ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဘောနယ်မြေမှာ မြန်မာနိုင်ငံသားအချို့က ထိုင်းလူမျိုးပို့ဆောင်ရေးဝန်ထမ်းတွေကို ဝိုင်းဝန်းရိုက်နှက်တဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့ပြီးတဲ့နောက် ထိုင်းရောက်မြန်မာအသိုင်းဝိုင်းအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ ရွှေ့ပြောင်း မြန်မာနိုင်ငံသားအရေးလှုပ်ရှားသူတချို့က တိုက်တွန်းနေကြပါတယ်။

ပြိးခဲ့တဲ့ ဇန်နဝါရီလ ၁၁ရက်၊ နေ့လည်ပိုင်းက ဘန်ဘောနယ်မြေ၊ စားသောက်ဆိုင်တစ်ခုရှေ့မှာ မြန်မာနိုင်ငံသားအချို့က ထိုင်းနိုင်ငံသား ပို့ဆောင်ရေးဝန်ထမ်းတွေကို စိန်ခေါ်ရိုက်နှက်နေတဲ့ ရုပ်သံဖိုင်ဟာ ထိုင်းလူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံ့သွားခဲ့ပါတယ်။

ရိုက်နှက်ခဲ့သူတွေဟာ အခင်းဖြစ်ပွားရာ မြန်မာစားသောက်ဆိုင်က မြန်မာနိုင်ငံသားဆိုင်ပိုင်ရှင်နဲ့ အဲဒီမှာလုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ ဖြစ်ကြပြီး၊ အဲ့ဒီထဲက မြန်မာအလုပ်သမားတယောက်နဲ့ ထိုင်းနိုင်ငံသား ပို့ဆောင်ရေးဝန်ထမ်းတယောက်ဟာ ဒီဖြစ်စဥ်မတိုင်ခင်မှာ ယာဥ်မတော်တဆမှု ဖြစ်လုနီးပါး အခြေအနေဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

ကျူးလွန်ခဲ့သူများအား တွေ့ရစဥ် (ဓာတ်ပုံ ထိုင်းသတင်းရင်းမြစ်)
ကျူးလွန်ခဲ့သူများအား တွေ့ရစဥ် (ဓာတ်ပုံ ထိုင်းသတင်းရင်းမြစ်)

အဲ့ဒီလို အချင်းချင်း ပဋိပက္ခဖြစ်ပွားပြီး ထိုင်းနိုင်ငံသားတွေကို အခုလိုဆိုင်နေရာအထိ စိန်ခေါ်ရိုက်နှက် ခဲ့တာလို့ အခြေအနေကိုသိတဲ့ ထိုင်းရောက်မြန်မာတစ်ဦးက ပြောပါတယ်။

ဒီဖြစ်စဥ်အတွင်း ထိုင်းပို့ဆောင်ရေးလုပ်သားတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတဲ့နောက် ထိုင်းအာဏာပိုင်တွေက အဆိုပါဆိုင်ကို စစ်ဆေးအရေးယူတာတွေလုပ်ဆောင်ခဲ့သလို၊ ကျုးလွန်သူတွေကိုလည်း အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်ကြောင့် ထိုင်းလူမျိုးတွေကြား မြန်မာနိုင်ငံသားနဲ့ ရွှေ့ပြောင်းလုပ်သားတွေအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုနေကြတဲ့အထိ အခြေအနေတွေတင်းမာနေသလို အခင်းနေရာကို နှုတ်ခမ်းမွှေးအဖွဲ့လို့ လူသိများတဲ့ ထိုင်းအမျိုးသားရေးလှုပ်ရှားသူတွေပါ ရောက်ရှိနေတယ်လို့ သိရပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီလုပ်ဆောင်နေတဲ့ AAC ကိုရဲမင်းကတော့ ဒီဖြစ်စဥ်ကြောင့် ထိုင်းရောက်မြန်မာတွေအတွက် အနေအစား ကြပ်လာနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“အားမနာ စတမ်းပြောရရင် ခုနောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်လာကြတဲ့ မြန်မာတချို့နဲ့ လူဟောင်းတွေထဲက မြန်မာအချို့ထဲမှာ ဟိုလူ့ပိုင်တယ်၊ ဒီလူ့ပိုင်တယ်ဆိုပြီး  အချင်းချင်း ခြိမ်းခြောက် ပါဝါပြဖိနှိပ်ချင်တဲ့ စကစ စရိုက်တွေ တွေ့လာရတယ်။ တော်လှန်ရေးအသိုင်းအဝိုင်းကဖြစ်စေ၊ စကစ အဝန်းအဝိုင်းကဖြစ်စေ၊ လာရောက်နေတာသည် ကိုယ့်နိုင်ငံ ကိုယ့်အိမ်မဟုတ်ဘူးဆိုတာ သတိချပ်ကြပါ” ဆိုပြီး ကိုရဲမင်းက သူ့ရဲ့လူ့မှုကွန်ရက်အကောင့်မှာ ရေးသားခဲ့ပါတယ်။

ကျူးလွန်ခဲ့သူများအား တွေ့ရစဥ် (ဓာတ်ပုံ ထိုင်းသတင်းရင်းမြစ်)

