မန္တလေးတိုင်း မြင်းခြံမြို့နယ် ကျောက်ကုန်းပျူစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၂ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိသွားတယ်လို့ One More စစ်ကြောင်းတာဝန်ခံဆီက သိရပါတယ်။
ဒီနေ့ ဇန်နဝါရီ ၁၁ ရက် မနက်အစောပိုင်းက မြင်းခြံမြို့နယ် ကျောက်ကုန်းကျေးရွာအတွင်း အထိုင်ချ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲ ၁ နာရီကြာဖြစ်ပွားခဲ့ပြီး စစ်သားနဲ့ ပျူစောထီး ၂ ယောက် သေဆုံးပြီး ၅ ယောက်ထိခိုက် ဒဏ်ရာရရှိသွား တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် OneMore စစ်ကြောင်းနဲ့အတူ မြင်းခြံခရိုင်တပ်ရင်း ၁၊ မြင်းခြံခရိုင်တပ်ရင်း ၂၊ ထနောင်းမြေစစ်ကြောင်း၊ မိုရှည်ဒါးယမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ပတ္တာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
Video – ပေးပို့