မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိ​မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ပြည်သူ့အားမာန် PDF တပ်ဖွဲ့ရဲ့စခန်းတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တဲ့ အတွက် သိန်းရာဂဏန်း တန်ဖိုးရှိ ခဲယမ်းနဲ့ အသုံးအဆောင်တွေ မီးလောင် ဆုံးရှုံးခဲ့ရတယ်လို့ အဖွဲ့ တာဝန်ခံ ကိုကျီးကန်းက မောင်းကို ပြောပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမအပတ်ထဲ တော်လှန်ရေးတပ်ဖွဲ့ဝင် တချို့​ အကြမ်းဖက် စစ်တပ်ဆီ ဘက်ပြောင်းသွားပြီး တဲ့နောက် အခုလို နေရာအတိကျနဲ့ စစ်ကြောင်းထိုး မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပခုက္ကူမြို့ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ရေစကြိုမြို့နယ်အတွင်း ၂ ညအိပ်တပ်စွဲဲရင်း ​မြို့တောင်ဘက် ကျေးရွာတွေဆီ စစ်ကြောင်းထိုး နေခဲ့တာလို့ သိရပါတယ်။

မီးရှို့ဖျက်ဆီးခံထားရသည့် ပြည်သူ့အားမာန် PDF စခန်းအား တွေ့ရစဥ်
မီးရှို့ဖျက်ဆီးခံထားရသည့် ပြည်သူ့အားမာန် PDF စခန်းအား တွေ့ရစဥ်

အဲ့ဒီနောက် ဇန်နဝါရီ ၁၄ ရက်နေ့မှာပဲ အရပ်သားတဲတွေနဲ့ ပြည်သူ့အားမာန် PDF  တပ်ဖွဲ့စခန်းတွေဆီ ဝင်ရောက်မီးရှို့ခဲ့တာလို့ ကိုကျီးကန်းက ပြောပါတယ်။

” ပြီးခဲ့တဲ့ တစ်ပက်လောက်တုန်းက  ဘက်ပြောင်းသွားတဲ့သုံးယောက်ရှိတယ်။  ကျွန်တော် တို့အဖွဲ့က မဟုတ်တော့အတိကျ ပြောမရဘူး။ အဲ့တာ သူတို့နဲ့ အတူ စစ်ကြောင်းထိုးလာနိုင်လို့ ကျနော်တို့က ကြိုရှောင်နေခဲ့တာပါ။  သူတို့ပါလို့လည်း ကျွန်တော် တို့ နေရာအတိကျ ကိုဝင်ရှို့သွားတာပါ”  လို့  ပြည်သူ့အားမာန် PDF တာဝန်ခံ ကိုကျီးကန်းက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ ပခုက္ကူမြို့နယ်၊ အင်ပင်ရွာဂိတ်မှာ ဂိတ်ချတပ်စွဲရင်း သုံးကြိမ်တိတိ ဝင်ရောက်မီးရှို့ခဲ့တာလို့လည်း ကိုကျီးကန်းက ပြောပါတယ်။

စစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သား စစ်ရှောင်တဲအိမ်တွေနဲ့ ပြည်သူ့အားမာန် PDF စခန်းအဆောင်တွေ ပြာကျပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

မီးရှို့ဖျက်ဆီးခံထားရသည့် ပြည်သူ့အားမာန် PDF စခန်းအား တွေ့ရစဥ်
မီးရှို့ဖျက်ဆီးခံထားရသည့် ပြည်သူ့အားမာန် PDF စခန်းအား တွေ့ရစဥ်

” အခု သူတို့မီးရှို့သွားတာ ကျနော်တို့ရဲ့အဓိကစခန်းနေရာပါ။ ကျနော်တို့ကတော့ သူတို့ပခုက္ကူကနေထွက်လာတည်းကသိလို့ ကြိုရှောင်ထားနိုင်တာ။  လူတွေတော့ဘေးကင်းပါတယ်။  ဒါပေမယ့် မသယ်ပဲ ကျန်ခဲ့တဲ့ ခဲယမ်းအချို့ရယ်  အသုံးဆောင်တွေရယ်နဲ့ ဆိုလာပြားတွေက အကုန်ဆုံးရှုံး သွားပါတယ်။  နောက်ပြီး စစ်ကြောင်းကို ထောက်လှမ်းတဲ့ ဒရုန်းတစ်စီးလည်း ပျက်စီးဆုံးရှုံးခဲ့ပါသေးတယ် ” လို့  ပြည်သူ့အားမာန် PDF တာဝန်ခံ ကိုကျီးကန်းက မောင်းကို ပြောပါတယ်။

