စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ရှမ်းမြောင်းရွာ ဘုန်းကြီး ကျောင်းကို အကြမ်းဖက် စစ်အုပ်စုက ဒရုန်းဗုံးသီးနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့ အတွက် ရဟန်း ၂ ပါး ထိမှန်သွားပြီး ကျောင်းတိုက် တချို့ ပျက်စီး သွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက် ညနေ ၂ နာရီကျော်လောက်မှာ မုံရွာ နမခ ကနေတက်လာတဲ့ ဂျိုင်ရိုကော်ပတာ နှစ်စီးဟာ ရှမ်းမြောင်းရွာ အောင်စကြာ စေတီကုန်းပေါ်က ဂန္ဓကုဋီတိုက်ဓမ္မာရုံနဲ့ အောင်မင်္ဂလာ ဘုန်းတော်ကြီး ကျောင်းကို ဒရုန်းဗုံးသီးနဲ့ လာရောက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ထိတွေ့မှုမရှိပါဘူး။ အကြောင်းမဲ့ လာပစ်သွား တာပါ။  ဒဏ်ရာရတဲ့ ရဟန်း ၂ ပါးက မစိုးရိမ်ရပါဘူး။  အောင်စကြာ စေတီကုန်းပေါ် ဂန္ဓကုဋီတိုက်က ဓမ္မာရုံရယ်၊  အောင်မင်္ဂလာ ဘုန်းကြီးကျောင်းရယ် လာကြဲသွားတာ” လို့  ကနီနယ်ခံ တစ်ယောက်က မောင်းကို ပြောပါတယ်။

အခုလို ဒရုန်းဗုံးသီးနဲ့ လာရောက်ကြဲချ ခဲ့တဲ အတွက် ကျောင်း နေရဟန်းတော်တပါး၊ တောရဆောက် တည်နေတဲ့  ရဟန်းတပါး ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး ကျောင်းဆောင်များစွာလည်း ထိမှန်ပျက်ဆီး သွားတယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေ လေကြောင်းတိုက်ခိုက် သွားတဲ့ ရှမ်းမြောင်းရွာအနီးမှာ တိုက်ပွဲ ဖြစ်ပွားတာ မရှိသလို အောင်မင်္ဂလာ ဘုန်းကြီးကျောင်း မှာလည်း ကာကွယ်ရေး တပ်ဖွဲ့တွေ စခန်းချ နေထိုင်တာမျိုး မရှိဘဲ ဘုန်းကြီးကျောင်းကို အကြောင်းမဲ့ လေကြောင်းက တိုက်ခိုက်သွားတာလို့  သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့ကလည်း ကနီနယ် ချင်းတွင်းမြစ် အနောက်ဘက်ကမ်း မုဌောရွာ အနီးမှာ ပြည်သူတွေ အသုံးပြုနေတဲ့ မြစ်ရေချိုးဆိပ်ကို အကြမ်းဖက် စစ်တပ်က ဒရုန်းဗုံးသီးနဲ့ လာရောက်တိုက်ခိုက်ခဲ့သေးတယ် လို့ ဒေသခံတွေ ဆီက သိရပါတယ်။

ကနီနယ် ရှမ်းမြောင်းရွာကို စစ်အုပ်စု လေကြောင်း ဗုံးကြဲသွားပြီး တွေ့ရစဥ် (ဓာတ်ပုံ ဒေသခံ)

0 Shares:
You May Also Like
Read More

ဖားကန့်တွင် စစ်ကော်မရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မိသားစုဝင် ၃ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောက်ကျေးရွာထဲကို အကြမ်းဖက် စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ မိသားစုဝင် ၃ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

Tiger Dragon Revolution Force ရဲဘော်တွေကို တန်းစီလူစစ်ဆေးခြင်းနဲ့ ဝတ်စားဆင်ယင်မှု စစ်ဆေးမှုပုံရိပ်များ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Southern Eagle PDF တပ်ရင်း - P29909 ၊ တပ်ခွဲ(၃) Tiger Dragon Revolution Force မိုင်းထုတ်လုပ်ဖောက်ခွဲရေးနဲ့ တိုက်ခိုက်ရေးတပ်ခွဲ၊ တပ်ခွဲမှူးက အပတ်စဉ် တနင်္လာနေ့တိုင်း တပ်ခွဲရှိ ရဲဘော်တွေကို တန်းစီလူစစ်ဆေးခြင်းနဲ့ ဝတ်စားဆင်ယင်မှုစစ်ဆေးခြင်း မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ခွဲက ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ဆရာဝန်တွေပါ လိုအပ်ရင်တိုက်ပွဲတွေမှာ ဝင်တိုက်ပေးဖို့ မင်းအောင်လှိုင်က ဆိုပြန်

စစ်သားအင်အား အမြောက်အမြားလိုအပ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလိုအပ်လာရင် တိုက်ပွဲတွေအတွက် စစ်ဆရာဝန်တွေပါ ဝင်ရောက်တိုက်ခိုက်ပေးဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။
Read More

ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်မှာ စစ်တပ်နှင့် PNA အဖွဲ့က ဒရုန်း၊ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်၊ နေအိမ်များ ပျက်စီး…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်ရှိ ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်နဲ့ PNA အဖွဲ့က ဒရုန်း၊ လက်နက်ကြီးတွေ တိုက်ခိုက်ရာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ပခုက္ကူ-ရေစကြိုလမ်းပိုင်းတွင် စစ်အုပ်စုဆီပို့ဆောင်ရန် ဘိလပ်မြေအိတ်နှင့် စားဆီ​ပုံးတင်ဆောင်လာသည့် ကား ၂ စီးအား Southern YSO PDF  ဖမ်းဆီးသိမ်းဆည်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်းမှာ ပျူစောထီးခေါင်းဆောင်နဲ့ စစ်အုပ်စုတွေဆီပို့ဆောင်မယ့် ဘိလပ်မြေအိတ်နဲ့ စားဆီပုံးတွေ တင်ဆောင်လာတဲ့ ကား၂ စီးကို ဖမ်းဆီးသိမ်းဆည်းနိုင်ခဲ့ကြောင်း Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကို ပြောပါတယ်။
Read More

ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး ရုံးအဖွဲ့က တာဝန်ခံအသီးသီးနဲ့ ပကဖ ရုံး လက်ရုံးတပ်ဖွဲ့တွေ စုပေါင်းပြီး ပကဖ ၃ နှစ်ပြည့်အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။