စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကန်ရင်ကျေးရွာရှိ မူကြိုကျောင်းအား အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ Northwest Plains Revolutionary Forces-NPRF ထံက သိရပါ တယ်။
ယနေ့ ဇန်နဝါရီ ၁၇ ရက် နေ့လယ်ပိုင်းက အရာတော်မြို့နယ် ကန်ရင်းကျေးရွာရှိ မူကြိုကျောင်းအား တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးငယ် ၁ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ကနဦးသိရပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါနယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Video-Northwest Plains Revolutionary Forces-NPRF