စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို စောင့်ကြိုတိုက်ခိုက်ရာက နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၅ ယောက် သေဆုံးသွားတယ်လို့ ကျောင်းသားတော်လှန်ရေးတပ်တော် ( S.R.F )  ပြောရေးဆိုခွင့်ရှိသူ  သူသူခိုင်က မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ ၁၄ရက်၊ မနက်ပိုင်းက မင်းကင်းမြို့နယ်၊ ကံရွာနဲ့ တောင်ယာတောရွာ အထိုင်စခန်းတွေကနေ ထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သတင်းအရ စောင့်ကြိုတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

စစ်​ကြောင်းဟာ အင်အား၅၀ နီးပါးနဲ့ ကံရွာကနေ ပျဥ်းပင်မှော်ရွာဘက် ထွက်ခွာလာတာဖြစ်ပြီး နှစ်ရွာကြား ဒိုးနွယ်ရွာ အရောက်မှာ ထိတွေ့မှု ဖြစ်ခဲ့တာလို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အဲ့ဒီနောက် နှစ်ဖက် အပြန်အလှန်တိုက်ပွဲ အချိန် (၁)နာရီကြာခဲ့ပြီး ကျောင်းသားတော်လှန်ရေးတပ်တော်(S.R.F) ရဲ့မိုင်းတွေကြောင့် စစ်ကြောင်းထဲက အကြမ်းဖက်စစ်သား ၅ ယောက် ထိခိုက်ဒဏ်ရာအပြင်း အထန်ရသွားခဲ့တယ်လို့ သိရပါတယ်။

ကျောင်းသားတော်လှန်ရေး တပ်တော်(S.R.F) တပ်ဖွဲ့ဝင်များအားတွေ့ရစဥ် (ပုံဟောင်း)

“ကျွန်တော်တို့အညာမှာ မိုင်းကိုပဲ အဓိကထားသုံး ရတာဆိုတော့ အဲ့ဒါနဲ့အဓိကထား တိုက်ခိုက်ခဲ့ တာပါ။ ထိတဲ့ကောင်တွေသေဖို့ များပါတယ်။ သူတို့ အထိုင်စခန်းကနေ ထွက်လာပြီး ကျွန်တော်တို့နဲ့ ၂ နေရာလောက် ထိတွေ့မှုဖြစ်ခဲ့တယ်။ အဲ့ဒီနောက်မှာတော့  ပြန်ဆုတ်သွားပါတယ်” လို့ ကျောင်းသားတော်လှန်ရေးတပ်တော် ( S.R.F ) ပြောရေးဆိုခွင့်ရှိသူ သူသူခိုင်က မောင်းကို ပြောပါတယ်။

လက်ရှိ ၂၀၂၆ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်က မင်းကင်းမြို့နယ် အတွင်းမှာ စစ်အင်အားတွေ ပိုမိုဖြည့်တင်းလာသလို လက်နက်ခဲယမ်းတွေလည်း အထိုင်တပ်တွေဆီ တိုးမြှင့်တပ်ဆင် ပေးလာတဲ့အပြင် အတုအယောင်ရွေးကောက်ပွဲ ကာလအလွန် စစ်ကြောင်းထိုး လာနိုင်ချေတွေရှိနေတယ် လို့လည်း သိရပါတယ်။

” ဒီ၂၀၂၆ထဲမှာပဲ မင်းကင်းမြို့ပေါ်မှာ လေယာဥ်ဆင်းတာတွေ လူအင်အားတိုးမြှင့်တာတွေ လုပ်လာတာတွေရတယ်။ လက်နက်ကောင်းတွေ ချပေးတာတွေ လူအင်အား ၅၀ အထက်ချ ပေးလာတွေ ရှိပါတယ်။  နောက်ပိုင်း ရန်သူဖက်က ဘေးပတ်လည်ကို မထင်ရင်မထင်သလို့ ရမ်းသမ်းပစ်ခတ် တာမျိုးတွေလုပ်လာတယ်၊ အခုတိုက်ပွဲဖြစ်တဲ့ အခြေနေဆို သူတို့ဘက်က စပြီးလုပ်ရှားလာတာ မျိုးပေါ့။ ဒါ့ကြောင့် ပြည်သူတွေ သတိထားနေထိုင်ကြဖို့ လိုပါတယ်” လို့  S.R.F  ပြောရေးဆိုခွင့်ရှိသူ သူသူခိုင်က မောင်းကို ပြောပါတယ်။

