မကွေးတိုင်း၊ အမ်း-ပဒါန်းနဲ့ ပုသိမ်-မုံရွာလမ်းပိုင်း တွေက (၂)လအတွင်း စစ်သုံ့ပန်း (၁၆)ယောက်အထိ ဖမ်းဆီးရမိခဲ့ကာ တပ်ကြပ်ကြီးနဲ့ ဒုတပ်ကြပ် အဆင့်ရှိသူတွေ အပါ အလင်းဝင် ခိုလှုံလာသူ (၁၃)ယောက်အထိ ရှိခဲ့တယ်လို့ ကျောင်းသားတပ်ဦး/ ကျောင်းသား လက်ရုံး‌တပ်တော် ( SF/SAF) သတင်းပြန်ကြားရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်ဆင်ရေးလုပ်ဆောင်တဲ့အခါ ငဖဲနဲ့ အထက်မင်းလှမြို့နယ်အတွင်း လမ်းပိုင်းတွေမှာ  ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်ကစလို့ တပ်ပြေးစစ်သားတွေနဲ့ ထိတွေ့တိုက်ပွဲတွေထဲကနေ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိ ခဲ့တာလို့ ဆိုထားပါတယ်။

ထုတ်ပြန်ချက်အရ ဖမ်းဆီးရမိသူ စုစုပေါင်း ၁၆ ယောက်အထိရှိခဲ့ပြီး လက်ရှိမှာတော့ SF/SAF ရဲ့ မူဝါဒတွေအပြင် နိုင်ငံတကာ စစ်ဥပဒေတွေနဲ့ပါ ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် နှစ်လတာ အတွင်းမှာပဲ စစ်ကော်မရှင်တပ် ဆီက တပ်ကြပ်ကြီး အဆင့်ရှိသူ တယောက်နဲ့ ဒုတပ်ကြပ် အဆင့်တယောက်ပါ အလင်းဝင်ခိုလှုံ ခဲ့တယ်လို့ သိရပါတယ်။

ကျောင်းသားလက်ရုံး တပ်တော်က ထုတ်ပြန်ထားသည့် ပုံရိပ်များအား တွေ့ရစဥ်

ဒါ့အပြင် အလင်းဝင်ရောက်လာသူ အားလုံးဟာ SF/SAF တပ်ဖွဲ့ဝင် ရဲဘော်တွေအဖြစ် အကြမ်းဖက်စစ်တပ်ကိုပြန်ပြီး တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

” အလင်းဝင်လာတဲ့ တပ်ကြပ်ကြီးနဲ့ ဒုတပ်ကြပ်အပါအဝင် အကုန်လုံး တပ်တော်မှာပြန်ပြီး ကိုယ်စီတာဝန်ထမ်းဆောင် နေကြပါတယ်။ အလင်းဝင်တဲ့ အထဲမှာ ပြည်သူ့စစ်မှုထမ်း တဝက်လောက်ပါ ပါတယ် ” လို့  ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံး‌တပ်တော် ( SF/SAF) သတင်းပြန်ကြားရေး တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဆက်ပြီးတော့လည်း အဖိနှိပ်ခံလူထု အတွက် တိုက်ပွဲဝင်ချင်သူတွေကို လက်ကမ်းကြိုဆို နေတယ်လို့လည်း ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် ( SF/SAF) က အသိပေးထားပါတယ်။

ကျောင်းသားလက်ရုံး တပ်တော်က ထုတ်ပြန်ထားသည့် ပုံရိပ်များအား တွေ့ရစဥ်

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ အမ်း-ပဒါန်းလမ်းပိုင်းက နတ်ရေကန် ဗျူဟာစခန်းအပါအဝင် စစ်အုပ်စုရဲ့ စခန်းတွေကို အာရက္ခတပ်တော် ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ်အတွင်း ထိုးစစ်ဆင် တိုက်ခိုက်နေတာ လို့လည်း သိရပါတယ်။

