စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်က ကလေးဝ-ရေဦးလမ်းမကြီးနဲ့ ဆက်စပ်ရှောင်ကွင်း လမ်းတွေမှာ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေရဲ့ ခွင့်ပြုချက်မရပဲ လက်နက် ခဲယမ်းသယ်ဆောင် တာတွေ မလုပ်ကြဖို့ အသိပေးထားတယ်လို့ ကလေးခရိုင် စစ်ရေးတာဝန်ရှိသူ တယောက်က မောင်းကို ပြောပါတယ်။

လုံခြုံရေး အခြေအနေတွေ အရ ကလေးဝ-ရေဦးလမ်းမကြီးအပါအဝင် အဲ့ဒီလမ်းမကြီးပေါ်က ယုဇလယ်၊ အောင်ချမ်းသာ-သက္ကယ်ကျင်းစတဲ့ ရှောင်ကွင်း လမ်းတွေမှာ ခရီးသွားလာပါက လက်နက်ခဲယမ်း သယ်ဆောင်သွားလာတာ၊ စစ်ဝတ်တန်ဆာ ဝတ်ဆင်တာနဲ့ လက်နက် ကိုင်ဆောင်သွား လာတာတွေကို သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေရဲ့ ခွင့်ပြုချက် ရယူပြီးမှသာ သွားလာခွင့် ပြုတော့မယ်လို့ သိရပါတယ်။

“ကလေးဝနယ်မှာ ကျနော်တို့ အပြင် အခြားတော်လှန်ရေးတပ်တွေ မရှိပါဘူး။ ပျူတွေပဲရှိတယ်။ ဒီတော့ ရန်သူနဲ့ကိုယ့်လူ ကွဲပြားအောင်ပါ။  ဘာလို့ဆို သူတို့ကလည်း အရပ်ဝတ် လက်နက်ကိုင် ပုံစံမျိုး ဝတ်လေ့ရှိလို့ပါ” လို့ ကလေးခရိုင် စစ်ရေးတာဝန်ရှိသူ တယောက်က မောင်းကို ပြောပါတယ်။

ဒီအသိ ပေးချက်ကို ဇန်နဝါရီလ ၁၆ ရက်နေ့ ကစလို့ လိုက်နာရမှာ ဖြစ်ပြီး ခွင့်ပြုချက်အတွက် ကလေးခရိုင် အမှတ်(၅) (၆) တပ်ရင်းတွေနဲ့ ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီ ကြိုတင် ဆက်သွယ် မေးမြန်းရမယ်လို့လည်း ဆိုထား ပါတယ်။

ကလေးဝ-ရေဦး လမ်းပိုင်းတစ်နေရာတွင် ကလေးဝ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် များအား တွေ့ရစဥ်(ပုံဟောင်း)

ကလေးဝ-ရေဦးလမ်းပိုင်းပေါ်က အောင်ချမ်းသာ၊ ဆင်အိုင်မ စတဲ့ ပျူစောထီးရွာတွေကို တော်လှန်ရေးတပ်တွေက နှစ်နဲ့ချီ ပိတ်ဆို့တိုက်ခိုက် နေတာဖြစ်ပြီး ကားလမ်း အသုံးပြုသူတွေ အနေနဲ့ လမ်းမကြီး အပါအဝင် ရှောင်ကွင်းလမ်း တွေကိုပါ အသုံးပြုနေ ကြရတာ ဖြစ်ပါတယ်။

“ကလေးဝနယ်ထဲက အောင်ချမ်းသာနဲ့ ဆင်အိုင်မ ပျူစခန်း၂ ခုကို ကျနော်တို့ ဝန်းရံပိတ်ဆို့ ထားတာ ကြာပြီ။ ဒီတော့ သူ့တို့မှာ စားနပ်ရိက္ခာ ပြတ်နေကြတယ်။ ဒါကြောင့် တခါတလေ အများပြည်သူ သွားလာနေတဲ့ လမ်းမကြီးပေါ် စိမ့်ထွက်လာတာ မျိုးတွေရှိတယ်။ ဒါကြောင့် သူ့လူကိုယ်လူ မမှားအောင်ပါ” လို့ တာဝန်ရှိသူကဆက်  ပြောပါတယ်။

ကလေးဝ နယ်အတွင်း  အောင်ချမ်းသာနဲ့ ဆင်အိုင်မ ပျူစောထီး ရွာတွေ အနီးတစ်ဝိုက်မှာသာ စစ်အုပ်စုအနေနဲ့ စိုးမိုးနိုင် တော့တာ ဖြစ်ပြီး အဲ့ဒီ စခန်းတွေကို ရှောင်ကွင်းသွားလာဖို့ လမ်းတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကနီမြို့နယ်ရှိ ပညာရေးကျောင်းများတွင် ပကဖ မှ လေကြောင်းအန္တရာယ် အသိပညာပေးမှုများ ပြုလုပ်… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ရှိ ပညာရေးကျောင်းတွေမှာ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဒုတာဝန်ခံ ဦးဆောင်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းအန္တရာယ် အသိပညာပေး သရုပ်ပြသင်တန်း ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့၏ အပတ်စဉ် (၄) စစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၄) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ဩဂုတ်လ ၁၅ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ်က စိုးမိုးနယ်‌မြေအတွင်း လေကြောင်း၊ မိုင်းနဲ့လက်နက်ကြီးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ… (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ စလင်းမြို့နယ်က စိုးမိုးနယ်‌မြေအတွင်းရှိ ကျေးရွာတွေမှာ စလင်းမြို့နယ်(ပ.က.ဖ)၊ဒု-တာဝန်ခံ(ပြည်သူ့ရေးရာ) နဲ့ ရဲဘော်တွေက တော်လှန်ရေးကာလ အသိပညာပေးစကားတွေ ဟောပြောအားပေးခဲ့ပြီး လေကြောင်း၊ မိုင်းနဲ့လက်နက်ကြီးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေ ပေးခဲ့တယ်လို့ စလင်းမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ဖြူ-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ချုံချင့်အထိ တိုးချဲ့နိုင်ဖို့ စစ်ကောင်စီ ပြင်ဆင်နေဟု ဆို

မြန်မာနိုင်ငံမှာ LNG ဆိပ်ကမ်း တည်ဆောက်ကာ သဘာဝဓာတ်ငွေ့တွေ ထုတ်ယူပြီး စစ်ကောင်စီက တရုတ်နိုင်ငံကို တင်ပို့ဖို့ စီစဉ်နေတယ်လို့  စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ညောင်လေးပင်ခရိုင်တွင် အကြမ်းဖက်စစ်တပ် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား (၁) ဦး သေဆုံး၊ (၃) ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား (၁) ယောက် သေဆုံးပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်​ကျေးရွာက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ထုတ်ပြန်

မန္တလေးတိုင်း၊ ​တွင်းငယ်ကျေးရွာက အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ထားမှုနဲ့ ပတ်သက်ပြီး ၃ လအကြာ ဒီနေ့မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ထုတ်ပြန်လာပါတယ်။