မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်နဲ့ ရန်ကုန်-မန္တလေး အမှတ် (၁) လမ်းပိုင်းက အကြမ်းဖက် ကာကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက် သေဆုံးပြီး သေနတ် ၃ လက်နဲ့ ခဲယမ်းတွေသိမ်းဆည်း ရမိခဲ့တယ်လို့ သရက်ခရိုင်ကွပ်ကဲရေးရုံးက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်၊ ညနေပိုင်းကစလို့ ရန်ကုန်-မန္တလေး အမှတ် (၁) လမ်းပိုင်းနဲ့ ဆင်ပေါင်ဝဲမြို့နယ်အတွင်းက ဧကရာဇ်ကျေးရွာအရှေ့ထိပ် ကာကင်းဂိတ်စခန်း၊ နွယ်လိမ်လမ်းပေါက်ကာကင်းစခန်းနဲ့ ခြောက်ပေလမ်းပေါက် ဂိတ်ကင်းစခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေကို သရက်ခရိုင်စစ်ဌာန၊ အထူးလှုပ်ရှားတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်က စစ်သား ၈ ယောက် သေဆုံးကာ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိထားပြီး ၂ ယောက် ဒဏ်ရာပြင်းထန်တယ်လို့ သရက်ခရိုင်ကွပ်ကဲရေးရုံးက ဆိုပါတယ်။

(ဓာတ်ပုံ သရက်ခရိုင်အထူးစစ်ဌာန)

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဆီကနေ  MA-13  သေနတ် ၂ လက်အပါအဝင် G-3 သေနတ် ၁ လက်၊ ကျည်ဘောက်မျိုးစုံ ၁၉ ခု၊ ကျည်မျိုးစုံ ၁,၀၀၀ နီးပါးနဲ့ ကလလ ၁ လုံး၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

သရက်ခရိုင်စစ်ဌာနကတော့ ပြည်သူလူထုအနေနဲ့အကြမ်းဖက် စစ်တပ်နဲ့ အဝေးဆုံးကနေ သွားလာနေထိုင်ကြဖို့အသိပေး ပြောဆိုထားပါတယ်။

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကို ပြောပါတယ်။

(ဓာတ်ပုံ သရက်ခရိုင်အထူးစစ်ဌာန)
0 Shares:
You May Also Like
Read More

အရာတော်မှာ နယ်မြေစိုးမိုးရေး ကင်းလှည့်သည့် စစ်အုပ်စု ခြုံခိုတိုက်ခံရ၊ ၅ ဦးသေပြီး ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ နယ်မြေစိုးမိုးရေးအတွက် ကင်းလှည့်လာတဲ့ ပျူစောထီးနဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း အမှတ်-၁၉၊  ရောင်နီဦးတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လေ့ကေကော်မြို့သစ်အနီးက စွယ်တော်ကုန်းမှာ တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်တိုက်ဂိုထောင် မီးလောင်

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက လေ့ကေကော်မြို့သစ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အမြှောက်ကုန်း ခေါ် စွယ်တော်ကုန်းမှာ စက်တင်ဘာ ၃၀ ရက် ဒီနေ့မနက် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်ရဲ့ ခဲယမ်းဂိုထောင်မီးလောင်ခဲ့တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

လေးနှစ်တာအတွင်း  စစ်ကောင်စီက ဆေးရုံဆေးခန်း တိုက်ခိုက်ခံရမှု အကြိမ် ၁၅၀၀ အထိရှိခဲ့

စစ်အာဏာသိမ်း လေးနှစ်တာအတွင်း စစ်ကောင်စီက ဆေးရုံ၊ ဆေးခန်းတိုက်ခိုက်ခံရမှု အကြိမ် ၁၅၀၀ ကျော်ရှိခဲ့တယ်လို့  လူသားမျိုးနွယ် လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့ Insecurity Insight က ထုတ်ပြန်ပါတယ်။
Read More

KK Park မှ ထွက်ပြေးလာသူများကြောင့် မြဝတီမှ ဟိုတယ်များ လူပြည့်

ကရင်ပြည်နယ်၊ မြဝတီကို ရွှေကုက္ကိုလ်ကနေ ကျားဖြန့်လုပ်ကိုင်သူတွေ ထွက်ပြေးလာတာကြောင့် မြဝတီမြို့အတွင်းရှိ ဟိုတယ်အခန်းတွေ အကုန်လူပြည့်နေပြီလို့ မြို့ခံတွေထံက သိရပါတယ်။
Read More

ပြည်တွင်းမှာ စည်းလုံးမှုပြိုကွဲပါက နိုင်ငံပျောက်မှာစိုးလို့ ငြိမ်းချမ်ရေးဆွေးနွေးဖို့ စစ်ကောင်စီက ဖိတ်ခေါ်ရခြင်းလို့ဆို

နိုင်ငံတွင်းမှာ တစ်ဖက်နဲ့တစ်ဖက် စည်းလုံးမှုပြိုကွဲနေပါက တိုင်းပြည်ပျောက်ကွယ်သွားမှာ စိုးရိမ်လို့ အခုလို ငြိမ်းချမ်းရေးအရ ဆွေးနွေးဖို့ ဖိတ်ခေါ်ရခြင်း ဖြစ်ကြောင်း အာဏာသိမ်းစစ်တပ် ပြန်ကြားရေး ဇော်မင်းထွန်းကပြောပါတယ်။ ဇော်မင်းထွန်းက စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေကို စက်တင်ဘာ ၂၇ ရက်နေ့က ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ရခြင်း ရည်ရွယ်ချက်ကို  ထုတ်ဖော်ပြောဆိုလိုက်တာပါ။
Read More

မေတ္တာ-ထီးခီးနယ်စပ်လမ်းပိုင်းကို KTLA ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က မေတ္တာ-ထီးခီးနယ်စပ်လမ်းပိုင်းကို ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်လိုက်တယ်လို့ ကော်သူးလေတပ်မတော် (KTLA) က အသိပေးထုတ်ပြန်လိုက်ပါတယ်။