စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အရှေ့ခြမ်း ညောင်ကန်ရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ် တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်အမျိုးသမီး ၁ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ Wetlet Informational Network က သတင်း ထုတ်ပြန်ထားပါတယ်။
ဒီနေ့ ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းမှာ ညောင်ကန်ရွာ စစ်ရှောင်တွေနေတဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ပေါင် ၂၀၀ ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် အသက် (၃၀)အရွယ် စစ်ဘေးရှောင်အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၅ ယောက် စိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူ ထပ်မံတိုး လာနိုင်တယ်လို့ သိရပါတယ်။
ဗုံးဒဏ်ကြောင့် စာသင်ကျောင်းဆောင် ၂ ဆောင်နဲ့ နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ပြီး နွား ၁ ကောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Video – Wetlet Informational Network