မွန်ပြည်နယ် ရေးမြို့ပေါ်ရှိ စကခ ၁၉ နဲ့ အမတ ၃၁၅ အမြောက်တပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၁ ရက် မနေ့မနက် ၈ နာရီဝန်းကျင် လောက်ကရေးမြို့ပေါ် အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ ၁၉ နဲ့ ကလော့ကျေးရွာအနီး အမတ ၃၁၆ အမြောက်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ရှော့တိုက်ဒုံးတွေဟာ တပ်စခန်းအနီးတစ်ဝိုက်ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကော်မရှင်တပ်သားတွေ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် အဲ့ဒီ နေ့တစ်ရက်တည်းမှာပဲ ရေးမြို့နယ် အစင်ကျေးရွာထိပ် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်နဲ့   မုဒုံမြို့နယ်၊ ကမာဝက်မြို့ အခြေစိုက် ခမရ (၂၀၉) တပ်ရင်းတွေကို တိုက်ခိုက်ခဲ့ရာ အရာရှိ ၁ ယောက် အပါအဝင်  ၄ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရရှိ သွားတယ်လို့ သိရပါတယ်။

Video – NMSP-AD/Ramonnya Mon Army

0 Shares:
You May Also Like
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား လက်နက်ကြီးနှင့် လေကြောင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်အငြင်းပွားမှု ပြဿနာကြီးထွားလာပြီး နှစ်ဖက်စစ်တပ်တွေက လက်နက်ကြီးတွေ၊ လေကြောင်းတွေ အသုံးပြုကာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်လျက်ရှိပါတယ်။
Read More

ခွန်အားမျှပါ သိန်းငါးထောင် ကမ်ပိန်းကနေ ဝယ်ယူထားတဲ့ ဒရုန်း (ရုပ်/သံ)

ခွန်အားမျှပါ သိန်းငါးထောင်ကမ်ပိန်းက ရရှိလာတဲ့ ငွေကြေးနဲ့ ဝယ်ယူထားတဲ့ ဒရုန်းကို Eagle wings Drone Force အဖွဲ့က ပြည်သူတွေထံ ပြသလိုက်ပါတယ်။
Read More

စစ်မှုထမ်းဖို့ ဖမ်းဆီးခံရတဲ့ ပြည်သူ ၃ယောက်ကို PDF ကယ်တင် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီက စစ်မှုထမ်းဖို့ ဖမ်းဆီးထားတဲ့ ပြည်သူ ၃ ယောက်ကို ကယ်ထုတ်ခဲ့ရကြောင်း တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

ညောင်ပင်ကုန်းရွာ နေအိမ်တစ်ခုမှာ စုဝေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာ နေအိမ်တစ်ခုမှာ စုဝေးနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၁၅ ရက် မနေ့က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ Zone Five တောဗုံးကြီးအဖွဲ့ထံက သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံပြည်သူများကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို ( ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy က တောင်းဆိုလိုက်တဲ့ ရုပ်သံကို UK in Myanmar က ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ထားဝယ် ကြက်စာပြင်ဆိပ်ကမ်းဘောတံတားသို့ ငါးလွှတ်ဖို့လာသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု Speed Boat ၁ စီး ပျက်စီးပြီး စစ်သားအများအပြားသေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ကြက်စာပြင်ဆိပ်ကမ်းဘောတံတားဆီ ငါးလွှတ်ဖို့လာတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၁၀ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Special Guerrilla Force ထံက သိရပါတယ်။