ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်မှာ ဇန်နဝါရီ ၁၃ ရက် ညနက်ပိုင်းက မြန်မာလူငယ်တစ်စုက အခြားလူငယ် ၁ ယောက်ကို ဓားနဲ့ ဝိုင်းခုတ်မှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဓားခုတ်ခံရတဲ့ လူငယ်ဟာ ကိုယ်ခန္ဓာအနှံ့ ဒဏ်ရာတွေ ရရှိပြီး စိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်လို့ သိရပါတယ်။
ထိုင်းသတင်းဌာနတွေ ဖော်ပြတဲ့ CCTV မှတ်တမ်းဖိုင်ထဲမှာ ထွက်ပြေးလာတဲ့ လူငယ်ဟာ ဆိုင် တစ်ခုထဲ ဝင်ရောက်ဖို့ ကြိုးစားရာက နေလူတစ်စုရဲ့ ဖမ်းဆီးမှုခံရပြီး ဓား၊ တုတ်တွေနဲ့ အကြိမ်ကြိမ်ဝိုင်းဝန်း ရိုက်နှက်တာကို ခံခဲ့ရတာကို တွေ့ရပါတယ်။
ဝိုင်းဝန်းရိုက်နှက်သူတွေဟာ မြန်မာလူမျိုးတွေဖြစ်ပြီး မူးယစ်သောက်စား ထားကြတယ်လို့လည်း သိရပါတယ်။
ခေါက်ဆွဲမှာ အလုပ်လုပ်ကိုင်တဲ့ မိန်းကလေးကို သူ့ရဲ့ ချစ်သူက လာကြိုရာကနေ မိန်းကလေးကို တစ်ဖက်သတ်ချစ်ကြိုက်နေသူက အပေါင်းအသင်းတွေ ခေါ်ဆောင်ကာ အခုလို ဝိုင်းဝန်းရိုက်နှက်ခဲ့တာဖြစ်တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။
ပြစ်မှုကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက လိုက်လံစုံစမ်းနေပြီး အမြန်ဆုံးဖော်ထုတ်နိုင်ဖို့ လုပ်ဆောင်နေ တယ်လို့ သိရပါတယ်။
Video – น้าหนวดนิวส์