ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်အတွင်းကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၂ နှစ်အရွယ်ကလေး တယောက်သေဆုံးသေဆုံးခဲ့ပြီး ပြည်သူ ၉ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)ဗဟို က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလ (၁၀) ရက်နေ့၊ ညနေ ၁ နာရီ ၄၀ မိနစ်အချိန်မှာ အကြမ်းဖက်စစ်တပ်ဟာ တိုက်လေယာဉ်တွေကို အသုံးပြုပြီး လယ်ဒိုစိုးမြို့နယ်၊ မြို့နယ်ရုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ လို့ဆိုပါတယ်။
အဲ့ဒီဘို တိုက်ခိုက်မှုကြောင့် အသက် (၂) နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးခဲ့ရပြီး အမျိုးသမီး (၈) ယောက်၊ အမျိုးသား (၁) ယောက်တို့မှာ ခန္ဓာကိုယ်အနှံ့ ထိခိုက်ဒဏ်ရာတွေ ရရှိသွားတယ်လို့ သိရပါတယ်။
စစ်တပ်ဟာ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေနဲ့ အတုယောင်ရွေးကောက်ပွဲ မပြုလုပ်နိုင်တဲ့ ဒေသတွေကို ရည်ရွယ်ချင်ရှိရှိနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေကို လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အထူးသဖြင့် ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်အတွင်းက ပြည်သူလူထုတွေကို အကြောက်တရားဖြစ်ပေါ်အောင်လို့ လူနေရပ်ကွက်တွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား ဦးတည် တိုက်ခိုက်နေတာဖြစ်တယ်လို့ KNU က ဆိုပါတယ်။
ဒါ့အပြင် အဲ့ဒီဒေသတွေအတွင်းမှာ ရွေးကောက်ပွဲအကြိုရက်တွေမှာလည်း လေကြောင်း ဗုံးကြဲတာတွေအပြင် လက်နက်ကြီးတွေနဲ့ပါ ရမ်းသန်းပစ်ခတ်တာတွေကို စစ်တပ်ကနေ စဉ်ဆက်မပြတ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အာဏာသိမ်းအကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးရ မှုများကို တွေ့ရစဥ် (KNU) 






