စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ်စခန်းကို အင်အားဖြည့်ဖို့လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Yae Nagar ကသတင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့က မကွေးတိုင်း ရေစကြိုမြို့မှ စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ် စခန်းကို အင်အားဖြည့်ဖို့လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို သနပ်ကုန်းကျေးရွာနဲ့ ဇီးကျွန်းကျေးရွာကြား တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၁ ယောက်ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အကြမ်းဖက်စစ်ကြောင်းဟာ ကျောက်ရစ်ကျေးရွာအနောက်ဘက်မှာ တပ်ချိန်းပြီး ကျောက်တန်းရွာမှ နနွင်းကိုင်းကျေးရွာဘက် ဦးတည်လာနေတဲ့ အချိန် တော်လှန်ရေးတပ် တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိ သွားတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်ဟာ ရေစကြိုဘက်ကနေ ၁၂၀ မမ လက်နက်ကြီးပစ်ကူအပြင် စက် လှေတွေနဲ့ အင်အားထပ်ဖြည့်လာတဲ့ အတွက် တော်လှန်ရေးရဲဘော်တွေ ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ဒဏ်ရာရရှိသွားတဲ့ အကြမ်းဖက်စစ်သား ၅ ယောက်ဟာ ရေစကြိုဆေးရုံကြီးမှာ ကုသနေချိန် ထပ်မံ သေဆုံးခဲ့တယ်လို့ ဖရဲသီးရဲ့ သတင်းပေးပို့ချက်အရ သိရတယ်လို့  Yae Nagar ကထုတ်ပြန် ထားပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေး ရေနဂါးစစ်ကြောင်းနဲ့ အခြားမဟာမိတ်အဖွဲ့တွေက ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။

Video – Yae Nagar

0 Shares:
You May Also Like
Read More

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သားဖြစ်သူတောင်းဆိုစာကို ယူကေရှိ မြန်မာသံရုံး လက်မခံ (ရုပ်/သံ)

စစ်တပ်က အာဏာသိမ်းပြီး မတရားဖမ်းဆီးခံရထားရတဲ့ အမေ့ကို လွှတ်ပေးဖို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက စာရေးသားတောင်းဆို ချက်ကို ယူကေရှိ မြန်မာသံရုံးသို့ သွားရောက်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖမ်းမိထားသည့် စစ်ကောင်စီတပ်သားများကို ဒေသခံပြည်သူများ ဝိုင်းဝန်းရိုက်နှက်သဖြင့် တော်လှန်ရေးရဲဘော်များ တားဆီးခဲ့ရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် စီမံကိန်းရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံပြည်သူတွေက ဝိုင်းဝန်းရိုက်နှက်တဲ့အတွက် တော်လှန်ရေးရဲဘော်တွေက တားဆီးခဲ့ရတဲ့ ရုပ်သံဖိုင်တစ်ခုကို ပခုက္ကူခရိုင် တပ်ရင်း-၁၅ က ထုတ်ပြန်ခဲ့ပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေ ဝှက်ထားတဲ့ လက်နက်တွေကို သိမ်းဆည်းရရှိ (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေ ဝှက် ထားတဲ့ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Chin Defence Force - Mindat မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

သံတောင်-တောင်ငူလမ်းပိုင်းမှာ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၆ယောက်သေ (ရုပ်/သံ)

သံတောင်-တောင်ငူလမ်းပိုင်း၊ တောပြာကြီးလမ်းခွမှာ စစ်ကောင်စီရဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ယောက် သေဆုံးကာ ကားတစ်စီး တိမ်းမှောက်ပျက်စီးခဲ့တယ်လို့ KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ Thawthikho က ထုတ်ပြန်ပါတယ်။
Read More

အင်အား ၂၀၀ ခန့်ရှိ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၇ ယောက်သေ၊ ဗိုလ်မှူးနှင့် ဗိုလ်ကြီး အပါအဝင် ၁၄ ယောက် ဖမ်းဆီးရမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ဝက်လူးရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၇ ယောက်သေကာ ဗိုလ်မှူး၊ ဗိုလ်ကြီးအပါအဝင် ၁၄ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းထံက သိရပါတယ်။
Read More

ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်သားများကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၉ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၉ ယောက် သေဆုံးခဲ့တယ်လို့ Black Vote Fighter Local PDF က သတင်းထုတ်ပြန်ထားပါတယ်။