ရှမ်းပြည်နယ် မန်တုံမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၂ ရက်က (၆၃) နှစ်မြောက် တအောင်းတော်လှန်ရေးနေ့ အခမ်းအနား ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားမှာ စစ်သည်တွေဟာ လက်နက်အပြည့်အစုံနဲ့ အင်အား ထောင်ချီ တက်ခဲ့ကြပြီး သံချပ်ကာကား၊ အမြောက်နဲ့ လေယာဉ်ပစ်လက်နက်ကြီးတွေကို TNLA ထုတ်ပြခဲ့ပါတယ်။
တအောင်းတော်လှန်ရေးနေ့ အထိမ်းအမှတ် PSLF/TNLA မှ ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ကျော်ကို လွတ်မြောက်ချမ်းသာခွင့် ပေးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Video – Mine Aung Sar