အမေရိကန်နိုင်ငံမှ အောက်လွှတ်တော်အမတ်တွေက မြန်မာ့အရေးကူညီမယ့် ကန်ဒေါ်လာ ၁၂၁ သန်းပါဝင်တဲ့ အသုံးစရိတ်မူကြမ်းကို ဇန်နဝါရီ ၁၄ ရက်နေ့မှာ အတည်ပြုလိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီအသုံးစရိတ်မူကြမ်းမှာ မြန်မာ့အရေးအပြင် ကမ္ဘာ့တစ်ဝန်းမှာရှိတဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေကို ထောက်ပံ့ပေးနေတဲ့ NED ရန်ပုံငွေ ၃၁၅ သန်းခန့်လည်း ပါတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရရှိမယ့် အမေရိကန်ဒေါ်လာ ရန်ပုံငွေ ၁၂၁ သန်းကို နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးလုပ်ငန်းများနဲ့ အမျိုးသား ညီညွှတ်ရေးအစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေအတွက် လက်နက်မဟုတ်တဲ့ အကူအညီတွေ၊ အုပ်ချုပ်ရေးယန္တရားနဲ့ လူသားချင်းစာနာမှု အကူအညီတွေအတွက် သုံးစွဲနိုင်မှာ ဖြစ်တယ်လို့ လွှတ်တော် အချက်အလက်တွေအရ သိရပါတယ်။

အောက်လွှတ်တော်တွင် ကျင်းပသော အစည်းအဝေး တစ်ခုမြင်ကွင်း (ပုံဟောင်း)

ဒီအမေရိကန်လွှတ်တော်က အတည်ပြုထားတဲ့ NED ရန်ပုံငွေနဲ့ မြန်မာသီးသန့်ရန်ပုံငွေ အသုံးစရိတ် မူကြမ်းကို အထက်လွှတ်တော် သဘောတူညီချက်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် လက်မှတ်
ရေးထိုးဖို့ လိုအပ်သေးတယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာအမေရိကန် အေဂျင်စီ ( USAID ) ကို ပိတ်သိမ်းလိုက်တာကြောင့် မြန်မာနိုင်ငံကို ကူညီပေးနေတဲ့ ကျန်းမာရေး၊ ဒီမိုကရေစီအရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ ရပ်ဆိုင်းသွားရလို့ အခက်အခဲ များစွာကြုံတွေ့နေရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မလေးရှားကို အလုပ်သွားလုပ်မယ့် တရားမဝင် မြန်မာ ၁၀ ဦး ဖမ်းဆီးခံရ၊ မလေးရှားသွားဖို့ ပွဲစားကို တစ်ယောက် ဘတ်တစ်သိန်းကျော် ပေးရကြောင်း ထိုင်းရဲ ဆို

မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ထိုင်းနိုင်ငံထဲ တရားမဝင်ရောက်ရှိနေတဲ့ ရွှေ့ပြောင်း မြန်မာ ၁၀ ယောက်ကို ဇန်နဝါရီလ ၂၅ ရက် ညနေပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်မှာ သတင်းဖော်ပြပါတယ်။ 
Read More

မြန်မာငလျင်အတွက် ယူကေအစိုးရက စတာလင်ပေါင် ၁၀ သန်းနဲ့ အမေရိကန်အစိုးရက ကန်ဒေါ်လာ ၇ သန်း ထပ်တိုးကူညီ ..

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခဲ့တဲ့ အင်အားပြင့်ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ယူကေအစိုးရက စတာလင်ပေါင် ၁၀ သန်း ထပ်မံတိုးမြှင့်ထောက်ပံ့ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲလုပ်ဖို့ အဆင်ပြေမယ့် ပတ်ဝန်းကျင်ဖန်တီးရန် မလေးရှားတိုက်တွန်း

ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့တွေအားလုံးအနေနဲ့ ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်နိုင်မယ့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ဇူလိုင်လ ၉ ရက်မှာ တိုက်တွန်းပြောဆိုပါတယ်။ 
Read More

ကျဆုံး ကျောင်းသားရဲဘော်များအား Daly City ကျောင်းသားသမဂ္ဂမှ ဂုဏ်ပြု

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Daly City မှာ Daly City ကျောင်းသားသမဂ္ဂက ဇူလိုင် ၂၇ ရက်မှာ ပြုလုပ်တဲ့ လူထုရံပုံငွေစျေးရောင်းပွဲမှာ ပါဝင်ခဲ့ပြီး ကျဆုံးသွားတဲ့ ကျောင်းသားရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ဗကသများ အဖွဲ့ချုပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမေရိကန်တွင် ရက်ကျော်နေထိုင်သူတွေ များပြားနေမှုကြောင့် မြန်မာနိုင်ငံအပါ နိုင်ငံပေါင်း ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်

အမေရိကန်ကိုရောက်ပြီးနောက် ရက်ကျော်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ များပြားနေတာကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်လိုက်တယ်လို့ အိမ်ဖြူတော်က သမ္မတထရမ့် လက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်ချက်ကို မနေ့က ထုတ်ပြန်ပါတယ်။
Read More

ထိုင်းရဲကို ပစ်ခတ်ပြီး ထွက်ပြေးသည့် မြန်မာလူငယ်ကို ဗိုလ်ဒါဘော ကိုယ်တိုင် ထိုင်းအာဏာပိုင်များထံ အပ်နှံ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာနိုင်ငံသား ကိုနိုင်လင်းအောင် (ခ) နဂါးကြီးကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောက ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေဆီ ကိုယ်တိုင် အပ်နှံခဲ့တယ်လို့ သိရပါတယ်။