ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အကြောင်း အမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား  လူငယ်တွေ ကိုရီးယားနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းရရှိစေဖို့  ဆွေးနွေး‌‌ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဒီကနေ့ ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန် ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်မှာ NUG လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားမှုဝန်ကြီးဌာန၊  ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံး၊ MFDMC နဲ့ The Korea National Assembly အဖွဲ့ တွေ ဒုတိယအကြိမ် ဆွေးနွေးပွဲ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

မဲဆောက်ရှိ မြန်မာရွှေ့ပြောင်း နေထိုင်သူတွေ ကိုရီးယားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်နိုင် ရေးအတွက် ထိုင်းနဲ့ ကိုရီးယားနိုင်ငံတို့ရဲ့  ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ ရှိတယ်လို့လည်း သိရပါတယ်။

ဆွေးနွေးပွဲအား တွေ့ရစဥ်

ကိုရီးယားနိုင်ငံရဲ့ တရားဝင်ဖွံ့ဖြိုးမှု အကူအညီ အစီအစဉ်တွေမှာ လိုအပ်ချက်ရှိတဲ့ နေရာ တွေအတွက် အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍက ပူးပေါင်း ဖြည့်ဆည်း ပေးရေးတို့ကို ဆွေးနွေး‌‌ခဲ့တယ်လို့ NUG အစိုးရဆီက သိရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရဲ့ စီမံအုပ်ချုပ်မှုပုံစံအတိုင်း ရွှေ့ပြောင်း နေထိုင်သူတွေ တည်ငြိမ်စွာ နေထိုင်နိုင်ဖို့ အလုပ်အကိုင်အ ခွင့်အလမ်းတွေဖန်တီး ပေးနိုင်ဖို့‌ ဆွေးနွေးချက်‌တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ပထမအကြိမ် ဆွေးနွေးပွဲ ပြုလုပ်ပြီး နေထိုင်ဖို့၊ အလုပ်လုပ်ကိုင်ခွင့်ရဖို့၊ အထောက်အထားရဖို့ အတွက်တွန်းအားပေး လုပ်ဆောင်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆွေးနွေးပွဲအား တွေ့ရစဥ်
0 Shares:
You May Also Like
Read More

မြန်မာအပါအဝင် ရာဂီမုန်တိုင်းဒဏ်သင့်ဒေသတွေကို စင်္ကာပူစစ်တပ် အကူအညီပေး

မြန်မာ၊ လာအိုနဲ့ ဗီယက်နမ်က မုန်တိုင်းဒဏ်သင့် လူမှုအသိုင်းအဝိုင်းတွေကို စင်္ကာပူစစ်တပ်က လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်သွားမယ်လို့ CNA သတင်းက စက်တင်ဘာလ ၁၈ ရက်မှာ ဖော်ပြထားပါတယ်။
Read More

ထိုင်းအမျိုးသမီးကိုသတ်ပြီး အလောင်းဖျောက်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာအမျိုးသားတစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသမှာ  ထိုင်းအမျိုးသမီးကိုသတ်ပြီး အလောင်းဖျောက်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာအမျိုးသားတစ်ဦး ဖမ်းဆီးခံထားရတယ်လို့ ထိုင်းအခြေစိုက်သတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။
Read More

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရိုဟင်ဂျာများ၏ ဒုက္ခ ပိုမိုကြီးလေးခဲ့သည်ဟု ကုလနှင့် နိုင်ငံတကာကို သံအမတ်ကြီး ဦးကျော်မိုးထွန်း အသိပေး

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ ဒုက္ခဟာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာ  ပိုမိုဆိုးရွားလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်တွင် တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် သတိပေးဟန့်တားမှု တစုံတရာမပါရှိခြင်းသည် စစ်အုပ်စုအား သွယ်ဝိုက်၍ အကာအကွယ်ပေးနေသည့် သဘောသက်ရောက်နိုင်ဟု NUG ပြော

(၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ပူးတွဲကြေညာချက်မှာ စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် သတိပေးဟန့်တားမှု တစုံတရာမပါရှိတာဟာ အကြမ်းဖက်စစ်အုပ်စုကို သွယ်ဝိုက်ပြီး အကာအကွယ်ပေးနေတဲ့ သဘောသက်ရောက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီဟာ အရပ်သားများအပေါ် ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေဟု ကုလ အထူးကိုယ်စားလှယ် ဆို

မြန်မာစစ်ကောင်စီဟာ ပြည်တွင်းစစ်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ ပြည်သူတွေ ခိုလှုံရာ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ စခန်းတွေကို တိုက်ခိုက်မှုတွေ တိုးမြှင့်လာတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ဇွန်လ ၂၅ ရက်မှာ ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ အားလုံးပါဝင် အကျုံးဝင်စေဖို့ အာဆီယံလိုလားဟုဆို

လာမဲ့နှစ် စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲမှာ အားလုံးပါဝင်အကျုံးဝင်စေဖို့ အာဆီယံအဖွဲ့ဝင်တွေအနေနဲ့ လိုလားမှာဖြစ်ကြောင်း ထိုင်းက စစ်ကောင်စီကို ပြောဆိုခဲ့တယ်လို့ ထိုင်းအရာရှိတွေက ဒီဇင်ဘာ ၂၁ ရက် သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။