မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ကပစ ၂၂ လက်နက်ခဲယမ်းထုတ်လုပ်ရေး စက်ရုံဆီ သွယ်တန်းထားတဲ့ မီးကြိုးတွေကို ရှင်းလင်းပြီး ခဲယမ်းထုတ်လုပ်ရေးကို ရပ်တန့်စေခဲ့တယ်လို့ ဆိပ်ဖြူအခြေစိုက်​ တော်လှန်ရေးတပ်ဆီက သိရပါတယ်။

ဒီဇင်ဘာလ၂၃ရက်နဲ့ ဇန်နဝါရီလ ၆ရက်နေ့တွေက စလင်း မြို့နယ်က တဆင့်တိုက်ရိုက် သွယ်တန်းထားတဲ့ ဓာတ်တိုင်နဲ့ မီးကြိုးတွေကို မိုင်းခွဲဖျက်ဆီးခဲ့ပြီး  ကပစ ၂၂ လက်နက်ခဲယမ်း ထုတ်လုပ်ရေးစက်ရုံဆီ ဓာတ်အားလိုင်းရောက်ရှိ နေတာကို ဖြတ်တောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့လိုမိုင်းခွဲ ခဲ့တာကြောင့် စက်ရုံအတွင်း ထုတ်လုပ်ရေးတွေရပ်ဆိုင်းသွားခဲ့ပြီး  တစ်ပတ်ကြာ သောက်သုံးရေပြတ်လပ်စေခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NSP) က ပြောပါတယ်။

ဒါ့အပြင် မီးကြိုးနဲ့ ဓာတ်တိုင်တွေ လာရောက်ပြင်ဆင်တဲ့ အကြမ်းဖက်စစ်အုပ်စုတွေ ကိုလည်း နင်းမိုင်းတွေထောင်ထား ခဲ့တာကြောင့် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး Ldf နဲ့ အတူ ပခုက္ကူ ခရိုင် အမှတ် တပ်ရင်း (၄) တပ်ခွဲ(၃)၊ ဆိပ်​​ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) တို့ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video – Ko Htike

0 Shares:
You May Also Like
Read More

ဘားအံမြို့ စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်မှာရှိတဲ့ ရတနာမြေ (၂) စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်အုပ်စု ရွာ ၂ ရွာရှိ အိမ်ခြေ ၅၀ ကျော်ကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ပေါက်ပင်ရွာနဲ့ နဂါတွင်းရွာရှိ အိမ်ခြေ ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Monywa Revolution -MR က ထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်မြို့ပေါ် စစ်ကော်မရှင်တပ်စွဲထားသည့် နေရာများကို လက်နက်ကြီးငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ စစ်ကော်မရှင်တပ်သားတွေ တပ်စွဲထားတဲ့ နေရာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ညောင်ဦးခရိုင် အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

KNLA တပ်ရင်း ၇ နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ယာလာ့ပွာစခန်းကို တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

KNU ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ KNLA တပ်မဟာ(၃)နယ်မြေ၊ KNLA တပ်ရင်း(၇) နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ယာလာ့ပွာစခန်းကို ဧပြီ ၇ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

အာယုတောင်ကျေးရွာတွင် အင်အား ၇၀ ခန့်ရှိ စစ်အုပ်စုကို ရေးဘီလူး ဝင်ရောက်တိုက်ခိုက်၊ ပျူခေါင်းဆောင် ဒဏ်ရာရရှိပြီး ပျူ ၄ ဦးသေဆုံး (ရုပ်/သံ)

“အခုက ပျူစောထီးခေါင်းဆောင် လင်းဦးကို ဒုတိယအကြိမ် ဝင်ရောက်တိုက်ခိုက်တာပါ။ သူ့ရဲ့ ရုံးပေါ့။ အဲ့မှာ သူ့ရဲ့ တပ်သား ၄ဦးကျတယ်။ စိုးရိမ်ဒဏ်ရာရတာလည်း ရှိတယ်။ လင်းဦးကိုယ်တိုင်လည်း သေနတ်ထိသွားလို့ ရေးဆေးရုံကို ပို့ထားတယ်” လို့ ရေးဘီလူးခေါင်းဆောင်က မောင်းကို ပြောပါတယ်။
Read More

အရာတော်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် ဖမ်းထားသည့် ဓားစာခံ ၄ ဦးနှင့် ဘုန်းကြီး ၁ ပါးကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး အထိနာသွားတဲ့ စစ်ကောင်စီတပ်ထံကနေ ဓားစာခံ ၄ ယောက်နဲ့ ဘုန်းကြီး ၁ ပါးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဘုတလင်မြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။