချို့ကြား ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ရန်ပွဲအပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ အထောက်အထားမဲ့ နေထိုင်သူတွေနဲ့ လုပ်ပိုင်ခွင့်မရှိတဲ့အလုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ထိုင်းအာဏာပိုင်အဖွဲ့များက စစ်ဆေးဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ မဲဆောက်ရောက် ရွေ့ပြောင်းမြန်မာအလုပ်သမားတွေထံမှ သိရပါတယ်။

ဖမ်းဆီးမှုတွေကို မနေ့က ဇန်နဝါရီလ ၁၆ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး မဲဆောက်ရောက် မြန်မာတွေ အားထားရတဲ့ မဲဆောက်ဈေးကို အရင်ဦးဆုံး စစ်ဆေးမှုတွေ လုပ်ဆောာင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရွေ့ပြောင်းမြန်မာအလုပ်သမားအရေးတွေကို ကူညီဆောင်ရွက်နေသူတွေကတော့ လက်ရှိအချိန်ဟာ ထိုင်း-မြန်မာ အလုပ်သမားတွေကြား ပဋိပက္ခ ဖြစ်ပွားထားတဲ့အပြင် Work Permit သက်တမ်းတိုးပြီးချိန်ဖြစ်တာကြောင့် ဒီလိုစစ်ဆေးမှုတွေကို ထိုင်းအာဏာပိုင်တွေက လုပ်ဆောင်နေတာဖြစ်ပြီး ထိုင်းရောက်မြန်မာတွေအနေနဲ့ အသွားအလာ သတိထားကြဖို့အတွက် တိုက်တွန်းထားပါတယ်။
“မနေ့ညနေက မဲဆောက်ဈေးကို အရင်ဝင်စစ်တယ်။ ဆိုင် ၅ ဆိုင်လောက်ပါသွားတယ်ကြားပါတယ်။ တောမောင်းရုံး page မှာလည်း သတင်းတွေ တက်လာပါတယ်။ လူတွေ ဘယ်နှစ်ယောက် ပါသွားတာလဲတော့ အတိအကျ မသိရသေးဘူး။ ဖမ်းတယ်ဆိုတာကတော့ သေချာပါတယ်။ ပြီးတော့ မြို့အဝင်အထွက် လေယာဉ်ကွင်းတို့၊ အာရှလမ်းမကြီးတို့၊ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ ရှိတယ်။ အရင်ကထက်တော့ ပိုတင်းကျပ်နေတယ်” လို့ အဝေးရောက်ဧရာဝတီအဖွဲ့ (OIA) က ကိုဖိုးသင်္ကြန်က မောင်းကို ပြောပါတယ်။

မဲဆောက်မြို့စည်ပင်သာယာကဈေးဆိုင်တွေကိုလည်း စစ်ဆေးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လူနေအိမ် တိုက်ခန်းတွေထဲထိ ဝင်ရောက်ဖမ်းဆီးစစ်ဆေးတာတွေတော့ လက်ရှိအချိန်ထိ မရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်မြို့မှာ ထိုင်းဒယ်လီဝန်ထမ်းတချို့နဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပဋိပက္ခဖြစ်ခဲ့ပြီး ထိုင်းနိုင်ငံသားတချို့ ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားပြီးနောက်မှာ အခုလို ဖမ်းဆီးရေးတွေ စတင်လာတာဖြစ်ပြီး၊ ထိုင်းအမျိုးသားရေးဝါဒီ‌တွေရဲ့ လှုံ့ဆော်နေမှုကြောင့် လူမျိုးရေးမုန်းတီးမှုတွေ ဖြစ်လာမှာကို ရွေ့ပြောင်းမြန်မာလုပ်သားတွေက စိုးရိမ်နေကြပါတယ်။
“အခုက ဟိုပြဿနာဖြစ်သွားတော့ အနေအထိုင်ကျပ်သွားတာတော့ အမှန်ပဲ။ ဒီမနက်တောင် ဈေးထဲမှာ ဆိုင်တွေပိတ်ထားကြတယ်၊ မနေ့က ဝင်စစ်ထားတော့လေ။ အသွားအလာ အနေအထိုင် အကုန်ဂရုစိုက်နေရတယ် အထောက်အထားအပြည့်အစုံရှိတာတောင် နောက်ကျောမလုံနေဘူး။ ဒီလို မဲဆောက်မှာ မကြာခဏ ဝင်စစ်တာတွေ ရှိပေမယ့် ဒီတလောကတော့ အနေအထိုင် ဆင်ခြင်တာအကောင်းဆုံးပါပဲ” လို့ မဲဆောက်မှာ နေထိုင်တဲ့ ရွေ့ပြောင်းမြန်မာအလုပ်သမားတဦးက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် ထိုင်းနိုင်ငံမှာ ရောက်ရှိခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အိမ်ရှင်ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို လေးစားလိုက်နာပြီး ဒေသခံတွေနဲ့ သဟဇာတဖြစ်အောင် နေထိုင်ကြဖို့ကို တိုက်တွန်းထုတ်ပြန်ထားပါတယ်။

