ပြည်ပသံရုံးတစ်ရုံးက ပုဂ္ဂိုလ်တွေနဲ့ ခွင့်ပြုချက်မရဘဲ လျှို့ဝှက်တွေ့ဆုံခဲ့တဲ့အတွက် ပြည်သူ့ရှေ့ဆောင် (PPP) ပါတီ ဥက္ကဋ္ဌ ​ဒေါ်သက်သက်ခိုင်နဲ့ ဗဟိုအလုပ်အမှုဆောင်ဖြစ်သူတို့ကို အရေးယူသွားမယ်လို့ စစ်တပ်လက်ပါးစေ ရွေးကောက်ပွဲကော်မရှင်က  ဇန်နဝါရီလ ၁၄ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က ပြည်သူ့ရှေ့ဆောင် (PPP) ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ပါတီဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဒေါ်ထက်ထက်လှိုင်တို့ကို နေအိမ်ကနေ အကြမ်းဖက်စစ်တပ် တာဝန်ရှိသူတွေ လာရောက်ဖမ်း​ဆီး ခေါ်ဆောင်သွားပြီးနောက် အခုလို သတင်းထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့၊ နေ့လယ်ပိုင်းမှာ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းပေါ်က စားသောက်ဆိုင်တစ်ခုမှာ ပြည်ပသံရုံးတစ်ရုံးက ပုဂ္ဂိုလ်တွေနဲ့ တစ်နာရီကြာ လျှို့ဝှက်တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုတွေ့ဆုံမှုကို သတင်းပို့ တိုင်ကြားမှုရရှိခဲ့တာကြောင့် အခုလိုအရေးယူဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ စစ်တပ်လက်ပါးစေ ရွေးကောက်ပွဲကော်မရှင်က​ ဆိုပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံခြားတိုင်းပြည်တွေက အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမယ်ဆိုရင် သူတို့ဆီ ခွင့်ပြုချက် အရင် တင်ရမယ်လို့လည်း  ကောက်ပွဲကော်မရှင်က သတ်မှတ်ထားတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ စစ်အုပ်စု မီဒီယာ)

သူတို့ရဲ့ ခွင့်ပြုချက်မရဘဲ  အခုလို လျှို့ဝှက်တွေ့ဆုံခဲ့တဲ့အပေါ် အရေးယူမှာ ဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၁၂) နဲ့အညီ ဆောင်ရွက်သွားမယ်ဆိုတာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့ကတည်းက ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ဆီ လိပ်မှုအကြောင်းကြားထားပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ကာယကံရှင်တွေကိုယ်တိုင်ကလည်း ဒီလျှို့ဝှက်တွေ့ဆုံခဲ့မှုအပေါ် မှန်ကန်ကြောင်း ထွက်ဆိုထားတယ်လို့ သိရပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇ (ဂ)၊ ပုဒ်မ ၄၀၈ နဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ (စ) ပါ ပြဋ္ဌာန်းချက်အရ ပြည်ပဩဇာခံယူခြင်းမပြုရဆိုတဲ့ ပြဋ္ဌာန်းချက်ကို စောင့်ထိန်းလိုက်နာဖို့ တာဝန်ရှိပြီး လိုက်နာဖို့ ပျက်ကွက်ရင်  နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတာကိုပါ ပယ်ဖျက်ရမယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ လက်ပါးစေ UEC က ဆိုထားပါတယ်။

အကြမ်းဖက်စစ်တပ်လုပ်တဲ့ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း၊  အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းနေရာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ ပြင်ဆင်ခဲ့တဲ့ ဒေါ်သက်သက်ခိုင်ဟာ 68 Residence စီမံကိန်းအတွက် ကမ္ဘောဇဘဏ်အပေါ် ငွေကျပ် ဘီလီယံ ၁၀၀ ကျော် ပေးချေဖို့ အကြွေးရှိနေခဲ့တဲ့အတွက် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ (ဃ) နဲ့ ငြိစွန်းတယ်ဆိုပြီး ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်ခံထားရတာလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် မကြာသေးမီက လုပ်ဆောင်ခဲ့တဲ့ အင်တာဗျူးတစ်ခုအတွင်း လက်ရှိကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတုဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမယ်လို့ ယတိပြတ်မပြောနိုင်ကြောင်း၊ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကျင်းပတဲ့ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်နေပေမယ့် တစ်ဖက်မှာ စစ်ဗိုလ်ချုပ်ကြီးတွေကို ကြံ့ခိုင်ရေးပါတီနဲ့ တစညပါတီတွေကို စေလွှတ် ဝင်ရောက်ယှဉ်ပြိုင်နေတာတွေကြောင့် ပါတီတွေအကြား အခွင့်အလမ်းတန်းတူညီမျှမှု မရှိတော့ကြောင်း ဝေဖန်ပြောဆိုခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်များအကြား စစ်ကောင်စီက ပေါက်နှင့် စလင်းတွင် လေကြောင်းရော လက်နက်ကြီးများဖြင့်ပါ တိုက်ခိုက်နေ၊ အသက် ၁၃နှစ်အရွယ် မိန်းကလေးငယ် ၁ဦး လက်နက်ကြီး ထိမှန်သေဆုံးပြီး လေကြောင်းရန် တိမ်းရှောင်နေရသူ ၈ ထောင်ကျော် ရှိ

နိုင်ငံတစ်ဝန်း ငလျင်လှုပ်ခတ်မှုတွေ ဖြစ်ပေါ်နေပေမယ့် စစ်ကောင်စီက မကွေးတိုင်း စလင်းမြို့နယ်နဲ့  စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေကြောင်း သိရပါတယ်။
Read More

ကော့ကရိတ်မြို့တောင်ပိုင်းရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်၊ စစ်တပ်က ၇ ဦးထက်မနည်း သေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ပိုင်းရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၇ ယောက်ထက်မနည်း သေပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ Southern Eagle PDF က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင်၏ ရွေးကော်အဖွဲ့ဝင်များကို အကြမ်းဖက်သမားများအဖြစ် NUG ကြေညာ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် ထုတ်ပြန်ကြေညာခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၂၅ ယောက်ကိုလည်း အကြမ်းဖက်သမားတွေအဖြစ် ကြေညာလိုက်ပါတယ်။
Read More

စလင်းမှာ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၃ ယောက်သေပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သရက်ချည်ကျေးရွာ အနီးတဝိုက် ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၃ ယောက်သေပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ ၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ထိုးစစ်တွေကြောင့် ရက်ပိုင်းအတွင်း ဂွမြို့ထဲအထိ AA ရောက်ရှိလာနိုင်၊ အမ်းက စစ်ကောင်စီတပ်စခန်းတွေကိုလည်း ဆက်တိုက်သိမ်းပိုက်နေ

ရခိုင်ပြည်နယ် အမ်းနဲ့ ဂွမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၄ ခုကို အာရက္ခတပ်တော် AAက ထပ်မံသိမ်းပိုက်လိုက်ပြီး ရက်ပိုင်းအတွင်းမှာ  ဂွမြို့ကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ဖွယ်ရှိကြောင်း  စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်
Read More

ယောဒေသ ထီးလင်း၊ ဂန့်ဂေါ၊ ကျောက်ထုနဲ့ ဆောတို့မှာ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေ

မကွေးတိုင်း၊ ယောဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်က နေ့စဥ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေလုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။