စစ်ကိုင်းတိုင်း ကနီမြို့နယ် ရှမ်းမြောက်ရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဆောင်နဲ့ ဓမ္မာရုံ ထိခိုက်ပျက်စီးခဲ့ပြီး ရဟန်း ၂ ပါး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက် နေ့လယ်ပိုင်းက မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က တက်လာတဲ့ ဂျိုင်ရိုကော့ပတာ ၂ စီးနဲ့ ကနီမြို့က တက်လာတဲ့ ဒရုန်းတွေဟာ ရှမ်းမြောက်ရွာ အောင်စကြာစေတီကုန်း ပေါ်က အောင်မင်္ဂလာ ဘုန်းတော်ကြီး ကျောင်းတိုက်နဲ့ ဂန္ဓကုဋီတိုက်ဓမ္မာရုံတို့ ဗုံးကြဲတိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ဘုန်းကြီးကျောင်းက ကျောင်းနေရဟန်းတော် ၁ ပါးနဲ့ တောရဆောက်တည်နေတဲ့ ရဟန်း ၁ ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်၊

Video – Pyae Aung Naing

0 Shares:
You May Also Like
Read More

တမူးမြို့နယ်မှာ ပြည်သူများကို စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ပန်းသာကျေးရွာမှာ ပြည်သူတွေကို စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၂ ယောက်သေခဲ့တယ်လို့ Zo Army က ထုတ်ပြန်ထားပါတယ်။
Read More

MRTV အသံလွှင့်တာဝါတိုင်ကုန်းကို သိမ်းပိုက်စဉ် စစ်ကူလာသည့် စစ်ယာဉ်တန်းအား မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခတက္ကန်ရွာအရှေ့ဘက်ရှိ MRTV အသံလွှင့်တာဝါတိုင်ကုန်း (ဗောဓိ တစ်ထောင်)စခန်းကို ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကူလာတဲ့ အကြမ်းဖက်စစ်တပ် ဂျန်ဘာယာဉ် ၆ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ Brave Heart Army-BHA အဖွဲ့ထံက သိရပါတယ်။
Read More

မြိုင် ကပစ စက်မှု ၂ ရဲ့ အဆောက်အအုံတွေပေါ် ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကပစ စက်မှု ၂ ကို ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းက ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

နတ်တလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု ၈ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၈ ယောက်သေခဲ့တယ်လို့ နတ်စစ်သည် တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သေ့ဘောဘိုးစခန်းသိမ်းပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် တော်လှန်ရေးပူးပေါင်းတပ်များကို အောင်သပြေပန်းများဖြင့် ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။
Read More

မြိုင်မြို့နယ် စီမံကိန်းရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံ

မကွေးတိုင်း မြိုင်မြို့နယ် စီမံကိန်းရုံးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို မြောက်ပိုင်းကျားငါးကောင်တပ်ဖွဲ့ -NFTAမှ သတင်းထုတ်ပြန်ထားပါတယ်။