မွန်ပြည်နယ်၊ရေးမြို့နယ်ရှိ စကခ(၁၉)လက်အောက်ခံ ကျောင်းရွာစံပြ ကျေးရွာ အခြေစိုက် ခမရ ၅၉၁ တပ်ရင်းကတပ်သား သုံးယောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်စစ်ဌာန၊ နည်းဗျူဟာ (၃၃)၊ ရေးပြောက်ကျားတပ် (YGF) အမှတ် (၈၀၀၁) တပ်ရင်းဆီ အလင်းဝင်ရောက် လာခဲ့ကြတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက်နေ့မှာ တပ်သား အောင်ဆန်းလင်း၊ တပ်သား ခင်မောင်စိုး၊ တပ်သား ဇီလေးတို့ သုံးယောက်ဟာ MA3- (၂) လက်၊ ကျည်ဘောက် (၂) ဘောက် နဲ့ ကျည် (၄၈) တောင့် တို့ကိုယူဆောင်ပြီး အလင်းဝင်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“သူတို့ ၃ ယောက်က တစ်ရက်ထဲ အလင်းဝင် ခဲ့တာပါ၊ ဆုငွေ ချီးမြှင်ဖို့ စီစဥ် နေပါတယ်၊ အခက် အခဲလေး ရှိနေလို့ ချက်ချင်း မပေးနိုင် သေးတာ”လို့ ရေးပြောက်ကျားတပ် (YGF) အမှတ် (၈၀၀၁) တပ်ရင်းက ရဲဘော် စောခေတ်သစ်က မောင်းကို ပြောပါတယ်။

(ဓာတ်ပုံ YGF)

အဲဒီအမျိုးသား သုံးယောက်ဟာ စစ်အုပ်စုရဲ့ မတရားပေါတာဆွဲတာ ကိုခံရတဲ့ သူတွေလို့ သိရပါတယ်။

ပေါတာဆွဲခံရ ပြီးနောက် သူတို့ကို သံဖြူဇရပ်မြို့နယ်၊ ဝဲကလိသင်တန်းကျောင်း အပတ်စဥ် (၁၆)၊ အမှတ်(၁၁) တန်းမြှင့် သင်တန်းကျောင်းနဲ့ အပတ်စဥ် (၁၆) သင်တန်းဆင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက် လာသူတွေကို နွေးထွေးစွာ ကြိုဆိုဂုဏ်ယူကြောင်း၊ အတင်းအဓမ္မ စစ်မှုထမ်းခံမယ့် အစား ပြည်သူ့ကာကွယ်ရေး တပ်မတော်ထဲကို ဝင်ပြီး တော်လှန်ရေး အမြန်ပြီးဆုံးအောင် ဝိုင်းဝန်း တွန်းလှန်ကြဖို့ တပ်ရင်းမှူး ရဲဘော်ဗိုလ်ကျန်ရစ် ကပြောကြား ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီကို လေယာဉ်ဆီအပါအဝင် လေယာဉ်အစိတ်အပိုင်းနဲ့ နည်းပညာတွေ တင်သွင်းမှု စောင့်ကြည့်နိုင်တဲ့ ယန္တရားထူထောင်ပြီး ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ တောင်းဆိုတိုက်တွန်း

မြန်မာနိုင်ငံကိုတင်သွင်းမယ့် လေယာဉ်ဆီတွေကို စောင့်ကြည့်နိုင်တဲ့ ယန္တရားတစ်ခု ထူထောင်ပြီး ထိရောက်တဲ့ စိစစ်မှုတွေပြုလုပ်ဖို့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က ဒီနေ့ ဇန်နဝါရီ ၁၀ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

အုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးဖြစ်သူနှင့် ရန်ဖြစ်သည့် အမျိုးသား စစ်မှုထမ်း ခေါ်ဆောင်သွားခြင်းခံရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဘွက်တူးကုန်းကျေးရွာက လူငယ်အမျိုးသား တစ်ယောက်ဟာ အုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးတော်စပ်သူ အမျိုးသားနဲ့ ရန်ဖြစ်စကားများရာကနေ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရွေးကောက်ပွဲအတွက် အစည်းအဝေးထိုင်နေသည့် လှိုင်သာယာ ၁၄ ရပ်ကွက်ရုံးကို UG ၂ ဖွဲ့ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ တရားမဝင်ရွေးကောက်ပွဲအတွက် အစည်းအဝေးလုပ်ဆောင်နေတဲ့ ၁၄ ရပ်ကွက်ရုံးကို သွားရောက် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေရှိနိုင်ကြောင်း လုပ်ဆောင်ခဲ့တဲ့  မြို့ပြကြွက်ကွန်ရက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အောင်လံတွင် ပစ်ခတ်ရှင်းခံထားရသည့် စစ်တပ်ဒေါက်တိုင် ၂ ဦး၏ နေအိမ်များအား ချိတ်ပိတ်သွားမည်ဟု ပကဖ ပြော 

မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့နယ်အတွင်းက အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင်၂ယောက်ရဲ့နေအိမ်တွေကို ချိတ်ပိတ်သိမ်းဆည်းသွားဖို့ရှိတာကြောင့် ရောင်းဝယ်ဖောက်ကားခြင်းမပြုဖို့ အောင်လံမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးကို ထောက်ပံ့မယ့် ဖြူဖြူကျော်သိန်းရဲ့ ကိုရီးယားနိုင်ငံ ဂီတဖျော်ဖြေပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့

ကိုရီးယားနိုင်ငံမှာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ ဖြူဖြူကျော်သိန်းရဲ့ ဂီတဖျော်ဖြေပွဲကနေ တော်လှန်ရေးအတွက် ထောက်ပံ့ကူညီသွားမယ်လို့ သိရပါတယ်။
Read More

ထွေအုပ်ရုံးမှ လက်နက်ကြီးရမ်းပစ်လို့ ၈နှစ် ကလေးငယ် သေဆုံး၊ ၁၄ နှစ် သမီး လက်မောင်း ထိခိုက်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။