ထိုင်းအစိုးရကတော့ ဈေးဆိုင်၊ အလှပြင်ဆိုင်၊ မုန့်ဆိုင်၊ Delivery စတဲ့လုပ်ငန်းတွေအပါအဝင် နိုင်ငံခြားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ တရားဝင် နေထိုင်ခွင့်အထောက်အထား မရှိသူတွေကို စစ်ဆေးဖမ်းဆီးနေတာဖြစ်ပြီး ဥပဒေအတိုင်း အရေးယူသွားမယ်လို့ ဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

မြန်မာငါးဖမ်းလှေတစ်စီး ထိုင်းရေပိုင်နက်အတွင်း ဖမ်းဆီးခံရ

လူ ၆ ယောက် လိုက်ပါလာပြီး ပုစွန်ငါးပိ ကီလို ၄၀၀၀ တင်ဆောင်လာတဲ့ မြန်မာငါးဖမ်းလှေတစ်စီးကို ထိုင်းနိုင်ငံတောင်ပိုင်းမှာ ထိုင်းရေတပ်က ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
Read More

တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ သမ္မတကို လွှတ်တော်က တာဝန်ဆိုင်းငံ့…

တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုအောင်မြင်ခဲ့ပြီးနောက် ယွန်းဆွတ်ခ်ယိုးလ်ရဲ့ သမ္မတာဝန်တွေကို ဆိုင်းငံ့လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲကြောင့် ထိုင်းတိုက်လေယာဉ်နှစ်စင်း နယ်စပ်ကင်းလှည့်

မြန်မာစစ်တပ်နဲ့ ကရင်တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတဖန် ပြန်လည်ပြင်းထန်နေတာကြောင့် ထိုင်းလေတပ်က နယ်စပ်ကင်းလှည့်နေကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

ICC မှာ တရားခံအဖြစ် တရားရင်ဆိုင်ရဖို့ နီးကပ်လာသည့် မင်းအောင်လှိုင်နှင့်အပေါင်းအပါများကို တရားဝင်မှု မပေးမိစေဖို့ နိုင်ငံတကာကို NUG တိုက်တွန်းတောင်းဆို

နိုင်ငံတကာရာဇဝတ်တရားရုံး ICC မှာ တရားခံအဖြစ် တရားရင်ဆိုင်ဖို့ နီးကပ်လာနေတဲ့ အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို တရားဝင်မှု မပေးမိစေဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားခြင်းအစီအစဥ်မှာ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီအတွက် လေယာဥ်ဆီနဲ့ စက်ကိရိယာတွေ ထောက်ပံ့နေတဲ့ ကုမ္ပဏီ ၆ ခုကို UK အစိုးရ ပိတ်ဆို့အရေးယူမယ်

အကြမ်းဖက်စစ်ကောင်စီအတွက် လေယာဥ်လောင်စာဆီနဲ့ စက်ကိရိယာတွေ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီ ၆ခုကို UK အစိုးရက ပိတ်ဆို့အရေးယူသွားဖို့ရှိတယ်လို့ ဗြိတိသျှသံရုံးက ထုတ်ပြန်လိုက်ပါတယ်။
Read More

ထိုင်းအစိုးရက မြန်မာဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပြု၊ ကုလသမဂ္ဂ ကြိုဆို

ထိုင်းနိုင်ငံမှာ ရေရှည် ခိုလှုံနေထိုင်ကြတဲ့ မြန်မာဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရက ဩဂုတ်လ ၂၆ ရက် အင်္ဂါနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။