စစ်ကိုင်းတိုင်း ရေဦးမြို့အဝင်ရှိ ဂါဝီဂိတ်ကို ၄၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၂၄ ဆီက သိရပါတယ်။

ဇန်နဝါရီ ၁၁ ရက်က ရေဦးမြို့အတွင်း အတုအယောင်ရွေးကောက်ပွဲ ကျင်းပနေချိန် မြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဂါဝီဂိတ်ကို ၄၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

Video-ရွှေဘိုခရိုင်တပ်ရင်း – ၂၄

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ် ကမ္မရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မရဲစခန်းကို ဖေဖော်ဝါရီ ၁၃ ရက် မနက်အစောပိုင်းက ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Drone Force အဖွဲ့ထံက သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၂၆ ရဲဘော်တွေရဲ့ လေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၂၆ က ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှု ပုံရိပ်တွေကို ရိုးမခေါ်သံ ၂ က ထုတ်ပြန်ပြသထားပါတယ်။
Read More

လက်ပံတန်းမြို့နယ်အတွင်း စစ်အုပ်စု၏ အဓမ္မပေါ်တာဆွဲခံထားရသည့် တပ်သား ၁ ဦး အလင်းဝင် (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းက တပ်သား ၁ ယောက် လက်ပံတန်းမြို့နယ်ပကဖအဖွဲ့ထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
Read More

ညောင်ဦးမြို့နယ် ငါ့သရောက်-ဇဂျမ်းလမ်းပေါ်မှာ စစ်ကောင်စီလက်အောက်ခံတွေ တိုက်ခိုက်ခံရပြီး ရဲ ၃ ယောက်သေ၊ ၉ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်-ဇဂျမ်းလမ်းပေါ် သွားလာနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ယာဉ် ၄ စီးနဲ့ ဆိုင်ကယ် ၃ စီးပါ အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ညောင်ဦးမြို့နယ် ပကဖ (ပုဂံပြည်ဘီလူးတပ်) ထံက သိရပါတယ်။ တိုက်ခိုက်မှုအတွင်း ရဲ ၃ ယောက်သေဆုံးကာ ၉ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး M22 (AK) သေနတ်တစ်လက်နဲ့ ဆိုင်ကယ် ၃စီးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဗန်းမော် BPDF တည်ထောင်ခြင်း ၄ နှစ်ပြည့် ရဲဘော်များ၏ ဖြတ်သန်းမှုပုံရိပ်များ (ရုပ်/သံ)

ဗန်းမော် BPDF တည်ထောင်ခြင်း ၄ နှစ်ပြည့်အမှတ်တရ ရဲဘော်တွေရဲ့ ဖြတ်သန်းမှုပုံရိပ်တွေကို Bhamo People Defense Force - BPDF က ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ဒဏ်ရာရခဲ့ပြီး တစ်နှစ်အကြာမှာ လမ်းပြန်လျှောက်နိုင်ခဲ့သည့် တော်လှန်ရေးရဲဘော် (ရုပ်/သံ)

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ ရဲဘော် ၁ ယောက်ဟာ တစ်နှစ်အကြာမှာ မတ်တပ်ပြန်ရပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ Mahauurar Dragon PDF က ထုတ်ပြန်ထားပါတယ်။