အခုလိုပျက်စီးဆုံးရှုံးမှုတွေကြောင့် တော်လှန်ရေးကို စိတ်ပျက်သွားမှာမဟုတ်ပဲ ပြည်သူတွေအတွက်ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်သလို လိုအပ်တဲ့ အကူညီတွေလည်း ပေးစေချင်တယ်လို့  ပြည်သူ့အားမာန် PDF အဖွဲ့က ထုတ်ပြန်ထား ပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာမြို့နယ်တွင် စစ်တပ်ဂိတ်စခန်းများကို မြင်းခြံခရိုင် တပ်ရင်း (၃) တပြိုင်တည်း စီးနင်းတိုက်ခိုက်၊ စစ်သားအလောင်း ၃ လောင်း တွေ့ရှိကာ ဂိတ်များကို မီးရှို့ဖျက်ဆီးနိုင်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေကို တပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်သားတချို့ သေဆုံးခဲ့ပြီး ဂိတ်စခန်းတွေ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စင်တင်ဘာလအတွင်း PDF နဲ့ပကဖ တွေပူးပေါင်းပြီး စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်မှု ရာနှုန်းပြည့် အောင်မြင်ခဲ့တယ်ဟု PDF Insight က ထုတ်ပြန်

စက်တင်ဘာလအတွင်း ပြည်သူ့တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံတဝန်း စခန်းသိမ်းတိုက်ပွဲနဲ့ စစ်ရေးတိုက်ခိုက်မှု ၁၂ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပြီး ရာနှုန်းပြည့် သိမ်းပိုက်ထိန်းချုပ်မှုတွေ ရရှိခဲ့ကြောင်း စစ်ရေးသတင်းတွေကို အကျဉ်းချုပ်ဖော်ပြလေ့ရှိတဲ့ PDF Insight က ထုတ်ပြန်ပါတယ်။
Read More

စစ်ဆရာဝန်တွေပါ လိုအပ်ရင်တိုက်ပွဲတွေမှာ ဝင်တိုက်ပေးဖို့ မင်းအောင်လှိုင်က ဆိုပြန်

စစ်သားအင်အား အမြောက်အမြားလိုအပ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလိုအပ်လာရင် တိုက်ပွဲတွေအတွက် စစ်ဆရာဝန်တွေပါ ဝင်ရောက်တိုက်ခိုက်ပေးဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။
Read More

ကပစ ၁၁ တိုက်ခိုက်ခံရမှုမှာ အရာရှိနှင့်တပ်သား ၅ ဦးသေပြီး ၁၆ ဦး အပြင်းထန်ဒဏ်ရာရ လက်နက်စက်ရုံ၊ ရိက္ခာနဲ့ ခဲယမ်း ဂိုဒေါင်တွေပါ မီးလောင်ပျက်စီးခဲ့လို့ စစ်အုပ်စု သတင်းဖုံးဖို့လုပ်နေ

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ ကပစ ၁၁ ကို တာဝေးပစ်မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုများခဲ့ပြီး အဆောက်အဦးတချို့ မီးလောင်ပျက်စီးတာတွေရှိခဲ့ကြောင်း Urban Special Operation (U.S.O) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒီးမော့ဆိုတိုက်ပွဲတွင် ၆ လသားအရွယ်နှင့် ၄ နှစ်အရွယ် ကလေးငယ် ၂ ဦး၏ ဖခင် ရဲဘော် မောင်ကျော့ကင်း ကျဆုံး

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ် (၈) တပ်ရင်း တပ်ခွဲ (၃) မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် မောင်ကျော့ကင်းဟာ ဒီးမော့ဆိုတိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၇ဦး သေဆုံးဟုဆို

မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်ကနေ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှ၊ နေ့လယ် ၁ နာရီ အချိန်မှာ အင်အား ၁၅၀ခန့်နဲ့ ရေးမြို့နယ်၊ ပဒေါင်းကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်တာဖြစ်ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်တွေဘက်မှ ၃ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။