မကွေးတိုင်း၊ မင်းတုန်းမြို့ကနေ သရက်မြို့ကို ပို့ဆောင်မယ့် ရွေးကောက်ပွဲအတု မဲပုံးတွေအတွက် ​စစ်ကြောင်းထိုး နယ်မြေရှင်းတဲ့ခဲ့ အကြမ်းဖက်စစ်တပ်ဟာ ဖြတ်တောက်တိုက်ခိုက်ခံရပြီး စစ်သား ၄ ယောက်သေဆုံး ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၁၂ရက်နေ့ မနက်ပိုင်းက မင်းတုန်းမြို့နယ် သဖန်းကိုင်းရွာနားမှာ အကြမ်းဖက်စစ်​ကြောင်းနဲ့ သရက်ခရိုင်အမှတ်(၄) တပ်ရင်းတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မင်းတုန်းမြို့ပေါ်မှာရွေးကောက်ပွဲအတုကို အင်အားအလုံးအရင်းနဲ့လုပ်ဆောင်ခဲ့ပြီး  မဲပုံးတွေကို သရက်မြို့ဆီ ပို့ဆောင်နိုင်ဖို့ အတွက် သရက်-မင်းတုန်း ​လမ်းပိုင်းပေါ် ကြိုတင် နယ်မြေရှင်းလင်း စစ်ကြောင်းထိုး လာခဲ့တာလို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ အင်အား၂၀၀ ကျော်ပါဝင်ပြီး သရက်ခရိုင်တပ်ရင်း(၄) က ကနဦး မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် (၁၅) မိနစ်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့လည်း ထုတ်ပြန်ထား ပါတယ်။

သရက်ခရိုင် အမှတ်(၄) တပ်ရင်း တပ်ဖွဲ့ဝင်များအားတွေ့ ရစဥ်

“ပြီးခဲ့တဲ့လတွေတည်းက မင်းတုန်းမှာ ရွေးကောက်ပွဲအတု အပိုင်း(၂)ဖို့လုပ်ဖို့ အင်အားဖြည့်ခဲ့ တာတွေရှိတယ်။ သရက်မှာက အပိုင်း(၁) လုပ်ခဲ့တယ်။ အခု ဇန်နဝါရီလ အပိုင်း(၂) ကျ မင်းတုန်းနဲ့ ကံမမှာ လုပ်တယ်။ သူတို့လုပ်နိုင်တယ်ဆိုတာကလည်း မြို့ပေါ်နဲ့သူတို့နဲ့နီးစပ်တဲ့ရွာတချို့တလေ လောက်ပဲလုပ်နိုင် ခဲ့တာပါ” လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။

စစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲထဲ အကြမ်းဖက်စစ်တပ်ဘက်က ၄ ယောက် သေဆုံးပြီး တပ်ဖွဲ့ဝင်တွေ အထိခိုက်မရှိဆုတ်ခွာနိုင် ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

0 Shares:
You May Also Like
Read More

TNLA စိုးမိုးနယ်မြေများမှာ စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၃) ဦး သေဆုံး၊ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၄) ဦး ထိခိုက် ဒဏ်ရာရ

တအာင်းတပ်မတော် (TNLA) စိုးမိုးနယ်မြေတွေမှာ စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံ (၃) ယောက် သေဆုံးပြီး ဒေသခံ (၅) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်ကို သွားသည့် စစ်သင်္ဘောအုပ်စုမှ ထွက်ပြေးလွတ်မြောက်လာသူ ဒုရဲအုပ် (၁) ဦးနှင့် စစ်မှုထမ်း (၂) ဦး ကို PDF ထိန်းသိမ်းစောင့်ရှောက်ထား

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ဦးတည်ခုတ်မောင်းခဲ့တဲ့ အကြမ်းဖက် စစ်တပ်သင်္ဘောအုပ်စုင ဒုရဲအုပ် (၁) ယောက်နဲ့ အဓမ္မလူသစ်စုဆောင်းခံရတဲ့ စစ်မှုထမ်းစစ်သား (၂) ယောက် ထွက်ပြေးလွတ်မြောက်လာခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်က စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က တစ်လအတွင်း မူယစ်ဆေးဝါးသုံးစွဲသူ (၁၂၆)ဦးနှင့် ဖြန့်ဖြူးရောင်းချသူ (၁၃)ဦး ဖမ်းဆီးခဲ့…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ ခရိုင်တွေဖြစ်တဲ့ ကျောက်မဲခရိုင်၊ မိုးကုတ်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ဆန်ခရိုင်နဲ့ နမ့်ခမ်းခရိုင်တို့မှာ TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က တစ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၁၂၆) ယောက်နဲ့ ဖြန့်ဖြူးရောင်းချသူ (၁၃) ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်-မန်း စစ်ဆင်ရေးအတွက် မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာချုပ်ကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်

မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရန်-မန်းစစ်ဆင်ရေးအဖြစ် ရှော့တိုက်ဒုံးတွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်မှုမှာ ထိခိုက်ပေါက်ကွဲတာတွေရှိနိုင်ကြောင်း Operation Flame (OF) အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မိုးမောက်ကို ပြန်ရဖို့ စစ်ကောင်စီ သံချပ်ကာယာဉ်တွေ အသုံးပြုပြီး ထိုးစစ်ဆင်နေ

KIA ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့ကို ပြန်လည်ရရှိဖို့ စစ်ကောင်စီက အင်အားအပြည့်နဲ့ ထိုးစစ်ဆင်နေတယ်လို့ ကချင် စစ်ရေးသတင်းအရင်းအမြစ်အချို့မှာ ဖော်ပြလာပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ မော်ဖိုးကေ စစ်စခန်းကို KNLA ပူးပေါင်းတပ်များ စတင်တိုက်ခိုက်နေ

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးက အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၂၄ တပ်ရင်း စစ်သားတွေရှိရာ မော်ဖိုးကေ စစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ စတင်တိုက်ခိုက်နေတယ်လို့ ထိုင်းသတင်းဌာနတွေမှာ သတင်းဖော်ပြပါတယ်။