အင်းလေးဒေသကို အခြေခံဖွဲ့စည်းထားတဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁၀၀၉) တပ်ရင်းရဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက်က အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်ဆင်ကို ခုခံကာကွယ်ရင်း တစ်ဖက်မှာလည်း တပ်တည်ဆောက်ရေး မူ (၅) ချက်ကိုင်စွဲကာ တပ်ရင်းကို စနစ်တကျပြန်လည်တည်ဆောက်ခဲ့ပြီး ”တိုက်ရင်း လေ့ကျင့်၊ လေ့ ကျင့်ရင်းတိုက်”ဆိုတဲ့ မူကိုစွဲကိုင်ကာ နောက်တန်းပြန်ရောက်လာတဲ့ တပ်ခွဲများအား မွမ်းမံသင်တန်း ဖွင့်လှစ်လေ့ကျင့်ပေးခဲ့တယ်လို့ သိရပါတယ်။
အင်းလေးပြည်သူ့ကာကွယ်ရေးတပ်အနေဖြင့် စည်းကမ်းကောင်းသော၊ လေ့ကျင့်ရေးပြည့်ဝသော တိုက်စိတ်ပြင်းထန်သော၊ ပြည်သူလူထုအားကိုးယုံကြည်ရတဲ့ တပ်တစ်တပ်အဖြစ် တည် ဆောက်ရင်း စစ်အာဏာရှင်စနစ်အမြတ်ပြတ်ချေမှုန်းရေးအတွက် တစ်စိုက်မတ်မတ်လျှောက်လှမ်းနေတယ်လို့ Battalion 1009:Inle People’s Defence Force-IPDF မှ ထုတ်ပြန်ထားပါတယ်။
Video-Battalion 1009:Inle People’s Defence Force-IPDF