ကျောင်းသားတော်လှန်ရေးတပ်တော် ( S.R.F ) ကတော့ ပြည်သူလူထု အကျိုးကိုရှေးရှုပြီး အဖိနှိပ်ခံ ပြည်သူတွေနဲ့အတူ အာဏာရှင်မှန်သမျှကို ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်း ပြောဆို ထားပါတယ်။

0 Shares:
You May Also Like
Read More

သီပေါတွင် စစ်ကောင်စီ၏ လက်ကျန်မိုင်းကြောင့် အမျိုးသမီး ၁ ဦး ခြေထောက် ၁ ဖက် ဆုံးရှုံးခဲ့ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာမှာ ဒေသခံ အမျိုးသမီးတစ်ယောက် ခြံရှင်းလင်းရင်း စစ်ကောင်စီရဲ့ လက်ကျန်မိုင်းကို ထိမိကာ ဘယ်ဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းကနေ လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်သားများအတွက် ကြိုဆိုပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျ စစ်ကြောင်းကနေ လက်နက်ခဲယမ်းနဲ့အတူ လာရောက်ပူးပေါင်းလာတဲ့ စစ်သားတွေကို ကြိုဆိုထောက်ခံပွဲနဲ့ ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံတွင် တစ်ရက်တည်းတိုက်ခိုက်ရေး နှစ်ကြိမ်ဖော်ဆောင်၊ အကြမ်းဖက်စစ်သား ၁၃ ဦး သေဆုံး

မန္တလေးတိုင်း၊မြင်းခြံခရိုင်၊မြင်းခြံမြို့မှာ Myingyan Black Tiger မြင်းခြံခရိုင်အမှတ်(၉) တပ်ရင်းနဲ့အတူပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၆ ရက်နေ့ တစ်ရက်တည်းမှာ တိုက်ခိုက်ရေးနှစ်ကြိမ်ဖော်ဆောင်လိုက်ပြီး အကြမ်းဖက်စစ်သား ၁၃ ယောက် သေဆုံး သွားတယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

သမိုင်းဝင်ခြံအမှတ် ၅၄ ကိုလျှော့စျေးဖြင့် လေလံတင်မတင် ရက်ပိုင်းအတွင်း တရားရုံးကဆုံးဖြတ်မည်

ရန်ကုန်မြို့က သမိုင်းဝင် ခြံအမှတ် (၅၄) ကိုလျှော့စျေးနဲ့ လေလံတင်၊ မတင် မကြာခင်ရက်ပိုင်းအတွင်းတရားရုံးက ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ရဲ့ အမွေဆိုင် နေအိမ်ဖြစ်တဲ့ ရန်ကုန်မြို့ အင်းလျားကန်ဘေးက ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို ဈေးလျှော့ပြီး လေးကြိမ်မြောက် လေလံတင်မဲ့အပေါ် နှစ်ဖက်ရှေ့နေတွေက ကမာရွတ်ခရိုင်တရားရုံးမှာ မတ်လ ၂၀ ရက်နေ့က လျှောက်လဲချက် ပေးခဲ့ပါတယ်။
Read More

တော်လှန်ရေး အရှိန်မြင့်လာသလို ပြည်သူတွေ လုံခြုံရေး ပိုဂရုစိုက်ကြဖို့ ရန်ကုန်မြို့ပြ တော်လှန်ရေးအဖွဲ့တွေ သတိပေး

စစ်အာဏာရှင် အမြစ်ပြတ်စေဖို့ တော်လှန်ရေးအရှိန်အဟုန် မြင့်လာတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေး ပိုမိုဂရုစိုက်စေချင်တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။
Read More

ကန်ပက်လက်တွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ရှောင်တိမ်းနေရသည့် စစ်ရှောင်များ စားနပ်ရိက္ခာ လိုအပ်နေ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာတွေမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဒေသခံများစွာ တောထဲတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။