မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ရွေးကောက်ပွဲအတု လုပ်ဆောင်နေချိန်  တော်လှန်ရေးတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ နှစ်ပွင့်ဗိုလ်အပါအဝင် စစ်အုပ်စုက ထိခိုက်မှုတွေရှိခဲ့တယ်လို့ ယောအလင်းတန်းဆီက သိရပါတယ်။

ရွေးကောက်ပွဲအတု အပိုင်း(၂) အတွက် ဂန့်ဂေါမြို့ပေါ်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းကစပြီး စစ်အုပ်စုက မဲပေးပွဲတွေ လုပ်ဆောင်နေချိန် တော်လှန်ရေးတပ်တွေက အချိန်ကိုက် တိုက်ခိုက်ခဲ့တာလို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။

တော်လှန်ရေးတပ်တွေဟာ ဇန်နဝါရီလ (၁၀)ရက်၊ မနက်ပိုင်းကစလို့ ခလရ (၅၀) တပ်အပါအဝင် ဂန့်ဂေါမြို့ပေါ်က စစ်အုပ်စုတပ်စွဲရာ နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် နေခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ဒီနေ့မှာလည်း မြို့အပြင်​ ဝန်းကျင်ကနေ ဝိုင်းပြီး ရော့ကတ်တွေ၊ (၁၂၀)မမ လက်နက်ကြီးတွေနဲ့ တရစပ် ပစ်ခတ်ခဲ့သလို ဒရုန်းတွေနဲ့ပါ ဗုံးသီး(၁၀)လုံး ထက်မနည်းကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ကိုမင်းဒဿက ပြောပါတယ်။

ဗုံးသီးတွေဟာ ခလရ (၅၀)တပ်ဝန်းထဲ အပါအဝင် (၆) ထပ်ဆောင်ဝန်ထမ်း အိမ်ယာတိုက်ခန်းတွေ၊  ရွေးကောက်ပွဲ ပြုလုပ်နေတဲ့ မြို့မနဲ့ စည်ပင်သာယာ ရပ်ကွက်တွေထဲအထိ ကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ပြောပါတယ်။

တော်လှန်ရေးတပ်များ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်နေသည့် ပုံရိပ်များ

ဒီတိုက်ခိုက်မှုတွေကို မကွေးတိုင်းပြည်သူ့ကာကွယ်ရေး၊ ဂန့်ဂေါခရိုင်စစ်ဌာနလက်အောက်ခံ တပ်ရင်းတွေနဲ့အတူ ကျေးရွာပကဖ၊ နဂါးညီနောင် ပကဖနဲ့ အခြားလိုကယ်အင်အားစုတွေ စုပေါင်းလုပ်ဆောင်ခဲ့တာလို့ လည်းသိရပါတယ်။

“တော်လှန်ရေးတပ်တွေဘက်က ရော့ကတ်အလုံး ၃၀၊ ၁၂၀ မမ အလုံး ၅၀ ပစ်ခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်မှုကသိရသလောက် ၂ ပွင့်ဗိုလ် တစ်ယောက်ရယ်၊  ပစ ၅ ေယာက်နဲ့ တပ်မိသားစုဝင်တွေထိပါတယ်။ အရပ်သားထိခိုက်တာမရှိပါဘူး”  လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ က မောင်းကိုပြောပါတယ်။

တော်လှန်ရေးတပ်တွေ တိုက်ခိုက်အပြီး စစ်အုပ်စုရဲ့ ဂန့်ဂေါအခြေစိုက် ခလရ (၅၀) တပ်နဲ့ ရှောက်ပင် ခေါ် အောင်မြင်ရွာကာကင်းစခန်းတွေဆီကနေ (၁၂၀) မမနဲ့ ဟောင်ဝှစ်ဇာ (၁၂၂) မမတွေ ပြန်ပြီးပစ်ခတ်တာ မျိုးတွေရှိခဲ့ပြီး ဇဟော၊ လုံဟော၊ စိုင်းဒူးနဲ့ ရွာစည်ရွာတွေထဲ ကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်များ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်နေသည့် ပုံရိပ်များ

လက်နက်ကြီးတွေကြောင့် လူနေအိမ်တွေထိခိုက်ပျက်စီးခဲ့သလို အရပ်သားထိခိုက်ဒဏ်ရာရ တာမျိုးတွေလည်း ရှိခဲ့တယ်လို့ ကိုမင်းဒဿ ကပြောပါတယ်။

ဂန့်ဂေါမြို့ဟာ ယောဒေသ(ခေါ်) ဂန့်ဂေါခရိုင်အတွင်း တစ်မြို့တည်းသော အတုအယောင်ရွေးကောက်ပွဲ လုပ်ဆောင်ရာမြို့လည်း ဖြစ်ပါတယ်။

လက်ရှိအ​ခြေအနေအရ ဂန့်ဂေါမြို့နဲ့ မြို့အနီးတစ်ဝိုက်က အောင်မြင်(ခေါ်) ရှောက်ပင်ရွာကိုသာ စစ်အုပ်စုက အပြည့်အဝ စိုးမိုးထားနိုင်တာဖြစ်ပြီး ရွေးကောက်ပွဲအတုလုပ်ဆောင်ဖို့ မကြာခဏဆိုသလို နယ်မြေရှင်း စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်တက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအတုမှာ မဲထည့်ဖို့အတွက်လည်း မဲလက်မှတ်တွေကို မယူမနေရသတ်မှတ်ထားပြီး မဲမပေးတာ၊ မဲလက်မှတ် မယူတာတွေအပေါ် ဖမ်းဆီးအရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ထားတယမလို့ ကိုမင်းဒဿက ပြောပါတယ်။

တော်လှန်ရေးတပ်များ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်နေသည့် ပုံရိပ်များ
0 Shares:
You May Also Like
Read More

ခလရ -၂၅၅ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ကို PDF စောင့်ရှောက်ထား

မကွေးတိုင်း၊ စလင်းမြို့နယ် ခလရ-၂၅၅ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ကို ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တိုင်းပြည်ကို (၈) ကြိမ်မြောက် အရေးပေါ်အခြေအနေ ကြေညာကာ ၆ လ သက်တမ်းတိုးဦးမည့် စစ်ကောင်စီ 

နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားတဲ့ကာလကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကြိမ်ကြိမ် ၆ လ တိုးမြှင့် သတ်မှတ်လာခဲ့မှုဟာ ဒီနေ့ ဇန်နဝါရီ ၃၁ ရက်မှာ ထပ်မံကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
Read More

တမူးမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ ကာကင်းစခန်း တိုက်ခိုက်ခံရပြီး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ကာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။
Read More

ကျောက်ကြီးနှင့် မူးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး၊ ဒရုန်းဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နှင့် မူးမြို့နယ်တို့အတွင်း အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူလူထုကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၄) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရဲစခန်းထဲမှာ ကျင်းပတဲ့ ရဲနဲ့ ပျူခေါင်းဆောင်ရဲ့သမီး မင်္ဂလာပွဲ ဗုံးကြဲခံရ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်မှုကြောင့် မင်္ဂလာပွဲကျင်းပနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေထိခိုက်သွားတယ်လို့ ကြောင်လက်သည်းအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ငလျင်အတွက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရင် စစ်ကောင်စီရဲ့ ခွင့်ပြုချက်လိုအပ်ဟု စိုးဝင်း ပြော

ငလျင်အတွက် ကယ်ဆယ်ရေးအဖွဲ့တွေအားလုံး စစ်ကောင်စီရဲ့ ခွင့်ပြုချက်ရမှာသာ လုပ်ဆောင်ရမယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။