ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ ကားတစ်စီးအရှိန်လွန်ပြီး စားသောက်ဆိုင်ထဲ ဝင်တိုက်ခဲ့တဲ့အတွက် ဝန်ထမ်း ၂ ယောက်ဒဏ်ရာရရှိ ခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
ဒီနေ့ ဇန်နဝါရီ ၁၃ ရက် မနက်ပိုင်းက ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ဂေါက်ကွင်း အပေါ်လမ်းကနေ မှော်စီစာအောက်လမ်းဘက်ကို အဆင်း ကား ၁ စီး အရှိန်လွန်ကာ စားသောက်ဆိုင်ထဲ ဝင်တိုက်ခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့လို ဝင်တိုက်ခဲ့တာကြောင့် ဆိုင်ထဲရှိ ဝန်ထမ်း ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Video – အောင်ဇော်မိုး ဖားကန့်