ထိုင်းလူမျိုး ပို့ဆောင်ရေးဝန်ထမ်းတွေကို စိန်ခေါ်ရိုက်နှက်ခဲ့တဲ့ မြန်မာအလုပ်သမားတွေဟာ ဒီနေ့ဇန်နဝါရီ ၁၃ ရက်နေ့မှာ ရဲစခန်းကို သွားရောက်အဖမ်းခံ တောင်းပန်ခဲ့တယ်လို့သိရပြီး အာဏာပိုင်တွေက ဒဏ်ငွေအဆင့်နဲ့ အရေးယူခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ၊ စမွတ်ပါကန်၊ ဘန်ဘိုနယ်မြေမှာ ထိုင်းလူမျိုးပို့ဆောင်ရေးဝန်ထမ်း ၃ ယောက်ကို မြန်မာနိုင်ငံသား စားသောက်ဆိုင်အလုပ်သမား ၆ ယောက်က စိန်ခေါ်ရိုက်နှက်တဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပွား ခဲ့ပါတယ်။

အဲဒီဖြစ်စဥ်ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ဟာ လူမူ့ကွန်ရက် စာမျက်နှာတွေထက် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့ ပါတယ်။

အဲ့ဒီနောက်မှာတော့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို အရေးယူပေးဖို့နဲ့ နယ်နှင်ဒဏ်ပေးဖို့အထိ ထိုင်းလူမျိုးတွေကပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားရာ စားသောက်ဆိုင်ကိုလည်း ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး ပိုင်ရှင်ဖြစ်သူ ထိုင်းနိုင်ငံသား အမျိုးသမီးကတဆင့် ဆိုင်ကိုတရားဝင် ဖွင့်လှစ်ထားခြင်း ရှိမရှိကိုပါ အသေးစိတ် စစ်ဆေးခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

(ဓာတ်ပုံ ထိုင်းသတင်းရင်းမြစ်)

ကျူးလွန်ခဲ့တဲ့ မြန်မာအလုပ်သမားတွေဟာ ပိုင်ရှင်ဖြစ်သူအမျိုးသမီးနဲ့အတူ ဘန်ဘို ရဲစခန်းကို သွားရောက် အဖမ်းခံခဲ့ပြီးပြစ်မှုအတွက် တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

အဓိကကျူးလွန်ခဲ့တဲ့ မစ္စတာဟန်ဆိုသူ အပါအဝင်အလုပ်သမား ၆ ယောက်ဟာ စိတ်မထိန်းနိုင်ပဲ လုပ်ဆောင်မိခဲ့တဲ့ အတွက် နောင်တရကာ ဝန်ခံတောင်းပန်ခဲ့တယ်လို့လည်း ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

ဘန်ဘိုရဲစခန်းက စုံစမ်းစစ်ဆေးရေး အရာရှိတွေကတော့ ဒီဖြစ်ရပ်ကို “ရန်ပွဲ” အဖြစ် သတ်မှတ်ပြီး နှစ်ဖက်စလုံး ဆန္ဒအလျောက် ပါဝင်ပတ်သက်မှုနဲ့ တရားစွဲဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာအလုပ်သမားတွေကို နစ်နာသူတွေ အတွက် ဘတ်ငွေ ၁၀,၀၀၀ ပေးဆောင်စေခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စားသောက်​ဆိုင်လိုင်စင်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ဆက်လက်စစ်ဆေးနေတယ်လို့လည်း ဆိုထားပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးလုပ်ဆောင်နေသူတွေနဲ့ ထိုင်းရောက်မြန်မာအသိုင်းအဝိုင်းကတော့ ဒီဖြစ်စဥ်ဟာ ချက်ချင်းမပြီးသွားနိုင်သေးပဲ နူတ်ခမ်းမွှေးလို့ လူသိများတဲ့ထိုင်း အမျိုးသားရေးလှုပ်ရှားသူများရဲ့ လှုပ်ရှားမှုတွေရှိလာနိုင်တာကြောင့် မြန်မာနိုင်ငံသားတွေ အထူးသတိပြုသင့်တယ်လို့  သတိပေးထားပါတယ်။

(ဓာတ်ပုံ ထိုင်းသတင်းရင်းမြစ်)
0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံအနေနဲ့ မြန်မာလူထုအပေါ် စာနာစိတ်ထား ကူညီပေးဖို့နဲ့ ယာယီနေထိုင်ခွင့်ပေးရေး NUCC တိုက်တွန်းတောင်းဆို

လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဆီက ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာပြည်သူလူထုအပေါ် ထိုင်းနိုင်ငံအနေနဲ့ စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေးဖို့နဲ့ အထောက်အထားမဲ့ မြန်မာပြည်သူတွေကို ထိုင်းနိုင်ငံအတွင်း ယာယီ နေထိုင်ခွင့်ပေးတဲ့ အစီအစဉ်တွေကို ရေးဆွဲ အတည်ပြုပေးဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က စက်တင်ဘာလ ၂၃ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီလက်ထက်မှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ စိတ်ကူးလို့တောင်မရဟု အမေရိကန်သံတမန် ပြော

အာဏာသိမ်းစစ်ကောင်စီလက်ထက် မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ရွေးကောက်ပွဲ ပေါ်ပေါက်လာဖို့ လက်ရှိမှာ စိတ်ကူးကြည့်ဖို့တောင် မဖြစ်နိုင်ဘူးလို့ အမေရိကန်သံတမန်တဦးက အောက်တိုဘာလ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။
Read More

အာဆီယံထိပ်သီးစည်းဝေးပွဲ တက်ရောက်ရန် မလေးရှားနိုင်ငံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရောက်ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အဲဖို့စ်ဝမ်းလေယာဥ်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ နိုင်ငံတကာလေဆိပ်မှာ ဆိုက်ရောက်ခဲ့ပြီဖြစ်ပြီး သမ္မတထရမ့်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် ကိုယ်တိုင် ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပယ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ထောက်ခံရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း နိုင်ငံတကာကို တိုက်တွန်း

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပြတ်သားစွာ ပယ်ချကြဖို့ တိုက်တွန်း လိုက်ပါတယ်။
Read More

လူကုန်ကူးမှုများကြောင့် နာမည်ပျက် ဖိအားများနေချိန်၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု တိုက်ဖျက်ရေးခေါင်းစဉ်နှင့် BGF/ DKBA၊ တရုတ်လုပ်ငန်းရှင်တို့ အစည်းအဝေးထိုင်

BGF နဲ့ DKBA တပ်ခေါင်းဆောင်တွေနဲ့ မြဝတီ (ရွှေကုက္ကိုလ်) မှာရှိတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေဟာ စောချစ်သူရဲ့ဦးဆောင်မှုနဲ့ ဇန်နဝါရီလ ၁၅ ရက်က အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြတယ်လို့ ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 
Read More

အစ္စရေးနှင့် အီရန် တိုက်ပွဲဖြစ်ပွားမှု ၅ ရက်မြောက်မှာ အပစ်ရပ်ဖို့ အီရန် တောင်းဆို၊ အစ္စရေး၏ ပစ်ခတ်မှုကြောင့် အီရန်ရှိ အကြီးဆုံး ယူရေနီယံသန့်စင်ရေးစက်ရုံ ထိခိုက်ပျက်စီး

အစ္စရေးနိုင်ငံနဲ့ အီရန်နိုင်ငံတို့ကြား နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ၅ ရက်မြောက်မှာတော့ အီရန်နိုင်ငံက အပစ်ရပ်ဖို့ တောင်းဆိုခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။