ဒါ့အပြင် ထိုင်းရောက် ဒီမိုကရေစီအရေး လှုပ်ရှားနေသူတယောက်ကလည်း “ဒီလိုလူမိုက်ဗီဇတွေနဲ့ မိုက်ပြတော့ အခုသိမ်းကျုံးပြီး မကောင်းမြင်ခံနေရပြီ။  ကိုယ့်နိုင်ငံမှာ အခြေနေ မကောင်းလို့ ဒီဘက်မှာ လာရောက်တိမ်းရှောင်နေတဲ့သူတွေကိုပါ ရောပြီးထိခိုက်ပါတယ်” လို့ မောင်းကို ပြောပါတယ်။

“ထိုင်းက အရင်လိုစီးပွားရေးမကောင်းတာရယ်၊ ကမ္ဘောဒီယားနဲ့လည်း ပဋိပက္ခဖြစ်နေတော့ မြန်မာပြည်မှာဆို ဝီရသူတို့လိုပေါ့ဗျာ … ဒီကိစ္စအပေါ် နှုတ်ခမ်းမွှေးတို့လို အမျိုးသားရေးဝါဒီတွေက နိုင်ငံခြားသားတွေအပေါ် လက်ညိုးထိုးအပြစ်ရှာပြီး နိုင်ငံရေးအမြတ်ထုတ်လာနိုင်တဲ့အတွက် အရင်ကထက် နေထိုင်ရပိုကြပ်လာနိုင်လို့ ထိုင်းရောက်မြန်မာတွေအနေနဲ့ အထူးသတိထားနေထိုင်စေချင်ပါတယ်” လို့ ၎င်းက ဆက်ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ သမ္မတကို လွှတ်တော်က တာဝန်ဆိုင်းငံ့…

တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုအောင်မြင်ခဲ့ပြီးနောက် ယွန်းဆွတ်ခ်ယိုးလ်ရဲ့ သမ္မတာဝန်တွေကို ဆိုင်းငံ့လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

အင်တာနက်အဖြတ်ခံရသည့် မြဝတီမှ ကျားဖြန့်များ စတားလင့်ခ်ကို အဓိကအသုံးပြုလာ

ကျားဖြန့်နှိမ်နင်းရေး စစ်ဆင်ရေးတွေအတွင်း အင်တာနက် ဖြတ်တောက်ခံထားခဲ့ရတဲ့ မြဝတီက ကျားဖြန့်လုပ်ငန်းတွေဟာ စတားလင့်ခ် အင်တာနက်ကို အဓိကအသုံးပြုလာကြောင်း လေ့လာသူတွေက ပြောပါတယ်။  
Read More

အီရန်ကို ဗုံးကြဲသည့် စစ်ဆင်ရေး ထရမ့်ကိုယ်တိုင် စောင့်ကြည့်ကွပ်ကဲမှု ပုံရိပ်များ အိမ်ဖြူတော် ထုတ်ပြန်

အီရန်နိုင်ငံရဲ့ နျူကလီးယား သုတေသန စခန်းတွေကို အမေရိကန်လေတပ်က ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေးကို စစ်ရေး ကွပ်ကဲမှုအခန်း (situation room)​ကနေ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် စောင့်ကြည့်ကွပ်ကဲနေတဲ့ ဓာတ်ပုံတွေကို အိမ်ဖြူတော်က ထုတ်ပြန်လာပါတယ်။
Read More

ARSA ခေါင်းဆောင်တစ်ဦးနှင့် နောက်ထပ် သံသယရှိသူ ၉ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မဖြင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ ဖမ်းဆီး

အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) ရဲ့ ထိပ်တန်းခေါင်းဆောင် Ataullah Abu Ammar Jununi နဲ့ အဖွဲ့ဝင်တွေအဖြစ် သံသယရှိသူ နောက်ထပ် ၉ ယောက်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း မတ်လ ၁၈ ရက်က Dhaka Tribune သတင်းမှာ ဖော်ပြပါတယ်။ 
Read More

ငလျင်ဒဏ်သင့်ဒေသများအတွက် ဗြိတိန်နှင့် ဩစတေးလျအစိုးရတို့ ငွေကြေးဆိုင်ရာ ကူညီထောက်ပံ့မှုများ စတင်ပေးအပ်

ဗြိတိန်နဲ့ ဩစတေးလျ အစိုးရတွေက မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ အင်အားပြင်းငလျင်အတွက်  သက်ဆိုင်ရာ အဖွဲ့အစည်းတွေကတဆင့် ငွေကြေးထောက်ပံ့ကူညီမှုတွေပြုလုပ်သွားမယ်လို့ သက်ဆိုင်ရာ သံရုံးတွေကနေ အသီးသီးထုတ်ပြန်ပါတယ်။
Read More

မြန်မာဘက်မှာ လူကုန်ကူးခံထားရသူတွေကို တစ်ရက် လူ ၅၀၀ နှုန်း ထိုင်း လွှဲပြောင်းလက်ခံမယ်

မြဝတီမြို့နယ်က ကျားဖြန့်လုပ်ငန်းတွေထံမှာ လူကုန်ကူးခံထားရတဲ့ နိုင်ငံခြားသားတွေကို ထိုင်းဘက်က တစ်ရက်ကို လူ ၅၀၀ နှုန်း လက်ခံသွားဖို့ သဘောတူထားကြောင်း သိရပါတယ်။ ဖေဖော်ဝါရီ ၁၅ရက် ဒီနေ့ ပြုလုပ်ခဲ့တဲ့ ထိုင်း-မြန်မာ နယ်စပ်ကော်မတီ အစည်းအဝေးမှာ နှစ်နိုင်ငံကြား အခုလို သဘောတူညီခဲ့တာ ဖြစ်တယ်လို့ ထိုင်းသတင်းမီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။