စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တပ်စွဲထားတဲ့နေရာတွေကို ဒရုန်းနဲ့ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Sagaing District Drone Force မှ သတင်းထုတ်ပြန်ထား ပါတယ်။
ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက မြင်းမူမြို့နယ် အလ္လကပ္ပရွာ ပြည်သူနေအိမ်တွေမှာ ဝင်ရောက်တပ်စွဲ နေတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ အလ္လကပ္ပရွာ အရှေ့ဘက် ဒို့မြန်မာကျော်ဆီဆိုင်မှာ အထိုင်ချထား တဲ့ အကြမ်းဖက်စစ်သားတွေကို Fixed wing drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၁၂ ရက်ကလည်း မြင်းမူမြို့နယ် လက်ပန်ရွာမှ ဂရုရွာဘက်သို့ အင်အား ၁၀၀ ခန့်နဲ့ အကြမ်းဖက်စစ်သားတွေကို တာဝါတိုင်းကုန်းအနီး Fixed wing drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဂျိုင်ရိုကော်ပတာနဲ့ အသေခံဒရုန်း ၂ စီးကို အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု ပြန်လည်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို အမှတ် (၁၈၂၅)စစ်ကိုင်းခရိုင်ဒရုန်းတပ်ရင်း (SDDF)နှင့်အတူ အမုန်းဗျင်းတဲ့Drone Teams က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Video-Sagaing District Drone Force