ပဲခူးတိုင်း ၊ နတ်တလင်းနယ်ကို စစ်ကော်မရှင်တပ်စစ်ကြောင်း ထိုးလာချိန် ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက် ခဲ့လို့ သေဆုံးခဲ့ တာတွေရှိတယ်လို့ Bamar Revolution Army-B.R.A တပ်ဖွဲ့ ဆီက သိရပါတယ်။
အဲ့ဒီလို ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်ဘက်က နှစ်ယောက်ပွဲချင်းပြီး သေဆုံးခဲ့ကာ ကျန်တစ်ယောက် ကတော့ ဆေးရုံမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
” စစ်တပ်က နှစ်ဦးသေဆုံးတာကို မျက်မြင်တွေ့ခဲ့ရပြီး ဆေးရုံမှာ သေတာကတော့ ပြည်သူဆီက သိရတာပါ။လက်ရှိ တိုက်ပွဲဖြစ် တဲ့နေရာကို ကျွန်တော် တို့နယ်မြေရှင်းလင်းမှူတွေ ပြုလုပ်ပြီး ပါပြီ” လို့ Bamar Revolution Army-B.R.Aတပ်ဖွဲ့ရဲ့ တပ်ခွဲမှူး လကျ်ာက မောင်းကိုပြောပါတယ်။
ဇန်နဝါရီ ၁၄ ရက် မနက် ၉ နာရီလောက်မှာ စစ်ကော်မရှင်တပ်သား အင်အား ၇၀ ဝန်းကျင်နဲ့ ငုတ်တိုရွာဖက်ကို စစ်ကြောင်း ထိုးလာချိန် ရွာထိပ်အရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကော်မရှင် တပ်ဘက်မှ ပစ်လိုက်တဲ့ ဒရုန်းဗုံးသီးကြောင့် ထွက်ပြေး တိမ်းရှောင်လာတဲ့ သရက်ပင်ကန်ရိုးရွာက ပြည်သူတစ်ယောက်ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“ဒေသခံက ဒရုန်းဗုံးသီးကြဲ ချရာမှာ ထိတာပါ။ ပြည်သူက စစ်ရှောင်ဖို့ ဆိုင်ကယ်နဲ့ အထွက်မှာ ထိတာပါ။ အခုလက်ရှိ ရွာသားအားလုံးက ရှောင်နေကြပါတယ်” လို့ တပ်ခွဲမှူး လကျ်ာက ဆက်ပြောပါတယ်။
အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်သားတွေထဲက တစ်ချို့ဟာ နတ်တလင်းဖက် ကိုပြန်ဆုတ်ပြီး တချို့ကတော့ မင်းလှဖက်ကို စစ်ကူထွက်သွားကြတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို Bamar Revolution Army-B.R.A တပ်ခွဲ ၄ နဲ့ တပ်ခွဲ ၃ နတ်စစ်သည်၊ တပ်ရင်းရုံး ရဲဘော်တွေက ပူးပေါင်းလုပ် ဆောင်ခဲ့ကြတာ လို့သိရပါတယ်။
စစ်ကော်မရှင် တပ်သားတွေဟာ လေကြောင်းက အပြင်းထန် တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ ကြောင့် ပြည်သူတွေ သတိပြုနေထိုင် ကြဖို့နဲ့ အကြမ်းဖက်စစ်တပ်နဲ့ နီးတဲ့ နေရာတွေမှာ မနေပဲ ရှောင်ရှား ကြဖို့ကိုလည်း Bamar Revolution Army-B.R.A တပ်ဖွဲ့က သတိပေး တိုက်တွန်းထား ပါသေးတယ်။