စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲ မဲသယ်လာတဲ့ အိမ်စီးကား ၂ စီးကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက် ခဲ့တယ်လို့ 5/ Commando Force က သတင်းထုတ်ပြန် ထားပါတယ်။

အကြမ်းဖက်စစ်တပ် စစ်သားတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက် မနက်ပိုင်းက မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ အင်အား အပြည့်ပါတဲ့ သံပြားကာကား ၃ စီးနဲ့ မအူဂိတ်မှာ ဝင်ရောက်လာပြီး လမ်းကင်းတွေ၊ ကင်းပုန်းတွေချကာ ပြည်သူပိုင် ကားတွေကို အဓမ္မ ငွေကြေး တောင်းရမ်းခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီငွေတောင်းနေတဲ့ နေရာကို ချောင်းဦးမြို့ ကနေ အတုအယောင် ရွေးကောက်ပွဲ မဲတွေ သယ်လာတဲ့ အိမ်စီးကား ၂ စီး ရောက်ရှိလာပြီး တံတားဖြူ အရောက် အဝေးထိန်း ရှေ့ထွက်မိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ တယ်လိ့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ပိုက်ဆံတောင်းနေတဲ့ စစ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) တပ်ခွဲ (၂) 5/ Commando Force ဦးဆောင်ပြီး  မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂၈) တပ်ခွဲ (၃) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video – 5/ Commando Force

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ်အတွင်း အကြမ်ဖက်စစ်တပ်လေကြောင်းက ချပေးသည့် ရိက္ခာထုတ်ကို တော်လှန်ရေးတပ်များ သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ချပေးတဲ့ ရိက္ခာထုတ်ကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်း ၉ ရဲ့ နောက်ချန်ရဲဘော်တွေ တစ်နေ့တာလှုပ်ရှားမှုများ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၉ စစ်ကြောင်းဖြစ်တဲ့ Idiots Column တပ်ဖွဲ့ရဲ့ နောက်ချန် ရဲဘော်တွေ တစ်နေ့တာ လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုတွေကို ထုတ်ပြန် ဖော်ပြလိုက်ပါတယ်။
Read More

ကြွယ်ပုံပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ကြွယ်ပုံပျုစခန်းရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို နိုဝင် ဘာ ၂၉ ရက်ကနေ ဒီဇင်ဘာ ၁ ရက်အထိ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ အနီးကပ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Young Wolf. (P.D.F) ထံက သိရပါတယ်။
Read More

ပုလဲမြို့ပေါ်မှာ တိုက်ပွဲကြား ပိတ်မိနေတဲ့ ပြည်သူ ၂၀၀ ကျော်ကို ကယ်ထုတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးတွေ ကြဲချနေတဲ့ကြားက မြို့အတွင်း ပိတ်မိနေတဲ့ ပြည်သူ ၂၀၀ ကျော်ကို ဒီနေ့ နိုဝင်ဘာ ၁၃ ရက်မှာ ကျားသစ်နက်တပ်မတော် စစ်ဦးစီး ကိုကိုနိုင်  ဦးဆောင်ကာ ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာအတွင်းရှိ ပျူစောထီးတွေကို လက်နက်ချဖို့ စည်းရုံးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပျူ ၃ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာအတွင်းရှိ ပျူစောထီးတွေကို ဖေဖော်ဝါရီ ၂၇ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ချဖို့ သွားရောက်စည်းရုံးစဉ် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် -၄ တပ်ရင်းထံက သိရပါတယ်။
Read More

ငါန်းမြာကြီးရွာဘုန်းကြီးကျောင်းကို ရောက်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု ၁ ယောက် သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံခရိုင် ငါးဇွန်မြို့နယ် ငါန်းမြာကြီးမြို့အရှေ့ဘက် လယ်တီဘုန်းတော်ကြီးကျောင်းအတွင်း ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၁ ယောက် သေခဲ့တယ်လို့ ငါန်းမြာကြီး ပြည်သူကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။