ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်က မြန်မာအလုပ်သမား ၁၀၀ နီးပါးလောက်ဟာ လက်နက်ကိုယ်စီနဲ့ အုပ်စုဖွဲ့ ရုန်းရင်းဆန်ခတ် ခိုက်ရန် ဖြစ်ပွားခဲ့ကြရာ နှစ်ယောက် အပြင်း အထန်ဒဏ်ရာ ရရှိသွားပြီး ထိုင်းရဲတပ်ဖွဲ့က ပါဝင်သူတွေကို လိုက်လံရှာဖွေနေတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

မနေ့က ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၁၁ နာရီဝန်းကျင်အချိန်မှာ ချွန်ပူရီခရိုင်၊ ဖန်ထောင်မြို့နယ် (Phan Thong)၊ ဘန်ကောင်း တိုက်နယ်က ကွန်ဒိုအဆောင်တစ်ခုရဲ့ ရှေ့မှာ ရွေ့ပြောင်း မြန်မာလုပ်သား အုပ်စုနှစ်စု တုတ်၊ ဓားတွေ ကိုင်ဆောင်ပြီး အပြန်အလှန် လိုက်လံ တိုက်ခိုက်ခဲ့ ကြတာလို့ သိရပါတယ်။

အဲဒီနောက် မြန်မာလုပ်သား နှစ်ယောက် ဓားဒဏ်ရာ၊ ဦးခေါင်းနဲ့ ခန္ဓာကိုယ် ဒဏ်ရာရရှိ သွားတာကြောင့် ဖန်ထောင်ဆေးရုံကို အရေးပေါ် ပို့ဆောင် ခဲ့ရတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Khaosod)
(ဓာတ်ပုံ Khaosod)

အခုလို လူအင်အားအများ အပြားနဲ့ လမ်းလယ်မှာ အော်ဟစ်ဆဲဆို ရန်ဖြစ် တိုက်ခိုက်နေတာကြောင့်  လမ်းသွားလမ်းလာတွေနဲ့ ဒေသခံတွေဟာ ကြောက်လန့်တုန်လှုပ်ခဲ့ရပြီး ထိုင်းရဲတပ်ဖွဲ့က ရန်ပွဲဟာ  အရက်သောက်စားရာကနေ စတင်စကားများပြီး အုပ်စုဖွဲ့ရန်ဖြစ်ကြတာဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

 CCTV မှတ်တမ်းတွေအရ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့  အပူတပြင်း လိုက်လံစုံစမ်း ရှာဖွေနေတယ်လို့ သိရပါတယ်။

ယခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံသားတွေအကြား ဝေဖန်မှုတွေ ပြင်းထန်နေပြီး ပြစ်မှုကျူးလွန်သူတွေကို အလုပ်မှထုတ်ကာ နယ်နှင်ဒဏ်ပေးဖို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကနေတော့ ထိုင်းရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေ၊ စည်းမျဉ်းနဲ့ ယဉ်ကျေးမှုတွေကို လေးစားလိုက်နာဖို့နဲ့ အိမ်ရှင် ထိုင်းနိုင်ငံရဲ့ လူမှုအသိုင်းအဝိုင်းနဲ့ သဟဇာတဖြစ်အောင် နေထိုင်ဖို့ကို မေတ္တာရပ်ခံ ပန်ကြားထားပါတယ်။

(ဓာတ်ပုံ Khaosod)
0 Shares:
You May Also Like
Read More

(၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံတွင် NUG ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေ

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ အောက်တိုဘာလ ၁၉ ရက်ကနေ ၂၃ ရက်အထိ ကျင်းပနေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဒေါက်တာဝင်းမြတ်အေးနဲ့ ဒေါ်ဇင်မာအောင်တို့ ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံရှိ စက္ကူအိတ်ထုတ်စက်ရုံမှ အလုပ်ထုတ်ခံရသည့် အလုပ်သမားခေါင်းဆောင်များကို ကူညီ အမှုဖွင့် တိုင်ကြားပေးခဲ့

ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ Earth Environmentai Protection Technology စက္ကူအိတ်ထုတ်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင်တွေကို ကူညီပြီး အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် အုန်းဖျန်မြို့က ဂီတဖျော်ဖြေပွဲမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား၊ ၃ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရ…

ထိုင်းနိုင်ငံနယ်စပ်က မြန်မာနဲ့ ကရင်လူမျိုးတွေ အများအပြား နေထိုင်တဲ့ အုန်းဖျံမြို့မှာ ဒီဇင်ဘာလ ၁၃ ရက် ညပိုင်းက ဂီတပွဲတော် လုပ်နေချိန် ဗုံးပေါက်ကွဲပြီး ပွဲလာရောက်ကြည့်ရှုသူ ၃ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ခက်ခဲဒုက္ခရောက်နေသည့် မြန်မာပြည်သူများကို ဖေးမကူညီမည်ဟု ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပြော

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

လွှတ်တော်အမတ် အီဂန်းအီလ်နဲ့ တောင်ကိုရီးယား NUG ကိုယ်စားလှယ်ရုံးတို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့

တောင်ကိုရီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော် အမျိုးသားမူဝါဒကော်မတီအဖွဲ့ဝင် အမတ် အီဂန်းအီလ် (Lee Kang-il) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးတို့ဟာ ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်မှာ မြန်မာ့တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဉ်တွေအတွက် အချိန် ၁ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို စစ်ရေးကူညီပေးနေသည့် ဘယ်လာရုစ်နိုင်ငံ သမ္မတ မြန်မာပြည် လာဖို့ရှိ

အကြမ်းဖက် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အဂ္ဂမဟာသရေစည်သူဘွဲ့ ချီးမြှင့်ခံထားရတဲ့ ဘယ်လာရုစ်နိုင်ငံ သမ္မတ Mr. Alexander Gregoryevich ဟာ မြန်မာနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် လာရောက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။