၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း အလင်းဝင်ပူးပေါင်း၊ လက်နက်ချနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ အကြမ်းဖက်စစ်တပ် လက်အောက်ခံ စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၅၅ ယောက် ရှိခဲ့တယ် လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဇန်နဝါရီ ၁၅ မှာ ထုတ်ပြန်ထား ပါတယ်။

အလင်းဝင်ပူးပေါင်းလာသူ စုစုပေါင်း ၁၃ ယောက်မှာ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊  တနင်္သာရီတိုင်း၊  စစ်ကိုင်းတိုင်း တို့က ပါဝင်တယ်လို့ ဆိုပါတယ်။

အလင်းဝင်ပူး ပေါင်းလာသူ စစ်သား ၁၃ ထဲက  ၁၁ ယောက်ဟာ စစ်မှုထမ်းတပ်သား သစ်တွေ ဖြစ်ကြတယ်လို့ဆိုပါတယ်။

ဒါအပြင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း ၄၂ ယောက်ရှိပြီး အကြမ်းဖက် စစ်သား ၄၀ ပါဝင်ကာ ရန်ကုန်တိုင်းက ပြည်သူ့စစ် ၂  ယောက်ပါဝင် တယ်လို့ သိရပါတယ်။

စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ အကြမ်းဖက် စစ်သားတွေကတော့ ချင်းပြည်နယ် ၂၂ ယောက်၊ ပဲခူးတိုင်း ၁၅၊ မကွေးတိုင်း ၁၊ မန္တလေးတိုင်း ၂ ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲပြီးသွားရင် နိုင်ငံရေးအပြောင်းအလဲ ရှိလာလိမ့်မယ်ဆိုပြီး စစ်ပန်းနေတဲ့ အောက်ခြေစစ်သည်တွေကို ချွေးသိပ်ထားခဲ့ပေမယ့် လက်တွေ့ဘဝနဲ့ တော့ ခြားနားနေဆဲ ပါပဲလို့ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က အလင်းဝင်လာတဲ့ စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် ၃၉ ယောက်ရှိပြီး လက်နက်ချ အညံခံတဲ့ တပ်သား ၄ ယောက်အပြင်  စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူ ၉၈ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ဆီက သိရပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ  ဒီဇင်ဘာလအထိ အကြမ်းဖက်စစ်အုပ်စုကို စွန့်ခွာကာ လက်နက်ချ၊အလင်းဝင်ပူးပေါင်းနဲ့ စစ်သုံ့ပန်း စုစု‌‌ပေါင်း ၂၅၇၈ ယောက် အထိ ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန် ထားပါတယ်။

0 Shares:
You May Also Like
Read More

လားရှိုးမြို့က မန်နားကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်လို့ အရပ်သား ၉ ယောက် ဒဏ်ရာရပြီး ၃ ယောက် ဒဏ်ရာပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် - MNDAA က သိမ်းပိုက်ထားတဲ့ လားရှိုးမြို့၊ မန်နားကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၉ ယောက် ဒဏ်ရာရပြီး ၃ ယောက် ဒဏ်ရာပြင်းထန်တယ်လို့ လားရှိုးမြို့ ပြန် လည်ထူထောင်ရေးက ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ခလရ (၂၃၅) မှ အဓမ္မစစ်မှုထမ်း တပ်သား ၅ ဦး နွားထိုးကြီး PDF ဆီ လက်နက်နှင့်တကွ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အခြေစိုက် အကြမ်းဖက်တပ်မ (၁၀၁) လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ မြိုင်မြို့နယ်က အကြမ်းဖက် ခလရ (၂၃၅) တပ်ရင်းမှာ အဓမ္မစစ်သားစုဆောင်းခံထားရတဲ့ တပ်သား ၅ ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း - Natogyi People Defence Force က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်း လွှဲဆိပ်ရွာအနီး ပိတ်မိခဲ့သည့် ကုန်တင်ကားတန်း ရာချီကို စစ်အုပ်စု ထပ်မံပိတ်ဆို့ထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းက လွှဲဆိပ်ရွာအနီး ပိတ်မိခဲ့တဲ့ ကုန်တင်ကားတန်း အစီး ၈၀၀ ကျော်ဟာ လက်ရှိမှာ စစ်အုပ်စုထိန်းချုပ်ရာ ငှက်ပျောတိုင်းရွာသစ်ကနေ ဘူးကုန်းရွာလမ်းပိုင်းအတွင်း ထပ်မံပိတ်မိနေပြီး စားနပ်ရိက္ခာပြတ်လပ်မှုတွေပါရှိနေကြောင်း ကန့်ဘလူခရိုင် တပ်ရင်း -၃ ထောက်လှမ်းရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

မိုးဗြဲတိုက်ပွဲတွင် အသက် ၂၁နှစ်ရွယ် ဒုတပ်စိတ်မှူး ရဲဘော် ဂျွန်နယူးမင်းနဲနယ် (ခ) ဖားတီ မြင့်မြတ်စွာ ကျဆုံး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ရှမ်းတောင် (ကယား) ကရင်နီ တိုင်းစစ်ဌာန၊ အမှတ် (၁၁၀၆) တပ်ရင်းက ဒုတပ်စိတ်မှူး ရဲဘော် ဂျွန်နယူးမင်းနဲနယ် (ခ) ဖားတီဟာ မိုးဗြဲမြို့ တိုက်ပွဲမှာ မြင့်မြတ်စွာ ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

အမေရိကန်ဖွား ကာဒီနယ် ရောဘတ် ဖရန်စစ် ပရက်ဗော့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ကြေညာ

ရိုမန်ကတ်သလစ်ကျောင်းတော်ရဲ့ ၂၆၇ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် အသက် ၆၉ နှစ်အရွယ် အမေရိကန်ဖွား ကာဒီနယ် ရောဘတ်ဖရန်စစ်ပရက်ဗို့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ဗာတီကန်မှာ ကြေညာလိုက်ပြီဖြစ်ပါတယ်။
Read More

ဒေါပုံမှာ သန်းခေါင်စာရင်းလိုက်ကောက်တဲ့ ရာအိမ်မှူးနဲ့အဖွဲ့ကို ဓာတ်ဆီ ပက်ပြီး မီးရှို့တိုက်ခိုက်

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာ စစ်မှုထမ်းနဲ့ ရွေးကောက်ပွဲအတွက်  သန်းခေါင်စာရင်းလာကောက်တဲ့ ရာအိမ်မှူးနဲ့အဖွဲ့ကို အိမ်ရှင်အမျိုးသားက ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။