အဲ့ဒီတိုက်ပွဲတွေ၊ စစ်ကြောင်းတွေထဲကနေ ထွက်ပြေးသူတွေ၊ လက်နက်ချအလင်းဝင်သူတွေ အများအပြားရှိနေရာ  ကျောင်းသားတပ်ဦး/ ကျောင်းသား လက်ရုံးတပ်တော် (SF/SAF) ၊ CDF -Asho နဲ့ PRA -Magway တို့က ဖမ်းဆီးထိန်းသိမ်းထားနိုင်တာ လို့လည်း သိရပါတယ်။

ကျောင်းသားလက်ရုံး တပ်တော်က ထုတ်ပြန်ထားသည့် ပုံရိပ်များအား တွေ့ရစဥ်
0 Shares:
You May Also Like
Read More

တပ်မတော်နေ့ နှစ်(၈၀) ပြည့်အခမ်းအနားကို တက်ရောက်ရန် ရုရှားနဲ့ ဘီလာရုစ်က ကာကွယ်ရေးဝန်ကြီးတွေ နေပြည်တော်ကိုရောက်ရှိနေ

အာဏာသိမ်းစစ်အုပ်စု ကိုလက်နက်တွေ ရောင်းချနေတဲ့ ရုရှားနဲ့  ဘီလာရုစ် က ကာကွယ်ရေးဝန်ကြီးတွေ စစ်ကောင်စီရဲ့ နှစ်(၈၀)ပြည့် တပ်မတော်နေ့အခမ်းအနားကို တက်ရောက်ဖို့ ရောက်ရှိနေပါတယ်။
Read More

CDF-Matupi တပ်မဟာ -၁ လက်အောက်ရှိ လင်းယုန်တပ်ရင်းက ၆ လပတ်အစည်းအဝေးပြုလုပ်…

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (CDF-Matupi) တပ်မဟာ -၁ အောက်ရှိ တပ်ရင်း တစ်ရင်း ဖြစ်တဲ့ လင်းယုန် တပ်ရင်းက ၆ လပတ်အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဆိပ်ဖြူမြို့နယ် စစ်ဆေးရေးဂိတ်ရှိ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ် တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ်သား ၄ဦး သေပြီး တော်လှန်ရေးဘက်မှ စစ်ကြောင်းမှူး ကျဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်စခန်းက စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းထံက သိရပါတယ်။
Read More

ပြင်ဦးလွင်ကိုသွားမယ့် စစ်ကားတွေကို ဆိပ်ဖြူ-ကန်ဇွန်းမလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်၊ စစ်ကား ၂ စီးမီးလောင်ပျက်စီးပြီး စစ်သား ၁၁ ​​ဦးသေ…

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ ပြင်ဦးလွင်ကို သွားမယ့် စစ်ကောင်စီတပ်ကားတွေကို ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၁ ယောက်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Yenanthar Column (မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်း) က ထုတ်ပြန်ပါတယ်။
Read More

တရုတ်ဖိအားကြောင့် စစ်တပ်နှင့် TNLA တွေ့ဆုံဖို့ရှိ၊ နယ်မြေပြန်တောင်းရင်တော့ ရလဒ်ထွက်မှာမဟုတ် ဟု TNLA ပြော

စစ်ကောင်စီကနေ အမည်ပြောင်းလဲလိုက်ပြန်တဲ့ စစ်ကော်မရှင်တပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) တို့ဟာ လာမယ့် ဩဂုတ်လကုန်ပိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ဒီနေ့ ဩဂုတ်လ ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA က ပြောပါတယ်။ 
Read More

တနင်္သာရီတိုင်းတွင် အကြမ်းဖက်စစ်တပ်မှ အတင်းအဓမ္မဖမ်းဆီး စုဆောင်းခံရသည့် စစ်မှုထမ်းတပ်သား ၃ ဦး KNLA ထံအလင်းဝင်

ကရင်အမျိုးသား အစည်းအရုံး KNU၊ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်က အကြမ်ဖက်စစ်တပ် တပ်သား ၃ ယောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဆီ အလင်းဝင်ရောက်ခဲ့တယ်လို့  KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။