ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ပြွန်တန်ဆာမြို့ မြို့မအုပ်ချုပ်ရေးမှူး ဖြစ်သလို ပျူခေါင်းဆောင် လည်းဖြစ်တဲ့ ဦးလှသောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်း ခဲ့တယ်လို့ 9 Stars Underground Force , Bago Region တပ်ဖွဲ့ဆီက သိရပါတယ်။

ဦးလှသောင်း နေအိမ်မှာ အိပ်ပျော်နေချိန် ဇန်နဝါရီ ၁၂ ရက်နေ့ မနက် ၅ နာရီခွဲလောက်မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ် ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို ဝင်ရောက်ပစ်ခတ်ချိန် ဇနီးဖြစ်သူက အော်ဟစ်ဆဲဆိုတာမျိုး လုပ်ခဲ့တယ်လို့ သိရပါတယ်။

“သူ့မိန်းမ ပဲဆဲတာ သူ့သမီးကတော့ အသံကြားပြီး ကြောင်ငေးကြည့်နေတယ်။ အချိန်ခဏလေးပဲ အသုံးပြုခဲ့တာပါ။ ဘာပစ္စည်းမှလဲ မသိမ်းနိုင်ခဲ့ဘူး။ သူသေနတ်လဲ ရှာဖို့ အချိန်မရလိုက်ဘူး။ ပြွန်တန်ဆာ ရဲစခန်းနဲ့က အရမ်းနီးတယ်” လို့ 9 Stars Underground Force , Bago Region တပ်ဖွဲ့တာဝန်ခံ မြွေပွေးက မောင်းကိုပြောပါတယ်။

ဦးလှသောင်းကို ပစ်ခတ်ရှင်းလင်းပြီး စစ်ကော်မရှင်တပ်သားတွေ ရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူ့ကိုပစ်ခတ်ရှင်းလင်းနိုင်ဖို့ အတွက် အချိန်တစ်ပတ်ယူခဲ့ရတယ် လို့သိရပါတယ်။



ဦးလှသောင်းဟာ အရင်က အကြမ်းဖက်စစ်တပ် ထောက်ပို့တပ်ကြပ်ကြီး တစ်ယောက်ဖြစ်ကာ ဆေးပင်စင်နဲ့ ထွက်ပြီး စစ်အာဏာရှင်ခေတ် အဆက်ဆက် အုပ်ချုပ်ရေးမှူးလုပ်ခဲ့သူ လို့သိရပါတယ်။

NLD အစိုးရလက်ထက်မှာတော့ အုပ်ချုပ်ရေးမှူး ကနေ နှုတ်ထွက် ခဲ့ရပြီး အခု စစ်အစိုးရလက်ထက်မှာ အုပ်ချုပ်ရေးမှူး ပြန်လည် လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဦးလှသောင်းဟာ ပြွန်တန်ဆာပျူစောထီးအဖွဲ့ကိုဦးဆောင်ပြီး ဧည့်စာရင်း၊ ထောက်ခံစာ လာရောက်ပြုလုပ်သူတွေကို ငွေတောင်းတာ၊ စစ်မှုထမ်းကြေး နှစ်သောင်း၊ ကင်းကြေးနှစ်ထောင်စတာ တွေကိုလစဉ်ကောက်ခံနေသူလို့ ဒေသခံတွေက ဆိုပါတယ်။

သူနဲ့ မတည့်သူတွေကို စစ်ကော်မရှင်လက်အောက်ခံတပ်သားတွေကို ဖမ်းဆီးခိုင်းတာ၊ စစ်မှုထမ်းအတွက်ရောင်းစားတာမျိုးတွေလည်း ပြုလုပ်နေသူလို့ သိရပါတယ်။

ဒါအပြင် အကြမ်းဖက်စစ်ကော်မရှင်ရဲ့ တရားမဝင်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာ၊ မဲရုံတွေကိုဦးစီးပြီး လုပ်ဆောင်တာတွေ အပြင် ရန်ကုန် − မန္တလေးအမြန်လမ်းဟောင်း ပြွန်တန်ဆာ မြို့အတွင်း ဖြတ်သန်းသွားတဲ့ကားတွေကို ငွေကြေးကောက်ခံတာတွေလည်း လုပ်ဆောင်နေသူလို့ သိရပါတယ်။

ရွာကနေ စျေးဝယ်လာတဲ့ လူငယ်တွေကို ပေါတာဆွဲတာမျိုးတွေလည်း လုပ်ဆောင်နေတဲ့ အတွက် ပစ်ခတ်ရှင်းလင်းရတာ ဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။

ဦးလှသောင်းရဲ့ သားနှစ်ယောက်ဟာလည်း စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဖြစ်ပြီး သားတွေရဲ့အရှိန်အဝါနဲ့ အခုလိုလုပ်ဆောင်နေတာလို့ သိရပါတယ်။

စစ်ကော်မရှင် လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေကို အနိုင်ကျင့် ကိုယ်ကျိုးစီးပွားရှာနေရင် ဆက်လက်ဖော်ထုတ် ရှင်းလင်းသွားမှာ ဖြစ်တယ်လို့ 9 Stars Underground Force , Bago Region က အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သူ စုစုပေါင်း ၅၆၇၅ ယောက်အထိ ရှိနေပြီဖြစ်တယ်လို့ AAPP ထုတ်ပြန်

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်အထိ အကြမ်းဖက်စစ်တပ်ကြောင့် ကျဆုံး ခဲ့သူ ၅၆၇၅ ယောက်အထိ ရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
Read More

ပေါင်းတည်မြို့နယ်သို့လာသည့် စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်ရာ ၆ ဦး သေ၊ ၅ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ကို လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။
Read More

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း နိုင်ငံက အဆိုးဘက်ကနေ အကောင်းဘက်ကို ဦးတည်နေသည်ဟု အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြင့်စိုးက ဝါဒဖြန့်

စစ်တပ်ကတာဝန်ယူထားတဲ့  ၄နှစ်တာအတွင်း တိုင်းပြည်ဟာ အဆိုးဘက်ကနေအကောင်းဘက်ကိုပြောင်းလာတာကြောင့် ပြည်သူကအကဲခတ်နိုင်ပြီလို့ အာဏာသိမ်း စစ်တပ်က အငြိမ်းစားရယူထားတဲ့ ဒုဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောပါတယ်။
Read More

တောင်ငူမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၃ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခင်ဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွား…

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကြယ်နီတပ်ဦး (RSF) က ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်ခေါင်းမှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။