ချင်းပြည်နယ်၊ သီးဘွာလ်ကျေးရွာ တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့  CNO/CNDF ပြောရေးဆိုခွင့်ရှိသူဆီက သိရပါတယ်။

မနေ့က ဇန်နဝါရီ ၁၁ ရက်နေ့  ည ၉ နာရီခွဲလောက်မှာ တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ဆေးပေးခန်းတွေ နဲ့ နေအိမ်တစ် ချို့လည်း ပျက်စီး သွားတယ်လို့ သိရပါတယ်။

“ဆေးရုံ နဲ့ ဆေးရုံဝန်းထဲမှာရှိတဲ့ အိမ်တွေကတော့ တော်တော်လေး ပျက်ဆီးသွားတယ်။  လူကတော့ ထိခိုက်မှုမရှိဘူး။ ထိတွေ့ပစ်ခတ်မှုလည်းမရှိပါဘူး” လို့ CNO/CNDF ပြောရေးဆိုခွင့်ရှိသူက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်ကော်မရှင် တပ်သားတွေ လေကြောင်းတိုက်ခိုက်သွားတဲ့ တိုက်နယ်ဆေးရုံကို CNDF က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှာ သိမ်းပိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်နယ်ဆေးရုံကို စစ်အုပ်စု လေကြောင်းက ဗုံးကြဲ ထားသည်ကို တွေ့ရစဥ် (ဓာတ်ပုံ CNO/CNDF)
တိုက်နယ်ဆေးရုံကို စစ်အုပ်စု လေကြောင်းက ဗုံးကြဲ ထားသည်ကို တွေ့ရစဥ် (ဓာတ်ပုံ CNO/CNDF)

အဲဒီတိုက်နယ်ဆေးရုံကို သိမ်းပိုက်ပြီး ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်နေ့အထိသာ  ကာကွယ်ရေးတပ်ဖွဲ့တွေ နေထိုင်ခဲ့တာလို့ ဆိုပါတယ်။

“အရင်က ဒီနေရာမှာ  ရဲလုံခြုံရေးဂိတ်စစ်ဆေးရေးဂိတ်ရှိတယ်။ အဲဒါကို CNDF ကသိမ်းပိုက်လိုက်တယ်။   အဲဒီနေရာမှာ CNDF တွေက ဖလန်းမြို့မ သိမ်းခင်အထိတော့  လုံခြုံရေး နဲ့ တပ်သားတွေ ချထား တာရှိပါတယ်။  မြို့သိမ်းပြီးနောက်ပိုင်းမှာ တပ်သားတွေချထားတာ မရှိဘူး။ စစ်ရေး လုပ်ရှားမှုလည်း မရှိဘူး” လို့ CNO/CNDF ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။

အဲဒီတိုက်နယ်ဆေးရုံဟာ အကြမ်းဖက် စစ်ကော်မရှင်အာဏာ မသိမ်းခင် အချိန်ထိ ဖွင့်လှစ်ထားတဲ့ ဆေးရုံဖြစ်ပြီး အာဏာသိမ်း ပြီးနောက်ပိုင်းမှာ စစ်ကော်မရှင် တပ်သားတွေက အထိုင်ချတပ်စွဲခဲ့တဲ့ နေရာတစ်ခု ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တိုက်နယ်ဆေးရုံကို စစ်အုပ်စု လေကြောင်းက ဗုံးကြဲ ထားသည်ကို တွေ့ရစဥ် (ဓာတ်ပုံ CNO/CNDF)
0 Shares:
You May Also Like
Read More

ဆီဆိုင်နှင့် မောက်မယ်မှာ အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ၁၀ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ဟု PNLA ပြော

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆီဆိုင်မြို့နယ်နဲ့ မောက်မယ်မြို့နယ်မှာ အပစ်ရပ်ကာလအဖြစ် ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ၁၀ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သုံးဆယ်မှာ ပေါ်တာဆွဲခံရသည့် လူငယ် ၃ ဦးကို သိန်း ၂၀၀ ဖြင့် ရွေးခဲ့ရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့အရှေ့က ချမ်းသာကုန်းအုပ်စု၊ သရက်ဖြူကံရွာနဲ့ ချမ်းသာကုန်းရွာက လူငယ် ၅ယောက်ကို စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီထဲက လူငယ် ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ သူတို့ရဲ့မိသားစုဝင်တွေက သိန်း ၂၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုရားကျောင်း (၁) ကျောင်းနဲ့ နေအိမ် (၁) လုံး ထိခိုက်ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး အရပ်သားနေထိုင်ရာကျေးရွာအတွင်းနဲ့ လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်တွေအတွင်း ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုရားကျောင်း (၁) ကျောင်းနဲ့ နေအိမ် (၁) လုံးအပါအဝင် ပြည်သူလူထုပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေး အရှိန်မြင့်လာသလို ပြည်သူတွေ လုံခြုံရေး ပိုဂရုစိုက်ကြဖို့ ရန်ကုန်မြို့ပြ တော်လှန်ရေးအဖွဲ့တွေ သတိပေး

စစ်အာဏာရှင် အမြစ်ပြတ်စေဖို့ တော်လှန်ရေးအရှိန်အဟုန် မြင့်လာတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေး ပိုမိုဂရုစိုက်စေချင်တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။
Read More

MNDAA ၏ ၂၀၂၅ ခုနှစ် အပတ်စဉ် (၁) အခြေခံ (တတိယတပ်ခွဲ) ဆင်းပွဲအခမ်းအနား…

ကိုးကန့်တပ်မတော် (MNDAA) ရဲ့မဟာမိတ်တပ်တော် စစ်ဦးစီးဌာန၊ စစ်ရေးလေ့ကျင့်ရေးဦးစီးဌာနရဲ့ ၂၀၂၅ ခုနှစ် အပတ်စဉ်(၁) အခြေခံစစ်သင်တန်း တတိယတပ်ခွဲ ဆင်းပွဲအခမ်းအနားကို ဇူလိုင်လ ၃၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်သာရှိတော့ဟုဆို၊ လူဦးရေ သန်း ၂၀ ကျော်အတွက် သန််းခေါင်စာရင်း မကောက််ရသေးပေမယ့် ရွေးကောက််ပွဲ ကျင်းပမယ်ဆိုတဲ့ မင်းအောင်လှိုင်

မြန်မာနိုင်ငံမှာ လက်တလောဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် လူဦးရေ ၅၁ သန်းကျော်သာရှိပြီး၊ ဒီနှစ် ၂၀၂၅ အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကို ဖိဖိစီးစီးလုပ်ဆောင်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ အာဏာသိမ်းအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။