အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားဝင်မှုရရှိ ရေးအတွက် ဖန်တီးထားတဲ့ လုပ်ကြံမှုဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းက ဒီကနေ့မှာ ဝေဖန် ပြောဆိုလိုက်ပါတယ်။

မနေ့က အကြမ်းဖက်စစ်‌‌တပ် ‌‌‌‌‌‌‌‌‌‌‌အတုအယောင် ‌ရွေးကောက်ပွဲအပိုင်းနှစ် ကျင်းပချိန်မှာ မဲပေးသူများပြားဖို့အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရန်ကုန်မြို့ရှိ မဲရုံတွေကို လိုက်လံကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုတစ်ဖက်သက် ဖိအား‌ပေးခဲ့ပေမယ့် မဲပေးသူနည်းပါးခဲ့သလို ဖိအားပေးခံရသူတွေသာ ကြောက်ရွံ့ပြီးမဲပေးရခဲ့တယ်လို့ ရန်ကုန်မြို့ခံ တစ်ယောက်က ဆိုပါတယ်။

” ဒါဟာရွေးကောက်ပွဲမဟုတ်ဘူး။ တရားဝင်မှုရအောင် ဖန်တီးထားတဲ့လုပ်ကြံမှုတစ်ခုပါ။ ပြည်သူတွေက ပြောနေတယ်၊ သူတို့ရဲ့ ရွေးကောက်တင်မြှောက်ခံရတဲ့ ခေါင်းဆောင်တွေကို သတ်ဖြတ်နေတာ၊ မတရားဖမ်းဆီးထားတာတွေ ရှိနေတယ် ” လို့ ကိုထိန်လင်းက ဆိုပါတယ်။

(ဓာတ်ပုံ စစ်အုပ်စု မီဒီယာ)



ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရစီ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင် တွေကို ဖမ်းဆီးထောင်ချထားပြီး ကျင်းပတဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီမရှိဘူး လို့လည်းသူက ပြစ်တင်ပြောဆို လိုက်ပါတယ်။

” မေမေဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားရွေးကောက်တင်မြှောက်ခံရတဲ့ ခေါင်းဆောင်တွေ ဖွက်ထား၊ ဖမ်းဆီးခံထားရရင် ဒီမိုကရေစီဆိုတာ ဘယ်လိုမှမရှိပါဘူး။ သူမကို လွှတ်ပေးပါ။ သူတို့အားလုံးကို လွှတ်ပေးပါ ” လို့ ကိုထိန်လင်း တောင်းဆို လိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲ အပိုင်း တစ် နဲ့ နှစ်ပြီးချိန်မှာ စစ်တပ် ကျောထောက်နောက်ခံပါတီ ကြံ့ခိုင် ရေးက နေရာအများစု အနိုင်နေတယ်လို့ ရွေးကောက်ပွဲကာ်မရှင်ဆီက သိရပါတယ်။

” ကျော်ကြားတဲ့ ဆိုရိုးစကားအတိုင်းပြောရရင် မင်းရဲ့ မဲကအရေးမကြီးဘူး။ မဲကို ဘယ်သူရေတွက်လဲ ဆိုတာပဲ အရေးကြီးတယ် ” လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းက ဝေဖန် ပြောကြားခဲ့ ပါတယ်။

0 Shares:
You May Also Like
Read More

ကလေးမြို့နယ် ပကဖ က ပြည်သူများအတွက် ဗုံးခိုကျင်းတူးပေးပြီး ဘေးအန္တရာယ် လျှော့ချရေး ဇာတ်တိုက်လေ့ကျင့်မှု ကွင်းဆင်းပြုလုပ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဗုံးခိုကျင်းတွေ တူးဖော်ပေးပြီး ဘေးအန္တရာယ် လျှော့ချရေး ဇာတ်တိုက်လေ့ကျင့်မှုကို ကွင်းဆင်းပြုလုပ်ပေးနေတယ်လို့ ကလေးမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အပတ်စဥ် ၃ စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြီးမှူးကျင်းပတဲ့ အပတ်စဥ် ၃ စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲကို တနင်္သာရီမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အာဂျင်တီးနား ဖမ်း၀ရမ်းကို အင်တာပိုလ်ကတဆင့် အကောင်အထည်ဖော်ပေးဖို့ Blood Money Campaign က တောင်းဆို

အာဏာသိမ်းစစ်ခေါင်းဆောင် နဲ့ လူပုဂ္ဂိုလ် ၂၅ ဦးကို  အင်တာပိုလ်မှတဆင့် ဖမ်းဆီးမိန့်များထုတ်ပြန်ပေးဖို့ အာဂျင်တီးနားအစိုးရကို Blood Money Campaign - BMC က တိုက်တွန်းလိုက်ပါတယ်။
Read More

စစ်တပ်ထိန်းချုပ်မှုအောက်က ရွေးကောက်ပွဲ လွတ်လပ်ပြီး မမျှတနိုင်၊ အကြမ်းဖက်မှုများ ပိုမိုမြင့်တက်စေမည်ဟု ကုလလူ့အခွင့်အရေးအကြီးအကဲ ထပ်မံပြောကြား

မြန်မာနိုင်ငံမှာပြုလုပ်မယ့် စစ်တပ်ထိန်းချုပ်တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာမဟုတ်ကြောင်းနဲ့ အကြမ်းဖက်မှုတွေကို ပိုမိုမြင့်တက်စေမှာဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က စက်တင်ဘာလ ၃၀ ရက် အင်္ဂါနေ့မှာ ပြောပါတယ်။
Read More

မြန်မာ့ဘိန်းစိုက်ပျိုးမှု ၁၀ နှစ်အတွင်း အမြင့်ဆုံးရောက်နေ

ပဋိပက္ခဒဏ်သင့်နေတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဓိကမူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး ယခုနှစ်ရဲ့ ဘိန်းစိုက်ပျိုးမှုဟာ ဆယ်စုနှစ်အတွင်း အမြင့်ဆုံးအခြေအနေမှာ ရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ စစ်တမ်းတရပ်က ဒီဇင်ဘာလ ၃ ရက်မှာ ဆိုထားပါတယ်။ ၂၀၂၁ ခုနှစ်မှာ တာလီဘန်တို့ အာဏာသိမ်းပြီးနောက် ဘိန်းထုတ်လုပ်မှု ပိတ်ပင်ခဲ့ခြင်းကြောင့် အာဖဂန်နစ္စတန်မှာ ဘိန်းထုတ်လုပ်မှု သိသိသာသာ ကျဆင်းသွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့အဓိက တရားမဝင် ဘိန်းအရင်းအမြစ် ဖြစ်လာခဲ့တာပါ။
Read More

စစ်အာဏာရှင်လက်အောက် မြန်မာပြည်သူအများစု စိတ်ခံစားမှုအခြေအနေ ဆိုးဝါးလာနေဟု စစ်တမ်းများ ဖော်ပြ

အခုလက်ရှိ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ စစ်ရေးပဋိပက္ခ၊ စီးပွားရေး အခြေအနေတွေကြောင့် ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးတွေဟာ ဘယ်လောက်ထိ ထိခိုက်ခံစားနေရသလဲဆိုတာကို စစ်တမ်းတွေက ဖော်ပြနေပါတယ်။