တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ထဲ က ပျုစောထီးစခန်း တိုက်ခိုက်ခံရတဲ့ အတွက်သေဆုံးသူတွေ ရှိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းဆီက သိရပါတယ်။

ဇန်နဝါရီ ၉ ရက်နေ့ ည ၇နာရီလောက်က ညတောင်သုံးလုံးရွာမှာ တပ်စွဲထားတဲ့ ပျုစောထီးစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အခုလို စီးနင်းတိုက်ခိုက်ခဲ့တဲ့ အတွက်အပြန် အလှန်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပျုစောထီးတပ်သား တစ်ယောက်ထိမှန် သေဆုံးသွားကာ G3 ရိုင်ဖယ်တစ်လက်နဲ့ ဆက်စပ်ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

သိမ်းဆည်းရရှိခဲ့သော ခဲယမ်းများအား တွေ့ရစဥ်

“အပြန်အလှန်ပစ်ခတ်မှုက ၁၀ မိနစ်ဝန်းကျင်ပဲ ရှိပါတယ်။ တစ်ယောက်ကျတာနဲ့ ကျန်လူတွေ ထွက်ပြေးပါတယ်။ စခန်းကိုမီးရှို့ဖျက်စီးတာမျိုးမရှိပါဘူး၊ လက်ရှိနောက်ဆက်တွဲအခြေအနေကို မသိရပါဘူး” လို့  မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက မောင်းကို ပြောပါတယ်။

တိုက်ခိုက်မှုအပြီးမှာ တောင်သုံးလုံးရွာက ပျုစောထီးတပ်သားတွေက စခန်းကိုစွန့်ခွာ ထွက်ပြေးသွားတယ်လို့သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနဲ့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့ ပူးပေါင်းလုပ်ဆောင် ခဲ့ကြတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းဟာ ပုလောမြို့ အမှတ် (၁) အုပ်ချုပ်ရေးမှူး ဦးမိုးနိုင်ကို စစ်ဆေးမေးမြန်းရန် ဖမ်းဆီးခေါ်ဆောင်လာချိန်  ပြန်လည်ခုခံပြီး ထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့ပါ သေးတယ်။

0 Shares:
You May Also Like
Read More

ရွှေဘုံသာရွာ ပြည်သူ့စစ်စခန်းကို စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး ခုခံမှုတွေကြားက တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်အုပ်စုတွေ အခြေချတပ်စွဲထားတဲ့ ရွှေဘုံသာရွာကို ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ စစ်အုပ်စု၂ ယောက် မျက်မြင်သေဆုံးပြီး  ၄ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

သမိုင်းဝင် ခြံအမှတ် (၅၄) ကို စစ်ကောင်စီ သုံးကြိမ်တိုင် လေလံတင်ရောင်းချခဲ့သော်လည်း ဝယ်ယူမည့်သူ မရှိသေး

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက သမိုင်းဝင် ခြံအမှတ် (၅၄) နေအိမ်ကို တတိယအကြိမ် စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရားရုံးက လေလံတင်ရောင်းချခဲ့ပေမယ့် ဝယ်ယူမယ့်သူ မရှိခဲ့ဘူးလို့ သိရပါတယ်။
Read More

ကန့်ဘလူမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သားနဲ့ပျူ ၁၁ယောက်သေ၊ လက်နက်ခဲယမ်းတွေ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ တစ်နေကုန်ဖြစ်ပြီး စစ်အုပ်စုဘက်က စစ်သားနဲ့ပျူစောထီး ၁၁ယောက်သေဆုံးကာ အထိနာသွားခဲ့တယ်လို့ ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းကို ပြောပါတယ်။
Read More

ငလျင်အကြောင်းပြုကာ သူတို့ရဲ့ ယုတ်မာမှုတွေ ပေါ်ကုန်မှာစိုးတာကြောင့် နိုင်ငံတကာသတင်းသမားတွေကို ဝင်ခွင့်မပေးတဲ့ စစ်ကောင်စီ

နိုင်ငံတကာသတင်းဌာနတွေက သတင်းထောက်တွေကို ငလျင်ဘေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကာ သတင်းလာယူခွင့်မပြုဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြောခဲ့ပါတယ်။ 
Read More

MNDAA ဖမ်းဆီးထားသည့် အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်ကို အမြန်ဆုံးလွတ်ပေးရန် ရှမ်းနှင့် ကချင်အရပ်ဖက်အဖွဲ့အစည်း တောင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိးမြို့နယ် မိုင်းယော်တိုက်နယ်၊ လုံးမွန်းကျေးရွာက ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ ဖမ်းဆီးထား‌တဲ့ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်ကို အမြန်ဆုံးလွတ်ပေးဖို့ ရှမ်းနဲ့ ကချင်အရပ်ဖက် အဖွဲ့အစည်းတွေက ‌‌တောင်းဆိုထားပါတယ်။
Read More

လေးကေ့ကော်တိုက်ပွဲမှ စစ်မှုထမ်းတပ်သား ၃ ဦး လက်နက်နှင့်အတူ အလင်းဝင်၊ ရန်ကုန်ဗျူဟာစစ်​ကြောင်းထံ စစ်မှုထမ်း တပ်သား ၂ ဦး လက်နက်များဖြင့် အလင်းဝင်

ကရင်ပြည်နယ်၊ လေးကေ့ကော်တိုက်ပွဲအတွင်း စစ်မှုထမ်း တပ်သားသစ် ၃ ယောက်က လက်နက်တွေနဲ့အတူ ကော်ဘရာ စစ်ကြောင်းထံ အလင်းဝင်ရောက်ခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။