မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်ရှိ ရွေးကောက်ပွဲမဲရုံတွေကိုလိုက်လံ စစ်ဆေးတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး နဲ့ တပည့်ဖြစ်သူ တိုက်ခိုက်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇန်နဝါရီ ၁၁ ရက် နေ့လည် ၁၂ နာရီကျော်လောက်မှာ အထွေထွေအုပ်ချုပ်ရေးမှူး ဇော်မင်းနိုင်ကား အပါ Double -Cub ကား (၂)စီးဟာ  စစ်ကော်မရှင်ရဲ့ အတုယောင်ရွေးကောက်ပွဲ ရဲ့ မဲရုံတွေကိုလိုက်လံ စစ်ဆေး နေခဲ့တယ်လို့ သိရပါတယ်။

အဲဒီကားနှစ်စီးထဲကတစ်စီးဟာ ဂျန်ဘာတပ်ဆင်ထားတယ်လို့လည်း သိရပါတယ်။

ကားနှစ်စီးဟာ ပြည်-ကံမ ကားလမ်းပေါ် ပြောင်ကျကျေးရွာနဲ့ ပယ်ကျကျေးရွာကြား တစ်နေရာအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင် နဲ့ တပည့်ဖြစ်သူ သန့်ဇင်အောင်၊ လုံခြုံရေးတပ်ဖွဲ့ဝင်(၂)ယောက် ကျည်ထိဒဏ်ရာရခဲ့လို့ ရွှေတောင် ကုတင်(၁၀၀) စစ်ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် နေ့လည် ၁ နာရီခွဲလောက်မှာ ဆေးကုမှုခံယူနေတဲ့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်နဲ့ သန့်ဇင်အောင်တို့ သေဆုံးခဲ့တာကို အတည်ပြုနိုင်ပြီး ကျန်ရှိတဲ့ သူတွေရဲ့ အခြေအနေ‌ကို ဆက်လက်စုံစမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှု ဖြစ်စဥ်အတွင်း ကံမမြို့နယ် ပကဖ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဘန့်ဘွေးရွာမှ ထွက်လာသည့် စစ်အုပ်စုနှင့် ပျူစောထီးတို့၏ ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာကထွက်လာတဲ့ စစ်အုပ်စုနဲ့ ပျုစောထီးတွေရဲ့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ ၂ ယောက်သေဆုံးပြီး ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ရင်းမြစ်ဌာနေဆီက သိရပါတယ်။
Read More

ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပရန် နယ်လှည့်စစ်ဆေးနေသည့် စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ရာ မြို့နယ်မှူး တဦးအပါ ၈ ဦး သေဆုံးပြီး လက်နက်တချို့သိမ်းဆည်းရမိ

အတုအေယာင် ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပနိုင်ဖို့အတွက် မကွေးတိုင်း၊ မြို့သစ်မြို့နယ်ထဲကို လှည့်လည် စစ်ဆေးနေတဲ့ စစ်အုပ်ရဲ့ ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
Read More

PLA ထိန်းသိမ်းထားသည့် ဆင် ၁၃၈ ကောင်ထဲက အကောင် ၆၀ ကို TNLA လွှဲပြောင်းတာဝန်ယူ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှာ ဆင်အကောင်ရေ ၁၃၈ ကောင်နဲ့အတူ ဆင်ဦးစီးမိသားစုဝင်တွေကို ထိန်းသိမ်းထားရှိရာကနေ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ထံ ဆင်အကောင် ၆၀ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထာ၀ရငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းစေလိုတဲ့ ရည်ရွယ်ချက်သာရှိတယ်လို့ မင်းအောင်လှိုင် စိတ်ထဲကမပါဘဲ ပြော

နိုင်ငံတစ်ဝန်းမှာ  လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ထာ၀ရ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းစေလိုတဲ့ ရည်ရွယ်ချက်သာရှိတယ်လို့ အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။  
Read More

မန္တလေးမှာ တစ်လအတွင်း စစ်မှုထမ်းဖို့ လူငယ် ၂၀၀ ကျော် ဖမ်းဆီးစုဆောင်းခံရ 

မန္တလေးက မြို့နယ် (၇) မြို့နယ်မှာ တစ်လအတွင်း လူငယ် ၂၀၀ကျော်ကို စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီက အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း  မန္တလေးသပိတ်အင်အားစုက အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ ၃ ဦး KNLA တပ်ရင်း (၈) ထံ လက်နက်ချ အလင်းဝင်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၈) ထံ အကြမ်းဖက်စစ်တပ်က စစ်သား ၃ယောက် အလင်းဝင်လာခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က မနေ့က ထုတ်ပြန်ပါတယ်။