မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျုံကကျေးရွာမှာ အမျိုးသားတယောက်ဟာ အရက်မူးပြီး မဲမပေးဖို့ အော်ဟစ်ခဲ့တာကြောင့် ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကိုမျိုး ဆိုသူဟာ မနေ့က ဇန်နဝါရီလ ၁၂ ရက်နေ့ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပနေတဲ့ ကျုံကကျေးရွာ မဲရုံရှေ့မှာ မဲမပေးကျဖို့ လိုက်လံ အော်ဟစ်ပြောဆို ခဲ့တာလို့ ဆိုပါတယ်။

“သူက အရက်မူးပြီး မဲမပေးဖို့ကို လိုက်အော်နေတာ။ ရွာက သုံးအိမ်စု လမ်းတလျှောက်မှာ။ တကယ်တော့ ဟိုပါတီ ဒီပါတီ ဆိုပြီး နာမည်တပ်ပြီး ပြောနေတာတော့လည်း မဟုတ်ဘူး။ မူးပြီး လျှောက်ဆဲနေတဲ့ သဘောမျိုးပဲ။ အဲ့တာက မဲပေးတဲ့နေ့ ဖြစ်နေတော့ လာဖမ်းသွားကြတာ” လို့ ပေါင်မြို့နေ ဒေသခံတယောက်က မောင်းကို ပြောပါတယ်။

အ​ကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခံရသူ ကိုမျိုးဟာ အသက် ၄၇ နှစ်အရွယ်ရှိပြီလို့ သိရပါတယ်။



လက်ရှိမှာတော့ သူ့ကို ရွေးကောက်ပွဲ နှောက်ယှက်ဟန့်တား ဖျက်ဆီးခြင်း ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ နဲ့ အမှုဖွင့်ထားပြီး မုတ္တမရဲစခန်းမှာ ဖမ်းဆီးခံထားရတယ်လို့ ကနဦး သိရပါတယ်။

စစ်အုပ်စုဘက်ကတော့ လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း (၃) အတွက် လုံခြုံရေး အင်အားတွေကို ဖြည့်တင်းဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပျက်ပြားအောင် လုပ်ဆောင်မှုလို့ဆိုပြီး ရွေးကောက်ပွဲ ဥပဒေနဲ့ ဖမ်းဆီးအရေးယူထားတဲ့ အမျိုးသားနဲ့ အမျိးသမီး စုစုပေါင်း ၃၃၅ ယောက် ရှိနေပြီလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သရက်ချောင်းမြို့နယ်တွင် နေအိမ်အလုံး ၆၀ ကျော်ကို စစ်အုပ်စု မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း နေအိမ် အလုံး ၆၀ ကျော်ကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မတ္တရာတွင် စိတ်ကျန်းမာရေးချို့တဲ့သူ စစ်ရှောင်အမျိုးသမီးတစ်ဦးကို စစ်အုပ်စု မုဒိန်းကျင့်စွန့်ပစ်ခဲ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စိတ်ကျန်းမာရေးချို့တဲ့သူ စစ်ဘေးရှောင် အမျိုးသမီး ၁ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မုဒိန်းကျင့်စွန့်ပစ်ထားခဲ့ကြောင်း Voice Of Mandalay တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြဝတီ-ဝေါ်လေ ကားလမ်းက စစ်ကောင်စီရဲ့ ကာကင်းစခန်း ၃ ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကာကင်းစခန်း ၃ ခုကို ထပ်ပြီးသိမ်းပိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း ၂ (Venom Column) က ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

လက်ပံတန်းတွင် စစ်တပ် ပျက်ကျသည့် တိုက်ခိုက်ရေးဒရုန်းကို တော်လှန်ရေးတပ် သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာတိုက်ပွဲအတွင်း ပျက်ကျလာတဲ့ စစ်တပ်ရဲ့ တိုက်ခိုက်ရေးဒရုန်း ၁ စီးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့ ဖြစ်တဲ့ သာယာဝတီဂဠန်တပ်ဖွဲ့ကနေ သိမ်းဆည်းရှိထားတယ်လို့ သိရပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ် စစ်အုပ်စုတပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တည်းဝင်တိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်အုပ်စု အခြေချတပ်စွဲထားတဲ့နေရာတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိကြောင်း Monywa Inventor အဖွဲ့တာဝန်ရှိသူ ကိုမိုးသောက်က မောင်းကိုပြောပါတယ်။
Read More

ရောက်ရာအရပ်မှာ အပစ်ရပ်မယ်၊ စစ်ကောင်စီလည်း ဝေဟင်မြေပြင် ထိုးစစ်ဆင်မှုတွေ ရပ်ဆိုင်းဖို့ MNDAA ထုတ်ပြန်၊ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကိုတော့ စွဲကိုင်ထားတယ်လို့ MNDAA ဆို

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) အနေနဲ့ ရောက်ရာအရပ်မှာ အပစ်ရပ်မှာဖြစ်ပေမယ့် စစ်ကောင်စီကလည်း မြန်မာနိုင်ငံနေရာအနှံ့က ဝေဟင်နဲ့ မြေပြင်ထိုးစစ်ဆင်မှုတွေ ရပ်ဆိုင်းပေးရမယ်လို့ ပြည်တွင်းစစ်ရေးပဋိပက္ခ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ လိုလားကြောင်း ဒီဇင်ဘာ ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ MNDAA က ဖော်ပြထားပါတယ်။