ပဲခူးတိုင်း ဝေါမြို့နယ် သူရဲသူမိန်ရဲစခန်းနဲ့ လက်နက်ကြီးတပ်ဆင်ထားတဲ့ တာဝါတိုင်ကို ရော့ကတ် တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင်ပကဖက ထုတ်ပြန် ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်းက ဝေါမြို့နယ် သူရဲသူမိန် ရဲစခန်းနဲ့ လက်နက်ကြီး တပ်ဆင်ထားတဲ့ တာဝါတိုင်ကို ရော့ကတ် ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို KNLA ရင်း ၇၊ ရန်ကုန်တိုင်း စစ်ဌာန ဗျူဟာ ၂၈ နဲ့ ပဲခူးခရိုင် ပကဖ လက်နက်ကြီး တပ်ဖွဲ့တွေက ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Video – ပဲခူးခရိုင် ပကဖ